Wednesday, January 4, 2012

ဘဲကင်


ဘဲကင် 


အေရှန် ဆိုင်က ဘဲတစ်ကောင်ကို 17 $ နဲ့ ၀ယ် ပီး ကင်ထားသော ဘဲကင်
 

အိမ်က ကလေးတွေက ဘဲကင်ကို အိမ်မှာ ကင်တော့ ဘဲပေါင်းထက် ပိုကြိုက်နေတယ်။  ကိုယ့်ကလည်း ဘဲသား ၀ယ်လာရင် မျက်စိရှေ့မှာ ရှိနေတဲ့ Pressure cooker အသုံးပြုပီး ပေါင်းမယ်ဆိုတာချည်းပဲ။ ဘဲကို မကင်ဖြစ်ဘူးလေ။ 
 


Turkey ကျတော့ ပေါင်း မစားတော့ Turkey ဆို ကင်မယ် ဆိုတာချည်းပဲ။


ဘဲကင်ကို အေရှန်ဆိုင်မှာ အလွယ်တကူ ၀ယ်လို့ ရနေတာလည်း ပါတော့ ကိုယ့်ဘာသာ ကိုယ် အိမ်မှာ မကင်စားဖြစ်ပါဘူး။ တနေ့က ဘဲပေါင်းချက်ရင်း ဘဲပေါင်းကို ပျားရည်သုပ်ပီး ကင်ပေးတော့ ကလေးများက ကြိုက်တယ်။ ဘဲကင် စားချင်တယ်ဆိုတာနဲ့ ကင်ပေးထားသော ဘဲကင်။ 

ဘဲသားက ကင်လိုက်မှ ပိုစားကောင်းတယ်။ ကြက်ကင်၊ Turkey ကင်ထက် ဘဲသားကို ကင်လိုက်တဲ့ ဘဲကင် အရသာက ပိုစားကောင်းပါတယ်။ အသားလည်း များတယ်။ နဂို ဘဲရဲ့ အသားကိုက အရသာ ရှိတာ။ ဘဲအရေခွံကျတော့လည်း ကြက် ကင် အရေခွံ၊ Turkey ကင် အရေခွံထက် ပိုစားလို့ ကောင်းတယ်။ ဘဲအရေခွံကို ထပ်ကြွပ်ချင်သေးရင် ဘဲကို ကင်ပီးသွားရင် ဟင်းသုပ်တဲ့ စုတ်တံနဲ့ ကြက်ဥ အနှစ်ကို သုပ်ပေးပီး ကြွပ်နေအောင် ပြန်ကင်ရင် ဘဲ အရေခွံ ကြွပ်ကြွပ်လေးနဲ့ ပိုစားကောင်းတယ်။

အအီပြေအောင် စွန်တန် ချဉ်စပ် နဲ့ တွဲစားရင် ပိုလိုက်ဖက်တယ်။

** ချက်၊ စားနည်း **



ဘဲတကောင်လုံးကို အထဲက ကလီစာတွေ ထုပ်ပီး ရေဆေး၊ ပီးတာနဲ့ ဆား၊ ဟင်းခတ်မှုန့်၊ သကြား နဲ့ နှံစပ်အောင် နှယ်။


ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည် တို့နဲ့ နှယ်ပီး ရေခဲသေတာထဲ တညလောက် နှပ်ထားလိုက်ပါတယ်။


မနက်ကျမှ ဆီလေး ၂ ဇွန်းလောက် တကောင်လုံး သုပ်၊ ၀မ်းဗိုက်ထဲကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ဂျင်းထည့်ပီး .... oven မှာ 350 º F နဲ့ တနာရီ ခွဲ သာသာလောက် ဟိုဘက် ဒီဘက် လှည့်ပေးပီး ကင်ထားသော ဘဲကင် ( ၀မ်းဗိုက်ခြမ်း ) ....


ကင်ပီး ထွက်လာသော ဘဲကင် ( ကျောကုန်းဘက်ခြမ်း)
 


လှီး၊ စိတ်ပီးနောက်


ကင်လိုက်တော့ ထွက်လာသော ဘဲဆီများ 


** အရင်ပိုစ့် **

  1. ဘဲ အချိုချက်၊ တုန်ယန် ဟင်းရည်
  2. ဘဲပေါင်းဆီချက်၊ မှို ဘဲပေါင်း၊ စွန်တန် ဟင်းရည်
  3. ဘဲသားနီချက်၊ ငပိထောင်း၊ ( မုန့်ဆမ်း မုန့်ထုပ်၊ FB မှာ နှစ်သက်တာလေးတွေ share ထားတာရယ်)
  4. ဘဲပေါင်း၊ ဘဲကင် (ဘဲပေါင်းကို ပျားရည် သုပ်ပီး oven ဖြင့် ပြန်ကင်ထားသော ဘဲကင်)

 

8 comments :

Anonymous said...

thanks ama.

Thet Nandar Family said...

Anonymous :

You're welcome.

Anonymous said...

သြော်..မြင်သာမြင်
မကြင်ရတဲ့အဖြစ်ပါလားအစ်မရယ် :P
ရှလွတ်..ရှလွတ်..ဂလုး))

ချစ်ခင်စွာဖြင့်
မိစံ

Thet Nandar Family said...

သမီးစံ ....

He` .... He` ... He`

Shallot ... ကြက်သွန် .... ရှလွတ် ... ကြက်သွန် .... :P

အားရ ပါးရ ...သုံးဆောင်ပါ ....

KhinU Khine said...

Hi, i love surfing your blog. very nice and informative, esp. the cooking recipes.

Thet Nandar Family said...

Khin U Khine ....

I am very glad that you have found my blog.

KhinU Khine said...

Hi, i am glad that i found your blog. i live in long island, new york. thanks

Thet Nandar Family said...

Khin U Khine ......

Thank you ! you finally came to a blog where the webmaster knows that came from.

Anyway, thank you very much for the visit. Much appreciated.