Friday, January 27, 2012

Chicken Soup


သမီးလေး ကြိုက်တဲ့ Chicken Soup


  
မှို၊ ကြက်သား စွပ်ပြုပ်ထဲမှ မုန်လာဥနီ
 


ကြက်သားစွပ်ပြုပ်အိုး


သမီးလေး အကြိုက် ပြောင်းဖူးများများ ထည့်ချက်ပေးထားသော ကြက်သား၊ မှို စွပ်ပြုပ် ပန်းကန်


ပေါင်မုန့်နှင့် တွဲဖက်စားပါတယ်။


ကြက်သား စွပ်ပြုပ်ထဲမှ မုန်လာဥနီ၊ ပြောင်းဖူး၊ ပဲစိမ်းလုံး၊ မှို


မှို

 

ပြောင်းဖူး



ရန်ကုန်၊ စီးတီးမတ်မှာ ရောင်းတဲ့ စွပ်ပြုပ်ကိုလည်း သတိရပါတယ်။ အဲဒီ စွပ်ပြုပ်က တခွက်ကို ၄၀၀ ကျပ်လား မသိဘူး။ နည်းနည်းမေ့သွားပီ၊ ပြောင်းဖူးတွေလည်း အများကြီးပါသလို၊ မှိုလည်း ပါတယ်။ နို့လည်း ထည့်ချက်ထားသလိုပါပဲ။ အဲဒီ စွပ်ပြုပ်နှင့် အတူ စီးတီးမတ်က စွပ်ပြုပ်အိုး ဘေးနားမှာ ထားတဲ့ ပေါင်မုန့်ကြွပ် အရှည် တချောင်းပါ ၀ယ်လာပီး စွပ်ပြုပ်ကို ပေါင်မုန့်နှင့် တို့စားပါတယ်။

အမေရိကားက Big Y Super Market မှာလည်း အဲလို စွပ်ပြုပ်အိုး တွေ့တယ်။ မ၀ယ်စားရသေးပါဘူး။ 


** ချက်၊ စားနည်း **



ကြက်ရင်ဘုံ ၈ တုံး
ဆား -လက်ဘက်ရည်ဇွန်း - ၃ ဇွန်း
ငရုတ်ကောင်းမှုန့် - လက်ဘက်ရည်ဇွန်း - ၃ ဇွန်း 
ကြက်သွန်ဖြူ - ၃ မွှာ
ရေ - 2 Qrt

.......
ဆီ - ထမင်းစားဇွန်း - ၂ ဇွန်း
ငရုတ်သီး အစိမ်းမှုန့် - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း
ခရမ်းချဉ်သီး - ၃ လုံး
နံနံပင် - အနည်းငယ်
မှို - ၂ ဗူး
ပြောင်းဖူး - ၁ ဗူး
မုန်လာဥနီ၊ ပဲစိမ်းလုံး - အနည်းငယ်
ငရုတ်ကောင်းမှုန့် - လက်ဘက်ရည်ဇွန်း - ၄ ဇွန်း


မှို စွပ်ပြုပ်ဗူး


ဒီ တံဆိပ်နှင့်လာသော ဗူးပါ


ချက်နည်း အညွှန်း .... ခေါက်ဆွဲနှင့် စွပ်ပြုပ်ကို တွဲစားပီး cheese ဖြူးစားတာထက် ....
အုန်းနို့ခေါက်ဆွဲပုံစံလိုမျိုး ... စားရရင် ကောင်းမလားလို့ ....


ချက်နည်း အညွှန်း


ပါဝင်ပစည်းများ


မှို စွပ်ပြုပ်


ကြက်ရင်ဘုံ ၈ တုံးကို တ၀က်စီ တုံးထားပါ။


ဆား - စားပွဲတင်ဇွန်း - ၃ ဇွန်း
ငရုတ်ကောင်းမှုန့် - စားပွဲတင်ဇွန်း - ၃ ဇွန်း 
ကြက်သွန်ဖြူ - ၃ မွှာ
ရေ - 2 Qrt


အရင်ဆုံး ... ကြက်သားကို ဆား၊ ငရုတ်ကောင်းမှုန့် နှင့် နှယ်ပီး Pressure cooker ထဲမှာ ရေဖြင့် တနာရီ အကြာ မီးမြေးမြေးဖြင့် ကြက်သား စွပ်ပြုပ် ချက်ထားလိုက်ပါတယ်။


Pressure cooker - lock ကျဖို့ အတွက် ... ကြက်သားစွပ်ပြုပ်အိုးအဖုံးပေါ်ကို ရေအေးဖြင့် ဘေစင်မှာ ဖွင့်ချလောင်းထားလိုက်ရင် Lock မြန်မြန်ကျပါတယ်။ 

