Saturday, January 7, 2012

ခရမ်းချဉ်သီးထောင်း




ခရမ်းချဉ်သီးထောင်း



တို့စရာ - ရုံပတေသီးပြုပ်


တို့စရာ - ရေနွေးဖျောထားသော ... ဂေါ်ဖီပြုပ်၊ ဆူးပုတ်ရွက်၊ ရုံပတေသီးပြုပ်


ခရမ်းချဉ်သီးထောင်း နှင့် တို့စရာ


ပုစွန် ဆီပြန်ဟင်း


** ချက်၊ စားနည်း **



ငပိ တစ်ဇွန်းစာလောက်ကို ကင်မယ့် ဗန်းပေါ်မှာ တင်ပီး oven နဲ့ မိနစ် အနည်းငယ်လောက် ကင်လိုက်ပါတယ်။



ငပိဖုတ်


Food processor ထဲမှာ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငပိဖုတ်၊



ခရမ်းချဉ်သီး မီးဖုတ်၊ ဆား ထည့်ပီး မွှေ


မွှေပီးသောအခါ ခရမ်းချဉ်သီး ငပိမွှေ လို့ ပြောရမလား၊ ခေါ်နေကျ ... ခရမ်းချဉ်သီး ငပိထောင်း 



ခရမ်းချဉ်သီးထောင်းထဲ ဆီစိမ်း နည်းနည်းထည့် ...


နံနံပင် ဖြူးထားသော ခရမ်းချဉ်သီးထောင်း၊ ( ချဉ်၊ ငံ၊ စပ်)


မီးမပါတဲ့ ရေနွေးပွက်ပွက်ဆူထဲ ရုံပတေသီးကို ထည့် အဖုံးအုပ်ပီး ရေနွေးဖျော လို့ပဲ ဖြစ်ဖြစ်၊ မီးဖိုပေါ်က ရေနွေး ပွက်ပွက်ဆူထဲ ၅ မိနစ်လောက် ထည့်ပြုပ်လို့လည်း ရတဲ့ တို့စရာ ရုံပတေသီးပြုပ်



ရေနွေးဖျောထားသော ဂေါ်ဖီပြုပ်၊ ဆူးပုတ်ရွက်





** အိမ် အသုံးအဆောင် ** 



ဒီတပတ် Stop and shop မှာ သန့်ရှင်းရေး ပစည်းတွေကို တစ်ခု တစ်ဒေါ်လာ နဲ့ ဈေးလျှော့ရောင်းလို့ ၀ယ်လာသော ကော်ဇောဆေးတဲ့ spray, ပန်းကန်ဆေး ဆပ်ပြာရည် နဲ့ 


အိမ်သာ ရေဆွဲအိုးမှာ ထည့်ဖို့ အပြာခဲ ... တခုကို $1 ဆိုတော့ မဆိုးဘူး။ တစ်ခဲကို တပတ်လောက်တော့ အသုံးခံတယ်။ ၃ခဲကို တစ်ဒေါ်လာ ဆိုတော့ သုံးပျော်တယ်။ အိမ်သာရေ ဆွဲချလိုက်ရင် ရေအပြာရောင်တွေ ကျလာတာမို့ သဘောကျတယ်။  



0 comments :