Sunday, January 15, 2012

2010 - လှော်ကား

Angel's Birthday 
2010 
Yangon, Myanmar 


2010 - လှော်ကားမှ သမင်လေးများ

သမီးမွေးနေ့ လှော်ကားကို သွားလည်ကြတဲ့ အမှတ်တရ နေ့ရက်များ ...
 


သဘာဝ အတိုင်း လွှတ်ပေးထားတယ်။
 


တိရစာန်ရုံလို လှောင်အိမ်နဲ့ ထားတာမျိုး မဟုတ်ပဲ သဘာဝ အတိုင်း သမင်တွေကို လွှတ်ပေးထားတယ်။
 

အဲဒီ လှော်ကားမှာ ရောင်းတဲ့ ...  ဘေးနားက မုန့်သည်ဆီက မုန့်ကို ၀ယ်ပီး သမီးလေး အစာကျွေးနေတာ ...
 

သားသားက မကြောက်ဘူး။ သမင်တွေကို ရှေ့နား တိုးတိုးကပ်ပီး ကြည့်နေလို့ လှမ်းဆွဲထားရတယ်။


သမင်တွေရဲ့ လုပ်ရှုားနေတဲ့ ပုံစံ ကို မျက်တောင် မခတ်ကြည့်နေသော သားသား


ကာတွန်းကားတွေမှာတော့ သမင်ကို မြင်ဖူးလို့ သားသားက သိပါတယ်။ ဒီလိုမျိုး အပြင်မှာ နီးနီးကပ်ကပ် လှုပ်လှုပ်ရှားရှား မြင်ရတော့ မျက်တောင်ခတ်ဖို့တောင် မေ့နေပီး သေချာ စိုက်ကြည့်နေတာ ....




သားသား
 


သမီးက အနားကို လာတဲ့ သမင်တွေကိုပဲ ကျွေးရတာ အားမရလို့ အဝေးကနေ လှမ်းမျှော် ကြည့်ပီး အနားမလာရဲလို့ အစာ မစားရတဲ့ သမင်တွေကို အနား တိုးကပ်ပီး သွားကျွေးနေတာ။


အနားမှာလာပီး ကျွေးသမျှကို စားနေတဲ့ သမင်တွေကိုကော ... အဝေးကနေ ကြောက်လို့ မလာရဲတဲ့ သမင်အားလုံးကိုပါ သမီး အစာ ကျွေးနေတဲ့ အမှတ်တရ နေ့ရက် အချိန်လေးများ ...



သဘာဝ လှော်ကား ဥယျာဉ်


မျောက်တွေလည်း အများကြီးပဲ ...


ကားနားကို တိုးလာရဲတဲ့ မျောက်က ပိုပီး အစာဝတယ်။ ကားပေါ်က ပစ်ချသမျှကို စားလည်း စား ... အလုမခံရအောင် ပြိုင်ဘက်ကိုလည်း အကဲခတ်နေတဲ့ မျောက် ...


အကောင်လည်း ကြီး ... အသက်လည်း ကြီးတယ်။ နောက်နားက မျောက်တွေက ငေးကြည့်နေရုံလေး ...


ကားရှေ့ခန်းကနေ သမီး ပစ်ချပေးသမျှ မုန့်တွေကို တခြား အကောင်တွေ လာမယူရဲအောင် မျက်စောင်း တချက်ထိုးပီး ဟန့်နေသော မျောက် ....







တခြား လာလည်တဲ့ မိသားစုတွေ ....



အနောက်နား ခပ်ဝေး ဝေး မုန့်ကို ပစ်ပေးရင် အနောက်နားက အကောင်တွေပါ စားရလို့ အားကုန် ပစ်ကျွေးလိုက်သော မုန့်ကို လိုက်ကောက်နေသော မျောက်အုပ်စု ...


ကားရှေ့ခန်းကနေ သမီးက မုန့်တွေကို ပစ်ချကျွေးနေတာမို့ ကား နောက်ခန်းကနေ မာမီက အမှတ်တရ ဓာတ်ပုံ ရိုက်ထားတာပါ။



လှော်ကား ဥယျာဉ်က ရေမြင်း



အားရ ပါးရကို ကန်စွန်းရွက် စားနေကြတာ ...



0 comments :