Sunday, January 15, 2012

2012 - Birthday Cake

Angel's Birthday
2012
Connecticut, U.S.A


သားသားနဲ့ သမီး cake decoration ဆင်ထားသော သမီးလေး မွေးနေ့ ကိတ်မုန့်
 


ကိတ်မုန့် ဘေးနားမှာ ပါ ခရမ်လိုင်းလေးတွေ .. ခရမ် ပန်းပုံဖော်ထားသော သမီးလေး မွေးနေ့ ကိတ်မုန့်




ကိတ်မုန့်မှာ ဒီဇိုင်းဆင်တဲ့ Candy cake decorations 




Flower ပုံစံ ဖော်ထားသော ခရမ်ဒီဇိုင်း




ချောကလက်ရည်ဆမ်းထားသော ကိတ်မုန့်သားပေါ်မှာ candy cake decoration ဆင်ထားသော မွေးနေ့ကိတ်မုန့်




ကြယ်ပုံစံ မွေးနေ့ ဖယောင်းတိုင်များ - Candle Sticks



** ချက်၊ စားနည်း **



သမီးလေး မွေးနေ့ကိတ်မုန့်အတွက် သမီးက အိမ်မှာ ကိုယ့်ဘာသာကိုယ် မွေးနေ့ကိတ်မုန့်လုပ်ချင်တယ်ဆိုလို့ Stop and shop Supermarket ကနေ လိုအပ်တာလေးတွေ ၀ယ်ပေးထားလိုက်ပါတယ်။ ဒီ ချောကလက်ကိတ်မုန့် က Triple chocolate အရသာပါ။ ချောကလက် ကြိုက်သော အိမ်က သားသားနဲ့ သမီးအကြိုက်ပေါ့။



ဒီ Ready made cake မုန့်လုပ်တဲ့ ဗူး နှင့်အတူ ... ချောကလက်ရည်ဗူးပါ ထပ်ဝယ်လာတယ်။ 


ကိတ်မုန့်ဗူး အညွှန်းအတိုင်း အရင်ဦးဆုံး oven ကို 350º F preheat ... oven ကို မုန့်မဖုတ်ခင် oven ပူနေအောင် ကြိုဖွင့်ထားလိုက်ပါတယ်။ 


ကိတ်မုန့် ပါကင်ဗူးကို ဖွင့်လိုက်ရင် အထဲမှာ ၂ ထုပ်ပါတယ်။
အညိုရောင် အထုပ်က cake pounch
အဖြူရောင် အထုပ်က chocolate pounch


အညွှန်းအတိုင်း ကြက်ဥ ၃ လုံးကို အရင်မွှေထားလိုက်တယ်။


Vegetable oil - 1/3 cup ( ဆန်ချိန်ခွက် နဲ့ သုံးပုံ တစ်ပုံထည့်လိုက်ပါတယ်။ )
1 cup - water

( စကားမစပ် - အမေရိကန် ချက်နည်း အညွှန်းတွေက cup ကိုပဲ သုံးကြတာများတယ်။ ကိုယ်လည်း ကြိုက်တယ်။ အချိန်အတွယ်ကို cup နဲ့ ချိန်တွယ်ရတာကို သဘောကျတယ်။ ရှင်းနေတာတွေကို ပိုသဘောကျတယ်။ ရှုပ်နေတာတွေကို မကြိုက်ပါဘူး။ )


cake pounch ကိတ်မုန့်သားထဲ့ ပီး မွှေစက်နဲ့ သမီး တလှည့် ....


သားသား တလှည့်မွှေပါတယ်။ ( သားသားမွှေတော့ မာမီ ပါ မွှေစက် ကို တူတူ ကိုင်ထားပေးပါတယ်။ )

( ဘေစင်ထဲ ကြွေဇလုံထည့်ထားပီး မွှေစက် နဲ့ မွှေတာ ကလေး ၂ယောက်အတွက် safe side ယူထားတာပါ )


မွှေပီး ကိတ်မုန့်သား


chocolate pounch ချောကလက် မုန့် အနှစ်အတွက် ... အထုပ်မှာ ချောကလက်ခဲတွေတောင် ပါနေလို့ ကလေးများက သဘောကျနေတယ်။


ရေ 1/3 cup ထည့်ပီး ဇွန်းနဲ့ သမီးလေး  မွှေထားပါတယ်။


Bake Pan ကိုပဲ ၀ယ်လာခဲ့တယ်။ Aluminum oven foil က ခဏ ခဏ ပြန် ပြန်သုံးလို့ မကောင်းပါဘူး။ Aluminum oven foil ပိန်တဲ့ အခါ ပိန်သွားတတ်တာမို့ ... ကြာရှည်ခံမယ့် ဒီ pan ကို ၀ယ်လာခဲ့တယ်။

