Sunday, January 15, 2012

2010 - သမီးလေး မွေးနေ့

Angel's Birthday 
2010 
Yangon, Myanmar

ဖေဖေကို သားအမိ ၂ယောက် ထမင်းခူးကျွေးပေးနေတုန်း သားသားက ကင်မရာနဲ့ ဓာတ်ပုံ အမှတ်တမဲ့ ရိုက်ထားတာ။ မာမီအတွက် အမှတ်တရပါပဲ။ ဖေဖေက အဲဒီ အချိန်တုန်းက မနက်ဖက် လမ်းထလျှောက်ရင်းနဲ့ မတော်တဆဖြစ်သွားတာ။ အခုတော့ ခြေထောက်ပြန်ကောင်းသွားလို့ မနက်တကြိမ် ညနေ တကြိမ် လမ်းကောင်းကောင်း ပြန်လျှောက်နေပါပီ။

ဖေဖေ ကျန်းမာပါစေ ... ဖေဖေ ပျော်ရွှင်ပါစေ .... အဝေးကို ရောက်သွားမှ ဖေဖေကို ပိုပီး အားကိုးမှန်း ... ဖေဖေနဲ့ အတူ နေချင်မှန်း ... ဖေဖေကို ပြုစု စောင့်ရှောက်ချင်စိတ် ပိုပီး ဖြစ်ပေါ်မိတယ် ဖေဖေ ...

ဖေဖေ နဲ့ ဒီလထဲ ဖုန်းပြောတုန်းက ... ဖေဖေ ပိန်သွားလို့ စိတ်ပူပီး ပြောမိတာကို ... ဖေဖေကို စိတ်မပူနဲ့ သမီးတို့သာ ကျန်းမာအောင်နေ ... အမေရိကားမှာ ဆွေမရှိ မျိုးမရှိနဲ့ မိသားစု ၄ယောက်တည်း နေ နေရတာ။ ရန်ကုန်မှာက တခုခု ဆို ဆွေမျိုးတွေဆီကို ဖုန်းဆက်ခေါ်လိုက်ရုံပဲတဲ့ ...



2010 - Angel's Birthday Cake



Happy Birthday Candle


မွေးနေ့ကိတ် နှင့် သမီးလေး





ဖယောင်းတိုင် ထွန်းထားသော မွေးနေ့ကိတ်မုန့်


Happy Birthday Angel !



မွေးနေ့ သီချင်းဆို။ ဖယောင်းတိုင်မီးငြိမ်းပီး ကိတ်မုန့် ပေါ်က ဖယောင်းတိုင်များ ယူနေသော သမီး




ကိတ်မုန့်ကို ကိုယ်တိုင် ခွဲနေတာ


ကိတ်မုန့်ပေါ်က ကြောင်ပုံစံကို ပုံမပျက်အောင် ဂရုတစိုက် ကိတ်မုန့် ခွဲနေသော သမီး


မွေးနေ့ကိတ်မုန့်ကို မွေးနေ့ရှင်ကိုယ်တိုင် စိတ်အပီး


ကြောင်ပုံပါသော ကိတ်မုန့် တစိတ်






သမီးလေးရဲ့ Hamster လေးတွေ ...


လှောင်အိမ် ၂ ခုကို ပိုက်လိုင်းတွေ နဲ့ ဆက်ပေးထားတယ်။ သူတို့ ကျယ်ကျယ်ဝန်းဝန်း နေလို့ ရအောင် လုပ်ပေးထားတယ်။


ဒီဘက်အိမ်က ၃ ထပ်၊ အဖြူရောင် အိမ်က တထပ်ခွဲ ... အထဲမှာ Bed shet ခင်းပေးထားတာမို့ သန့်တယ်။ ရေချိုး ဆပ်ပြာမှုန့်ကိုလည်း ရေချိုးတဲ့ အခန်းမှာ ထည့်ပေးထားတာမို့ အနံအသက်လည်း မရှိဘူး။ လှောင်အိမ်မှာ ချိတ်ထားတဲ့ ဗူးက ရေဗူး ... အားဆေး နဲ့ ဖျော်ထားတာ။ ရေဗူးထဲက ရေကို Hamster သောက်လိုက်ရင် ထိပ်နားက အလုံးလေးက အနောက်ကို ရောက်သွားပီး ရေ တစက် တစက် ကျလာတယ်။ မသောက်တော့ဘူးဆိုရင် အဲဒီ ရေဗူး ပိုက်ထိပ်မှာ ဘောလုံးလေးက ပြန်ပိတ်သွားတာမို့ ရေ ဆက်မကျတော့ဘူး။



ဒီဘက်လှောင်အိမ်က အပေါ်ဆုံးထပ်မှာ အညိုရောင် အကောင်လေး။ အဖြူရောင် လှောင်အိမ်က ထပ်ခိုးကို တက်ရင်ံHamster တွေက လှေကားနဲ့ တက်တဲ့ အခါတက်။ ပိုက်လိုင်းကနေ လာချင် လာ။ တော်တော်ဆော့တယ်။ အောက်ထပ်မှာ Hamster Wheel ထားပေးတာမို့ ညဆို အဲဒီထဲမှာ ပြေးရင်းနဲ့ လေ့ကျင့်ခန်း လုပ်နေတတ်တယ်။


လှေကား၊ အောက်ထပ်က ပန်းရောင်က Hamster wheel ... အပေါ်ထပ်က ရေခဲမုန့် ပုံစံ Hamster အစာ











မွေးနေ့လက်ဆောင်လေးတွေ ...


အချိန်တွေက အရမ်းပဲ မြန်တယ်.. ကိုယ့်စိတ်ထဲမှာ Y2K က မနေ့တနေ့ကလိုပါပဲ။ ၁၂ နှစ်အတွင်းမှာ ကိုယ့်တို့ မိသားစုလည်း အပြောင်းအလဲ အမျိုးမျိုးကို နှစ်တိုင်း ကြုံနေရတယ်။ တချို့ အပြောင်းအလဲက ခံနိုင်ရည် ရှိပေမယ့် ... တချို့ အပြောင်းအလဲ ဒဏ်ကိုတော့ ခံနိုင်ရည် မရှိတာ အမှန်ပါပဲ။


0 comments :