Friday, January 20, 2012

2012 - ကြက်ဆီထမင်း


ကြက်ဆီထမင်း နှင့် ကြက်ကင်


  
အနီရောင်သန်းတဲ့ အထိ ကင်ထားသော ကြက်ကင်
 

ကြက်ဆီထမင်း


သရဖူ ပုံစံခွက်


ကြက်ဆီထမင်း၊ ကြက်ကင် နှင့်  ဂျင်းနု



ကြက်ကင် 

  
** ချက်၊ စားနည်း **



အရေခွံများကို ခွါပလိုက်ပီးတော့ အသားသပ်သပ်၊ အရေခွံသပ်သပ်မှာ ဆား ၊ သကြား ၊ ပဲငံပြာရည် အကြည် နဲ့ နှယ်ပေးထားလိုက်ပါတယ်။

ကြက်သား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်းမှုန့် ထည့်၊ ရေကို ဟင်းရည်သောက် ပန်းကန်လုံးနဲ့ ၄ လုံးလောက် ထည့်ပီး .... Pressure cooker နဲ့ မီးမြေးမြေး အနေအထား - မိနစ် ( ၂၀ ) ... ချက်ပါတယ်။


ကြက်သားများကို ကင်မယ့် oven foil ထဲ ထည့်ပီး oven မှာ 350º F နဲ့ နီရောင်သန်းတဲ့ အထိ ကင်ပေးပါတယ်။



ကြက်ကင်


ဆီကို ထမင်းစားဇွန်း ၄ ဇွန်းလောက် ထည့်ပီး မီးအပူပေး။ ဆီကျက်ပီ ဆိုတာနဲ့ ကြက်အရေခွံများကို ကြော်ပီး အရေခွံကြော်များကို ဆယ်ထားလိုက်တယ်။ 
ချက်မယ့် ဆန်ချိန်ခွက် နဲ့ ၇ ခွက်ကို အရင်ဆုံး ဆန်လှော်လိုက်ပီး ...


တအောင့် အကြာမှာ ကြက်အရေခွံ ကြော်ထားတဲ့ ဆီချည်း သပ်သပ်ကို လောင်းထည့်ပီး မီးမြေးမြေး အနေအထားနဲ့ ချက်ထားလိုက်တယ်။ 



ဆား - ၂ ဇွန်း၊ သကြား - ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် - ၂ ဇွန်း ထည့်နှယ်ပီးမှ 


Pressure cooker နဲ့ ချက်ထားသော ကြက်ပေါင်းရည်များကို အရည်ချည်း သပ်သပ် ယူပီး ထမင်းကို ပုံမှန် ချက်နေကျ ရေပမာဏ ထက် နည်းနည်းလေးပဲ လျှော့ပီး ... Pressure cooker နဲ့ မီးမြေးမြေး အနေအထား ပဲ မီးအပူပေးပီး ချက်လိုက်ပါတယ်။ ထမင်းကျက်ခါနီး ... Pressure cooker အသံ မြည်လာပီ ဆိုတာနဲ့ မီးကို ထပ်လျှော့လိုက်တယ်။



Pressure cooker နဲ့ ချက်ထားသော ကြက်ဆီထမင်း


ကြက်ဆီထမင်း 

  
Jasmine rice နဲ့ ချက်ထားသော ကြက်ဆီထမင်း


ကြက်ဆီထမင်း နှင့် ကြက်ကင်




ဂျင်းနု


ဈေးနှုန်း


** အရင်ပိုစ့် ** 


>>> June, 2011 - ချက်စားသော - ကြက်ဆီထမင်း
>>> May, 2011 - ချက်စားသော - ကြက်ဆီထမင်း နှင့် ဂျုးမြစ်ပဲပုပ်ကင်
>>> 2010 - မြန်မာမှာ ချက်စားသော - ကြက်ဆီထမင်း နှင့် ပဲပုပ်ချက်

>>> ကုံးထက် - ကြက်ဆီထမင်း ( ၀က်ချိုနှပ်၊ ငါးအသားနွှင်ကြော်၊ ချဉ်ပေါင်ဟင်း )
>>> နန်းထိုက် - ကြက်ဆီထမင်း ( ဆိတ်စွပ်နံပြား၊ ပဲပြုပ် နံပြား၊ မြေအိုးမြီးရှည်၊ စွန်တန်၊ apple pan cake၊ ပုစွန်ဆီပြန်၊ ကျံမဆိုင်ဟင်းချို၊ ဂေါ်ဖီကြော် )  



 

0 comments :

☺ Welcome!

သီရိရတနာ မိသားစု အိမ်ကို လာလည်တာ ကြိုဆိုပါတယ်။

ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....


☺ Enjoy your visit !

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.