( စကားမစပ် - Smart living, Smart home, Smart family, etc .. အရမ်းသဘောကျပါတယ်။ 

ကိုယ့် သူငယ်ချင်းတွေ ... အမျိုးတွေရဲ့ Smart Home ကိုလည်း အရမ်းပဲ သဘောကျ ... အားကျမိပါတယ်။ 

စကားပြောတာ ဆိုတဲ့ နေရာမှာလည်း ပြောချင်သလို ပြောတဲ့ ပုံစံမျိုး ...  လက်လွတ်စပယ် မပြောတတ်ပဲ ... သူများကို respect ပေးပီး ကိုယ်ချင်းစာနာတတ်တဲ့ လေသံ အသုံးအနှုန်းနဲ့ ထိန်းထိန်း သိမ်းသိမ်း .... စကားပြောတတ် ... ဆိုတတ်တဲ့ အမျိုးတွေ ... သူငယ်ချင်းတွေရဲ့ Smart Living ကိုလည်း အရမ်းပဲ သဘောကျ ... အားကျမိပါတယ် ...

ရေးခဲ့ပီးတဲ့ ပိုစ့် တစ်ပုဒ်မှာ သူငယ်ချင်းက ကလေး မရှိပါဘူး။ အမြဲတန်း ကျော့ကျော့ မော့မော့လေး နဲ့ သပ်ရပ် သန့်ရှင်းပီး Smart ကျနေတာပါ။ သူတို့ ၀င်ငွေက တလကို အမေရိကန် ဒေါ်လာ တစ်သောင်းနီးပါးလောက် ရှိတယ်။ နှစ်တိုင်း နိုင်ငံခြားကို အပန်းဖြေ ခရီးထွက်တတ်ပီး ရောက်တဲ့  နိုင်ငံတိုင်းမှာ အဖြူ နဲ့ အမဲ အရောင်ပါတဲ့ အိမ်အလှဆင် ပစည်းတွေကို ၀ယ်ယူပီး အိမ်ကို အလှဆင်တတ်ပါတယ်။ သူငယ်ချင်းရဲ့ အိမ်က Amazing Smart Home ပါပဲ ....)

ဘယ်ဘက်လက်က ကြဲရင် ညာဘက်လက်က မမြင်အောင် ကုသိုလ်ယူ လှူတတ်ပေမယ့် သူတို့ လင်မယား လှူထားတာတွေလည်း အများကြီးပါပဲ။ 



ဒီ Pan က made in indonesia .....


မသုံးခင် စာ တခေါက်ဖတ်ကြည့်လိုက်တယ်။ Pan ကို ရေနွေးနွေးလေးနဲ့ အရင် ဆေးပီးမှ အသုံးပြုပါတယ်။


ကိတ်မုန့်သားများ လောင်းထည့်၊ ဓါးနဲ့ မုန့်မျက်နှာပြင် ညီအောင် ညှိပီး oven ကို အရင် ပူအောင် ကြိုဖွင့်ထားတဲ့ oven ထဲ မုန့်ဗန်းကို ထည့် ... 


အိမ်က Pan size က 13" x 9 " - 30 minute မုန့်ဖုတ်ထားပါတယ်။ ( ကိတ်မုန့်ဗူးပေါ်မှာ pan size အရွှယ်အစားပေါ် မူတည်ပီး မုန့်ဖုတ်ရမယ့် ကြာချိန်ကို ညွှန်ကြားပေးထားပါတယ် )

မုန့်ဖုတ်တဲ့ ဗန်းကို မုန့်ကျက်ပီဆိုတာနဲ့ ရေခဲသေတာထဲမှာ ၁၅ မိနစ်လောက် အအေးခံထားလိုက်တယ်။


made in usa က ထုပ်တဲ့ ချောကလက်ရည်ဗူး


အရင်ဦးဆုံး အညွှန်းအတိုင်း စည်း ပလပ်စတစ်ကို ခွာ ... ဗူး အဖုံး အထဲက ကာဗာ ပလပ်စတစ်ကိုပါ ခွာ -  microwave မှာ အဖုံးဖွင့် -  35 seconds အပူပေးလိုက်ပါတယ်။
ပီးရင် အဖုံးကို ပြန်ပိတ်ပီး 30 seconds လောက် shake လုပ်လိုက်တယ်။ 
နောက်တခါ microwave ထဲ 10 second လောက် ထပ်ပီး အပူပေးလိုက်ပါတယ်။

