Tuesday, January 31, 2012

Hen - ဆီချက်ခေါက်ဆွဲ


ဆီချက်ခေါက်ဆွဲ
 



ကြက်သွန်နီ ငရုတ်ဆီ အချဉ်
 

  
ခေါက်ဆွဲဖတ်


ကြက်သွန်ဖြူ ဆီချက်
 


ကြက်သွန်မြိတ်
 


ကြက်ပေါက်စ လို့ ပြောရမလား၊ ကာလသားကြက် လို့ ပြောရမလား ။ 
Hen အသားကို ပေါင်းပီး နှုတ်နှုတ်စင်းထားသော ကြက်သားတုံးများ ....
 


မနှယ်မီ



တူ ၂ချောင်းဖြင့် နှယ်ပီး



oven ဖြင့် bake ချက်ထားသော Hen




ဆီချက်ခေါက်ဆွဲ နှယ်ပီး ကြက်ကင်နှင့် ဓာတ်ပုံ တွဲရိုက်မယ် ကြည့်လိုက်တော့ ကြက်ပေါင် ၂ ချောင်း နှင့် အတောင်ပံ မရှိတော့ပါဘူး။ 



** ချက်၊ စားနည်း **





ဈေးနှုန်း


အသားကဒ် တကဒ်မှာ ကြက်ပေါက်စ ၂ကောင်ပါတယ်။ 
၂ကောင်ကို ... အလေးချိန် ၄ ပေါင်လောက်ရှိပီး ဈေးနှုန်းက $ 15.35


ချက်နည်း အညွန်း


တကောင်ကို ....
ဆား - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း
သကြား - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း
 ပဲငံပြာရည် အကြည် - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း
ပဲငံပြာရည် အနောက် - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း နဲ့ နှယ်ပီး


ဓါးပြားရိုက် ကြက်သွန်ဖြူ - ၃ မွှာ၊ ဂျင်း လက်တဆစ်၊ နာနတ်ပွင့် ၂ ပွင့် 
Pressure cooker ဖြင့် ၃ မိနစ် ( သို့ ) ၅ မိနစ် လောက် အိုးပူတိုက်ပီးမှ 
ရေ တခွက်လောက် ထည့်ပီး မီးမြေးမြေး အနေအထားနဲ့ နာရီဝက်လောက် ချက်ထားလိုက်ပါတယ်။


ရလာတဲ့ ကြက်သားတွေကို အသားနွှင်ပီး ဓါးဖြင့် အသားတုံး သေးသေး စိတ်ထားပါ။



နောက်တကောင်ကို ... 
ဆား - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း
ငရုတ်ကောင်းမှုန့် - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း နှင့် နှယ်ပီး
ပျားရည် တကောင်လုံးကို သုပ်ပေးပါ ....
Rose marry အမှုန့် တကောင်လုံးကို ဖြူးပေးပါ ....
ထောပတ် ၂ အောင်စကို အရည်ဖျော်ပီး သုပ်ပေးပါ ...

( တည လောက် နှပ်ထားတာ ပိုစားကောင်းပါတယ်။ အခု ကြက်သားက ရေခဲသေတာ အောက်ထပ်မှာ ထားတာမို့ ခဲ နေတဲ့ အသား မဟုတ်ပေမယ့် ဆား နှင့် နှယ်ပီး တညလောက် မနှပ်ထားတာမို့ အသားထဲကို အရသာ ပိုဝင်အောင် ကြက် အကောင်ကို ခက်ရင်း နဲ့ ထိုးပီးမှ ဆား၊ ငရုတ်ကောင်းနှင့် အခြား ဟင်းခတ် အမွှေးအကြိုင်များ နှယ်ပေးထားပါတယ် ) 


ဒီတခါ oven pan ကို ဆေးရ သက်သာအောင် aluminum foil


အုပ်ပေးထားလိုက်တယ်။


oven ဖြင့် 350º F တနာရီခွဲလောက် ဟိုဘက် ဒီဘက် လှည့်ပေးပီး ကင်ထားပါ။



ပျားရည် ဖြင့် ကင်ထားသော ကြက်ကင်


ဒီတခါ ချက်စားသော wonton ကြက်ဥခေါက်ဆွဲ


ခေါက်ဆွဲ ချက်နည်း အညွန်းမှာ 8 secondsေ လာက်ပဲ ခေါက်ဆွဲပြုတ်ရုံပါပဲတဲ့။
ဒါပေမယ့် အိမ်မှာတော့ ၂ မိနစ်လောက်  ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြုတ်တယ် ...

 




Tissue ပေါ်မှာ ဂျုံမှုန့်ပါသော ခေါက်ဆွဲများကို လက်နဲ့ အသာလေး ဖွပီးမှ ရေနွေးပွက်ပွက်ဆူထဲကို ထည့်လိုက်ပါတယ်။
 


ဇကာနဲ့ စစ်ထားလိုက်ပါတယ်။
 


တစ်ယောက်စာ ခေါက်ဆွဲဖတ်



ကြက်သွန်ဖြူဆီချက် - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း
 


တစ်ယောက်စာ ခေါက်ဆွဲဖတ်၊ ပဲငံပြာရည် အကြည် နည်းနည်း၊ ပဲငံပြာရည် အနောက် နည်းနည်း၊ ဆီချက်၊ ဟင်းခတ်မှုန့်၊ ဆားအနည်းငယ်၊ ကြက်သွန်မြိတ် ၊ ကြက်သားတုံး အပါအ၀င် သုပ်ထားသော ဆီချက်ခေါက်ဆွဲ ...
 







** အရင်ပိုစ့် **





5 comments :

Aung Htut said...

အလည်လာသွားပါတယ် ခင်ဗျာ :P

Thet Nandar Family said...

Aung Htut ....

အိမ်လာလည်တာ ကျေးဇူးတင်ပါတယ် ရှင် ... :P

mstint said...

ဆီချက်ခေါက်ဆွဲလုပ်နည်းလေးကို အသေးစိတ်
တင်ပေးထားတာဖတ်သွားတယ် ကျေးဇူးပါနော်။
ကြက်ကိုအခုလိုသေသေချာချာပေါင်းတာမျိုး
အရင်မလုပ်ဖူးခဲ့ဘူး ဒီတစ်ခါစမ်းလုပ်ကြည့်မယ်
သက်နန္ဒာရေ။ တစ်ခြားချက်နည်းတွေပါဖတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သဉ္ဇာ - Thinzar said...

အောက်ဆုံးက ပန်းကန်လေး၂ချပ် ချစ်စရာကောင်းလိုက်တာ.. :)

Thet Nandar Family said...

အန်တီတင့် နှင့် သဉ္ဇာ - Thinzar ....

အိမ် လာလည်တာ ကျေးဇူးတင်ပါတယ်ရှင် ....

ရန်ကုန်က ဆီချက်ခေါက်ဆွဲမှာ အသားတုံး သေးသေးလေးတွေ နဲ့ စားတာမို့ ကြက်ကို ပေါင်းပီး အသားတုံး သေးသေးလေးတွေ လှီးထားတာပါ။

ပန်းကန်တွေက သမီး ရွှေးဝယ်ထားတာ ...
စတော်ဘယ်ရီပုံတွေ ခရမ်းချဉ်သီး ပုံ ပန်းကန်တွေ အများကြီး ရှိပါသေးတယ်။ အားလုံး ချစ်စရာလေးတွေ ...