ပုံမှန်ဆိုရင်တော့ Pressure cooker နဲ့ ချက်ရင် မီးပိတ်ပီး ၁၀ မိနစ် သာသာလောက်မှ Lock ကျပီး အဖုံး ဖွင့်လို့ရပါတယ်။


တနာရီလောက် အကြာ ကြက်သား စွပ်ပြုပ် ချက်ထားတာမို့ စွပ်ပြုပ် အရည်ကို ကြည်နေတာပါပဲ။

( ၀က်နံရိုး စွပ်ပြုပ်တို့ ကြက်သား စွပ်ပြုပ်တို့က ကြာ ကြာ ချက်လေ စွပ်ပြုပ် အရည် ကြည်လေ ပါပဲ ) 


မှို စွပ်ပြုပ် အိုး ချက်ဖို့ အတွက် ... ခရမ်းချဉ်သီး ၃ လုံးကို ကြိတ်စက်ဖြင့် ကြေနေအောင် ကြိတ်ထားပါ။ 

( စွပ်ပြုပ်မှာ ခရမ်းချဉ်သီး အရသာ ပါတာကို မကြိုက်တဲ့သူ ဆိုရင် ခရမ်းချဉ်သီးကို ထည့်မချက်ပါနှင့် ... ကိုယ့်ကတော့ ကျန်းမာရေး အရကော ... တခြား အကျိုးကျေးဇူး ... ခရမ်းချဉ်သီး ကြက်သား စွပ်ပြုပ်က အသားရည် လှ လို့ပါ .... ခရမ်းချဉ်သီး အနံပျောက်ဖို့ အဖုံးဖွင့် ... ခရမ်းချဉ်သီးဖတ်တွေ ကြေပီး ကျက်နေအောင် ချက်ရင် ရပါတယ်။ ပီးရင် နံနံပင် နှင့် ငရုတ်ကောင်းမှုန့် နိုင်နိုင်ဖြူးပီး ချက်လိုက်ရင် စွပ်ပြုပ်မှာ ခရမ်းချဉ်သီး ပါတာ ... မသိသာတော့ပါဘူး ) 


ချက်မယ့် အိုးထဲမှာ အရင်ဆုံး 
ဆီ - ထမင်းစားဇွန်းနှင့် ၂ ဇွန်း ကို မီးမြေးမြေး အနေအထားနှင့် အပူပေးပီးတာနဲ့
ငရုတ်သီး အစိမ်းမှုန့် - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း ဖြင့် ငရုတ်သီး ဆီချက်လိုက်ပါ။
ငရုတ်သီး ဆီချက်သတ်ပီးတာနဲ့ .... 
ကြိတ်ထားသော ခရမ်းချဉ်သီး ၃ လုံး အနှစ် များထည့် ... ဇွန်းဖြင့် အဆက်မပြတ်မွှေပေးပါ။
ရေ - 1/2 cup ထည့်ပီး ခရမ်းချဉ်သီးဖတ်များ နွမ်းတဲ့ အထိ ( High Heat ) မီးအားများများဖြင့်  မွှေပါ။ 
ပါးပါး ရိပ်ရိပ် လှီးဖြတ်ထားသော နံနံပင် အနည်းငယ် ထည့်ပါ။ 

** ( ခရမ်းချဉ်သီး မကြိုက်ရင် မထည့်ပါနှင့်၊ ခရမ်းချဉ်သီး မထည့်ရင် နံနံပင် မထည့်ပါနှင့် ) **

သံဗူးဖြင့် လာသော မှို - ၂ ဗူး ဖောက်ထည့်ပါ။
ငရုတ်ကောင်းမှုန့် - ၃ ဇွန်း ထည့်ပီး ... အဆက်မပြတ် မွှေပေးပါ။ 

( ဆားထည့်စရာ မလိုပါ။ သံဗူးနဲ့ လာတဲ့ မှို ဗူးက အရသာ ပါပီးသားမို့လို့ပါ )

စွပ်ပြုပ်အိုး ပွက်ပွက်ဆူလာရင် ...

ပဲစိမ်းလုံး၊ ပြောင်းဖူး၊ မုန်လာဥနီ ထည့်ပါ။ 

ကြက်သား စွပ်ပြုပ်အိုးထဲမှ ကြက်သားစွပ်ပြုပ် အရည် သပ်သပ်ကိုပဲ ထည့်ပီး အဆက်မပြတ်မွှေပါ။
လိုအပ်ရင် ငရုတ်ကောင်းမှုန့် - ၁ ဇွန်း ထည့်ပါ။




ပါးပါးလှီးထားသော နံနံပင်


ပြောင်းဖူး




ပေါင်မုန့်ကြမ်းနှင့် တွဲစားပါက စားလို့ကောင်းပါသည်။


** အရင်ပိုစ့် **




1 comments :

Kyaw said...

ဟာ....စားချင်စရာကြီး........