Saturday, January 21, 2012

ကျောင်းသွားချိန်


Snow များကျရင် ကလေး နှစ်ယောက်စလုံးက အရမ်းပျော်တယ်။ စနိုးနဲ့ ပစ်ပေါက်ရတာကိုလည်း သဘောကျတယ်။ နှစ်ယောက်စလုံးက အတိုင်အဖောက် ညီညီနဲ့ကို စနိုးပစ်တမ်း ကစားနေကြတာ။ လိုက်လည်း လိုက်တဲ့ မောင်နှမ နှစ်ယောက် ...


သမီးက စနိုးကောက်နေတုန်းရှိသေး သားသားက စနိုးနဲ့ ပစ်ဖို့ ချိန်ပီးနေပီ ...


 သမီးကလည်း ပြန်ပစ်ဖို့ အဆင့်သင့် ...


Snow Ball 
 

ရာသီဥတုက မိုးအုံ အုံ မှိုင်းမှိုင်းပြပြပါပဲ။ အေးတော့ အေးတယ်။ ဒါပေမယ့် လေမတိုက်ပဲ အေးတာဆိုတော့ သိပ်ပီး အခြေအနေ မဆိုးသေးဘူး။ လေလည်းတိုက် ... စနိုးလည်းကျ ... အနွေးထည် မပါရင်တော့ ခဲသွားမှာပဲ ။
 

စနိုး ထု - ၃ လက်မ သာသာမို့ အောက်တိုဘာ စနိုးမုန်တိုင်း အချိန်လောက်ကလောက် စနိုးကျတာ မများဘူး။
 

ရပ်ထားတဲ့ ကား ... ထွက်သွားတဲ့ နေရာ ကွက်လပ် နဲ့ ဘေးနားက စနိုးထုကို ယှဉ်ကြည့်လို့ရပါတယ်။


စနိုးတွေနဲ့ ဆော့ရလို အရမ်းကို စိတ်လှုပ်ရှားပီး ပျော်နေတဲ့ သားသား၊ ဘောင်းဘီက ၂ ထပ်၊ အကျီက အထဲမှာ ၂ ထပ်၊ အနွေးထည်က ၁ ထပ်၊ ဦးထုပ်က ၂ ထပ်၊ လက်အိတ်၊ ခြေအိတ်နဲ့ ဘိနပ်စီးထားလို့ မအေးပဲနဲ့ ကောင်းကောင်းဆော့နေ၊ ပျော်နေသော သားသား ...
 

ကျောင်းကား စောင့်နေရင်း အိမ်နီးချင်း သူငယ်ချင်းများနှင့်အတူ ဆော့နေသော သမီး နှင့် သား
 

စနိုးကွင်းပြင်ကျယ်လိုမျိုး ဖြစ်နေတာ။ လမ်းပေါ်မှာ မဟုတ်ပဲ၊ မြက်ခင်းပေါ်က စနိုးမို့ နင်းလိုက်တဲ့အခါ အိကျနေတာ တော်တော် နင်းလို့ ကောင်းတယ်။ ကလေးတွေက ပစ် ပစ် လှဲချပီး စနိုးမွှေ့ရာပေါ် အိပ်နေကျတာ။ သူတို့ အကျီက ရေစို အသား မဟုတ်လို့ တော်သေးတယ်။
 


စနိုးပေါ်မှာ ခြေရာထင်သွားသော ခြေရာလေးများ
 




အားရ ပါးရကို စနိုးတုံးကြီး သယ်လာနေသော သမီး
 

ကျောင်းကားလာပါပီ။
 

သောကြာနေ့ကျတော့ စနိုးကျတာ နည်းတယ်။ စနိုးဖွေးဖွေးလှုပ်သွားတာပဲ ရှိတယ်။ အများကြီး မဟုတ်ဘူး။




ကြောင်တကောင်ရဲ့ ဖိနပ်မပါ၊ အအေးဒဏ်ကို ခံနိုင်စွမ်းအား အပြည့်နဲ့ အစာရှာထွက်နေတာ။ 



အဲဒီကြောင်က လူလည်း ယှဉ်တယ်။ မကြောက်တတ်ဘူး။ သူက ရှဉ့်ပေါက်စ၊ ယုန်ပေါက်စ၊ ဌက်တို့ကိုလည်း ဖမ်းတတ်သလို အထုပ်နဲ့ ရောင်းတဲ့ ကြောင်စာပဲ စားတယ်။ ချက်ပီးသား အသားတုံး ကို မစားဖူး။ ထမင်းဆို ပီးရော ... ဘာတွေ လာကျွေးနေတာလည်း ခေါင်းမော့ပီး ပြန်မေးနေအုံးမယ့်  ကြောင် ...





**  အရင်ပိုစ့် **



    • 2012 


  
    • 2011


0 comments :