( စကားမစပ် ... ကိုယ့် microwave ထဲ ပလပ်စတစ် နဲ့ အပူမပေးပါဘူး။ ဖိုင်ဘာ ပန်းကန်လည်း အပူမပေးဘူး။ မိုက်ခရိုဝေ့ သီးသန့်သုံး ပန်းကန်များနှင့်သာ အပူပေးတတ်ပါတယ်။ ဒီ ချောကလက်ရည်ဗူးကတော့ ပန်းကန်ထဲ ညစ်ထည့်လို့လည်း မရပါ။ made in usa မို့လို့ရယ် ... ပလပ်စတစ်ကို အကြာကြီး အပူပေးတာ မဟုတ်တာမို့ ... အပူပေးကြည့်တာ ... သုံးရတာ တော်တော် အဆင်ပြေပါတယ် ... )



ချောကလက်ဗူးထဲက ချောကလက်ရည်ပါ ထပ်ဆမ်း အပီး 


Candy cake decoration ... ဒီ သကြားလုံးတွေကို စားလို့ရတယ်။  ... သမီးက သကြားခဲတွေကို Castle ပုံစံ လေးဘက်လေးတန် သကြားခဲ စိုက်ပီး Castle ဒီဇိုင်း လုပ်ချင်တာပါ။ ဒါပေမယ့် မုန့် တကတ်မှာ Castle က ၃ ခုပဲ ပါတော့ လေးမျက်နှာ မရလို့ ကိတ်မုန့်သားပေါ်မှာပဲ ကပ်ထားတဲ့ ပုံစံ decoration ဆင်ပီး Star လေးတွေကိုပဲ စိုက်ထားတဲ့ ပုံစံ ဒီဇိုင်း ဆင်ထားပါတယ်။ 



ချောကလက်ဆန်လေးတွေ ... Sprinkles -  Heart shape


Pink, red and white hearts sprinkles


ကလေးများ sprinkles နေရာ အနှံဖြူး အပီး







ခရမ်နဲ့ ကိတ်မုန့် ဒီဇိုင်းဆင်တဲ့ ဗူး ... tap ခေါင်း ၄ မျိုး ပါ ပါတယ်။ အပေါ်က drawing tip နဲ့ ဆိုရင် ကိတ်မုန့်ပေါ်မှာ Happy Birthday to Angel ဆိုပီး ရေးလို့ရပါတယ်။ 

နောက်တခု Ribbon Tip က ကိတ်မုန့် ဘေးသား မှာ လိုင်းလေးတွေ ဖော်လို့လည်း ရတယ်။ ကိတ်မုန့် မုန့်မျက်နှာမှာ ဘောင်လေးခတ်ပီး ဒီဇိုင်းဆင်လည်း လှတာပါပဲ။ ကိုယ့် စိတ်ကူး စိတ်သန်း အတိုင်း ကြိုက်နှစ်သက်သလို ကိတ်မုန့် အလှဆင်လို့ ရပါတယ်  ...

နောက်တခု Leaf Tip လည်း ကိတ်မုန့် မျက်နှာပြင်မှာ ဒီဇိုင်းဆင်လို့ ကောင်းပါတယ်။

Star Tip ကတော့ သမီး အကြိုက်ဆုံးပါ။ လွယ်လည်း လွယ်တယ်။ အိမ်မှာ ကလေး ၂ယောက်က ရေခဲမုန့်မှာ ဖြန်းတဲ့ Cream Wip ကို မြန်မာမှာကတည်းက စားနေကျမို့ ဗူးကို ဖွင့်တတ်၊ သုံးတတ်နေပါတယ်။ 

ဒီ ကိတ်မုန့် ခရမ် ဒီဇိုင်းကလည်း အဲဒီလိုမျိုးပဲ သုံးရတာပါ။ Wip သုံးသလိုမျိုးပဲ Tip ခေါင်းလေးကို လက်ညိုးလေးနဲ့ စောင်းပီး ခရမ်ညစ်လိုက်ရုံပါပဲ။ ခလေးတွေ သုံးရတာ အရမ်းလည်း လွယ်သလို အဆင်လည်း ပြေတယ်။ လိုသလောက်ကိုပဲ Tip ခေါင်းကို လက်ညိုးလေးနဲ့ ဖိ စောင်းပီး ... ကိတ်မုန့်ပေါ်မှာ ခရမ် ဒီဇိုင်း ဆင်ထားတာပါ။



cream သုပ်ပီးတော့ ရေခဲသေတာ အောက်ထပ်ထဲ နာရီဝက် တနာရီလောက် ထည့်ပီးမှ ကိတ်မုန့် လှီးပါတယ်။






** အရင်ပိုစ့် ** ....







0 comments :