Monday, January 30, 2012

ရစ် ဟင်း


ရစ်ဌက်ဟင်း




ရစ်အသားများ နူးလာပီ ဆိုတာနဲ့ ပါးပါးလှီးထားသော parsley  + chive အုပ်ချက်ထားသော ....


ထောပတ် - ရစ် ဟင်း


Bacon


ရစ် ဟင်း


** ချက်၊ စားနည်း  ** 





Fowl - ရစ်ဌက် -  ဈေးနှုန်း




 ၂ကောင်ကို ... အလေးချိန် - ၄ပေါင်ကျော် သာ သာ = ဈေးနှုန်း $ 6.02
 


ရစ် တကောင်ပဲ ချက်ပါတယ်။ 
အသားတုံးများ ခုတ်ထစ်ထားပါ ။



ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်
ထောပတ်၊ ကရဝေးရွက်၊ ငရုတ်သီး အစိမ်းမှုန့်
ကြက်ပေါင်းရည်၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ 
ငရုတ်သီးစိမ်း၊ Parsley၊ Chive၊
Bacon
 

ရစ်ဌက် အသားတုံးတွေကို ဆား - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း
ငရုတ်ကောင်းမှုန့် - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း
သကြား - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း နဲ့ နှယ်ပီး နှပ်ထားပါ။
 


ကြက်သွန်ဖြူ - ၃ မွှာ
ကြက်သွန်နီ - တခြမ်း ကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။




ထောပတ် - ၂အောင်စကို




မီးမြေးမြေးဖြင့် အရည်ဖျော်ပီး
ကရဝေးရွက် တရွက်ထည့် ဆီသတ်၊
ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အစိမ်းမှုန့် - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း ထည့် ဆီသတ်၊
နှပ်ထားသော ရစ်ဌက်သားများကို ၃ မိနစ်ကြာ ထည့်မွှေပီးမှ -




Chicken Broth - 1 cup ထည့်ပါ။




Pressure cooker ဖြင့် မီးမြေးမြေး - နာရီဝက်လောက် ချက်ပါ။




အသားများ နူးပီဆိုတာနှင့် 




Bacon




oven ဖြင့် bacon အသားပြားများကို ၅ မိနစ်သာသာလောက် ... 350º F အပူပေးပါ။




Bacon




chives ( ကြက်သွန်မြိတ်လိုမျိုး )





ပါးပါးလှီးထားပါ။



Parsley ( နံနံပင်လိုမျိုး ) ပါးပါးလှီးပီး




ဆီပြန်နေသော ထောပတ် ရစ်သားဟင်းပေါ်သို့ bacon၊ ငရုတ်သီးစိမ်း၊ Parsley၊ chive များ အုပ်ပီး မီးအရှိန် မြေးမြေး ( နံပါတ် - ၂ ) ဖြင့် ၅ မိနစ် သာသာလောက် ဟင်းအိုး အဖုံးအုပ်ချက်ထားပါ။




ရစ်သားဟင်း 




သူ့အရသာက ကြက်သားနဲ့ ဆင်ပါတယ်။ ရိုးရိုးပုံမှန် မွေးမြူရေး ကြက်သားထက် အဆီနည်းတယ်။ 

ကလေးများက အသားနူးနူး ကြက်သားပဲ စားနေကြမို့ ပုံမှန် - ချက်မယ့် အိုးထဲကို ရစ်ဌက်သား မြုပ်ရုံလေး ...  ရေ - ၃ရေ လောက် ထည့်ပီး ရစ်ဌက် သားနူးအောင် ချက်လည်း ရတာပါပဲ။ 

ဒီနေ့ကတော့ ကြက်ပေါင်းရည် - ၁ ခွက်စာပဲ ထည့်ပီး Pressure cooker နဲ့ နာရီဝက်လောက် မီးမြေးမြေးနဲ့ ချက်ထားလိုက်ပါတယ်။ 
Pressure cooker နဲ့ ၁ နာရီလောက် ချက်မယ် ဆိုရင်တော့ ရစ်ဌက်သားရဲ့ အရိုးတွေပါ နူးမြေ့သွားပါလိမ့်မယ်။ 


** အရင်ပိုစ့် ** 




5 comments :

jasmine(တောင်ကြီး) said...

စားချင်စရာကောင်းလိုက်တာ

Anonymous said...

စားလို့တော်တော်ကောင်းမယ့်ပုံပဲအစ်မ
(စိတ်ကူးထဲ)စားရင်းနဲ့တောင်
ရစ်ချင်လာပြီး))

ချစ်ခင်လျှက်
မိစံ

Thet Nandar Family said...

Jasmine ( တောင်ကြီး ) ....

လာလည်တာ ကျေးဇူးနော် .....

Anonymous ( သမီးစံ ) .....

ကိုယ်လည်း ရစ်သား စားပီး ...
ဘီယာ မမူးပဲ ... ရစ်ချင်မလားလို့ စားကြည့်တာ ....
မရစ်နိုင်ဘူးဖြစ်နေတယ်ကွယ် lol:

beer မသောက်ရဲဘူး။ ခေါင်းမူးတဲ့ ဒဏ်ကော အနံကော မခံနိုင်လို့ :D

san htun said...

စားလို့ ကောင်းမဲ့ပုံဘဲ...

Thet Nandar Family said...

San Htun .....

ကောင်းပါတယ် ^O^