Tuesday, January 24, 2012

Cod Fish Curry


Cod Fish Curry


ခရမ်းချဉ်သီးနဲ့ ချဉ်၊ ငံ၊ စပ် ချက်ထားသော ငါးဟင်း


Cod ငါးအသားလွှာ ... Cod Fish ကို ဂူဂယ်မှာသော်လည်းကောင်း၊ ၀ီကီမှာသော်လည်းကောင်း ပုံရှာရင် လွယ်ပါတယ်။ ကိုယ်တော့ ဘလော့ပေါ် တခြားနေရာက ပုံတွေ အတတ်နိုင်ဆုံး မတင်တော့ပါဘူး။ မတင် မဖြစ်မှပဲ တင်ပါတော့မယ်။ 
 


** ချက်၊ စားနည်း **



Cod ငါးအသားလွှာဈေးနှုန်း



အဲဒီ ငါးအသားလွှာက အသားနုတယ်။


ခရမ်းချဉ်သီးကို ကြိတ်စက်ဖြင့် ကြိတ်ထားလိုက်ပါတယ်။


ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ကြိတ်စက်ဖြင့် ကြိတ်ထားလိုက်ပါတယ်။


ငါးအသားလွှာကို တလက်မကျော် တုံးထားပါ။



ဆီကို ဆန်ချိန်ခွက် တခွက်လောက် ထည့်။ 
ဆီပူပီ ဆိုတာနဲ့ ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့် ဆီသတ်၊ တအောင့်ကြာမှ ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့်၊ ဆား ထည့်ပါ။ 
ကြိတ်ထားသော ခရမ်းချဉ်သီး အနှစ်ထည့်၊ ငံပြာရည် အချို - ၂ ဇွန်းလောက်ထည့်။
ငရုတ်သီးစိမ်းထည့်ပီး၊ အနှစ်ဖတ်များ လိပ်တက်လာပီ ဆိုမှ ငါးအသားလွှာတုံးများကို ထည့်ပီး ခပ်ဖွဖွလေး မွှေပါ။ ( ဒီငါးက နုတယ်။ ကြေသွားမှာ စိုးလို့ ) 
မီးမြေးမြေး အနေအထားနဲ့ ငါးကို ဆီပြန်နေအောင် တည်ပီး ဆီပြန်ပီဆိုတာနဲ့ နံနံပင် အုပ်လိုက်ရင် ရပါပီ။



ကော့ဒ် ငါးဟင်း ဆီပြန်

0 comments :