Wednesday, January 25, 2012

Baked Cornish Hens


ထမင်းနှင့် ကြက်ကင်၊ Broccoli ကြော်


Baked Cornish Hen

   
 
ပျားရည်နဲ့ ကင်ထားတာမို့ ချိုတယ်။ 



အသားကတော့ ရိုးရိုး ကြက်သားကင် အရသာထက် စာရင်တော့ အသားပွပွကြီး ။ အရသာ ပေါ့ပေါ့ရွတ်ရွတ်ကြီးတော့ မဟုတ်ဘူး။


ခရုဆီနဲ့ ကြော်ထားသော Broccoli ကြော် 


စိမ်းစိမ်းလေး ကြော်ထားသော Broccoli ကြော်


ပူပူလေး

** ချက်၊ စားနည်း ** 




Cornish Hen


Cooking instructions

Hen တကောင်ကို ...
ဆား - လက်ဘက်ရည်ဇွန်း - ၃ ဇွန်း၊
ငရုတ်ကောင်းမှုန့် - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း၊
သကြား - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း၊ 
ပဲငံပြာရည် အနောက် - လက်ဘက်ရည်ဇွန်း -  ၂ ဇွန်း၊
ပဲငံပြာရည် အကြည် - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း၊
ရှာလကာရည် - လက်ဘက်ရည်ဇွန်း - ၂ ဇွန်း၊
ပျားရည် - လက်ဘက်ရည်ဇွန်း ၃ ဇွန်း၊




နှယ်ပီး ရေခဲသေတာထဲမှာ တညလောက် နှပ်ထားပါ။




ရေခဲသေတာ အောက်ထပ်ထဲမှာ တညလောက် နှပ်ထားသော Hen များကို 




မနက်ကျမှ Hen တကောင်ကို ၀မ်းဗိုက်ထဲ ...
ကြက်သွန်နီ တစိတ်၊
ကြက်သွန်ဖြူ ၂ မွှာ၊
ကြက်သွန်မြိတ် - ၂ ပင် ထည့်ပီး 
ဂျင်း - နည်းနည်း ...
 vegetable oil - ၃ ဇွန်းလောက် စမ်းပီး




oven ထဲမှာ ကင်မယ့် ဗန်းပေါ် တင်ပီး 
အောက်နားမှာ ... ကျလာမယ့် အဆီ ကို   oven pan ဖြင့် ခံထားပါ။
350º F နဲ့ တဖက်ကို မိနစ် ၄၀ စီ နီရောင်သန်းတဲ့ အထိ ကင်ပေးပါ။




Hen မှ ထွက်လာသော အဆီများ ... ပဲငံပြာရည် နှင့် ပျားရည်၊ oil အနည်းငယ် ပဲ ပါဝင်ပါတယ်။
ရိုးရိုးပုံမှန် ကြက်သား၊ Turkey၊ ဘဲကင်တို့ထက် အဆီပါဝင်မှု နှုန်း နည်းပါတယ်။




ဒီ ကြက်သားက ရိုးရိုး ပုံမှန် ကြက်သားထက် အဆီနည်းတာမို့ လူကြိုက်များကြပါတယ်။ 




အဆီနည်းပီး အသားကျစ်တာမို့ ရိုးရိုး အကောင်ကြီး ကြက်သားထက် စာရင် အရသာလည်း ပိုရှိတယ်။




ဆီ အနည်းငယ်ထည့်ပီး အပူပေး။ 
ကြက်သွန်ဖြူ ဓါးပြားရိုက် နှင့် ဂျင်း ဓါးပြားရိုက်ကို ထည့်ပီး ဆီသတ် ... ပီးတာနဲ့ 
စိတ်ထားတဲ့ ဘရော့ကယ်လီ ၂ ဖူးကိုထည့်။
ဆန်ချိန်ခွက်နဲ့ ရေ တခွက်စာ၊ ခရုဆီ ၂ ဇွန်း၊ ဆား - ၂ ဇွန်း ဖျော်ထားတာ လောင်းထည့်ပီး .. မွှေ၊
အဖုံးကို ၃ မိနစ်လောက် အုပ်ပီး ချက်လိုက်ရင် စိမ်းစိမ်းစိုစို နဲ့ စားချင်စဖွယ် ဘရော့ကယ်လီကြော်ကို ရရှိပါပီ။


** အရင်ပိုစ့် ** 


0 comments :