" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Friday, September 30, 2011

ဘဲပေါင်း ဆီချက်၊ စွန်ထန်ဟင်းရည်


ဘဲသား ဆီချက်ခေါက်ဆွဲ နှင့် စွန်ထန်ဟင်းရည် 
 


ဘဲ တကောင်ကို ရေသေချာဆေးပီး
 


ဆား - ၂ ၊ ဟင်းခတ်မှုန့် - ၁ ၊ သကြား - ၂၊ ပဲငံပြာရည် အကြည် - ၂ ၊ ပဲငံပြာရည် အနောက် - ၂၊ ရှာလကာရည် - ၂ တို့ နှင့် နှယ်ပေးထားလိုက်ပါတယ်။



အိမ်မှာ ပဲငပိလေး ရှိနေတာနဲ့ ပဲငပိ - ၂ ဇွန်း ပါ ထည့်နှယ်ပေးလိုက်ပါတယ်။
 

ခဏလေး နှပ်ထားတုန်းမှာ
 

ကြက်သွန်ဖြူ ဓါးပြားထု၊ ဂျင်း ဓါးပြားထု နှင့် ကြက်သွန်နီ ၄ စိတ်ခြမ်း၊ နာနတ်ပွင့်တို့နှင့်ပါ ထပ်နှယ်ပေးပီး 

Pressure cooker ထဲမှာ အရင်ဆုံး ဘဲသားများကို အိုးပူတိုက်ပီးမှ အဖုံးအုပ်ပီး ပေါင်းလိုက်ပါတယ်။

ရေ နှင့် ဆီတော့ မထည့်တော့ပါဘူး။ ဘဲ ကနေ ရေ များ ၊ ဆီများ ထွက်တာမို့ သူ့ ဆီ သူ့ ရေ နဲ့ပဲ ၁၅ မိနစ်လောက် မီးမြေးမြေး နဲ့ပဲ  ပေါင်းထားလိုက်ပါတယ်။


၁၅မိနစ်ပြည့်မှ မီးခလုတ်ပိတ်လိုက်ပီး အိုးကို ဒီအတိုင်းပဲ ခဏ အအေးခံပီးမှ .....


ရေဆေးထားသော မှိုများကို ထည့်ပါတယ်။

ဘဲသား နှင့် အလိုက်ဖက်ဆုံးက ကြွက်နားရွက်မှိုပါ။ အိမ်မှာ ကြွက်နားရွက် မှို မရှိလို့ ရှိသည့် မှိုကိုပဲ ထည့်ချက်လိုက်ပါတယ်။ 
ဒီမှာ ကြွက်နားရွက် မှိုခြောက်များ ၀ယ်လို့ ရတယ်။ တထုပ်ကို ၅ ကျပ်ကနေ ၇ ကျပ်လောက် အစားစားပါပဲ။
မှို နှင့် ငရုတ်သီးစိမ်း ထည့်ပီး ၅ မိနစ်လောက် ပေါင်း လိုက်ပါတယ်။
အိမ်က မှိုက နုတော့ ၅ မိနစ်၊ မှိုခြောက်ဆိုရင်တော့ ၁၀ မိနစ်လောက်။
၅ မိနစ်ကျော် အကြာမှာ မီးခလုတ်ပိတ်လိုက်ပီး ဒီအတိုင်းပဲ ထား ထားလိုက်တယ်။


အိမ်မှာ ကျန်နေသေးသော စွန်ထန်ခြောက်များ


မြန်မာမှာ ဒီလို မျိုး နှစ်ခွေမှ 120 ကျပ်ပါ။


စွန်ထန် ဟင်းရည်ကို ချဉ်၊ ငံ၊ စပ် အအီပြေ သောက်မှာမို့ စွန်ထန် တစ်ခု၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့် တို့ နှင့် စွန်ထန် အချဉ်ရည်ကျ တဲ့ အထိ၊ ကြက်သွန်နီဖတ်များ နူးအိတဲ့ အထိ ချက်ထားသော စွန်ထန် ဟင်းရည်ပါ။
 


ဘဲပေါင်း မှ ဘဲမြစ် နှင့် ဘဲနှလုံး၊ မှို
 

ဘဲပေါင်း ၏ ပေါင်းသား


ဘဲခေါင်း 

မီးဖွင့်ပီးတည်တာ မိနစ် ၂၀ ကျော် ပေမယ့် မီးပိတ်ပီး pressure cooker အဖုံး မဖွင့်၊  နှပ် ၊ ပေါင်း ထားတာ တော်တော်ကြာတော့ ဘဲခေါင်းက အရိုးများကော ဘဲခြေထောက်များပါ တော်တော်လေးကို နူးမြေ့သွားပါတယ်။


 ဘဲပေါင်း၊ မှို ချက်


~~~~ သုံးဆောင်ပါဦးရှင် ~~~~


wonton ခေါက်ဆွဲ ပါ


ချက်နည်းအညွန်း - ရေနွေး ပွက်ပွက်ဆူ ထဲ ၂ မိနစ်လောက်ပြုတ်ပီး ရေစစ်ပီးတာနဲ့ စားလို့ရပါပီ။


ဂျုံမှုန့် ကပ်ထားသော ၀မ်တန် ခေါက်ဆွဲ


တစ်ရှူး စကူ ပေါ်မှာ ခေါက်ဆွဲဖတ်များကို လက်နှင့် ဖွပီး ရေနွေးပွက်ပွက်ဆူ ထဲ ၂ မိနစ်လောက် ပြုတ်ပီးတာနဲ့ ဆယ်လိုက်ပီး ... ရေစင်အောင် ဇကာ နဲ့ ရေ စစ်ထားလိုက်ပါတယ်။


 ခုဏ ချက်ထားသော ဘဲပေါင်း ဟင်းအိုးထဲမှ ဘဲဆီများကို ကော်ဖီပန်းကန်လုံး တခွက်စာလောက် ယူပီး မီးအပူပေးပါတယ်။ 

ပီးတာနဲ့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ ဖြင့် ဆီသတ် ကြော်ထားသော ကြက်သွန်ဖြူ ဆီချက်။
 


ခေါက်ဆွဲဖတ်၊ ဘဲဆီဖြင့် ကြော်ထားသော ဆီချက်၊ ပဲငံပြာရည် အကြည် ၂ ဇွန်း၊ ပဲငံပြာရည် အနောက် အနည်းငယ်၊ ဆား၊ ဟင်းခတ်မှုန့်၊ ကြက်သွန်မြိတ်တို့ နှင့် ရောသုပ်ထားသော ဆီချက်ခေါက်ဆွဲကို ဘဲပေါင်း နှင့် တွဲစားပါ။


အချဉ် အတွက်က ပါးပါးလှီးထားသော ကြက်သွန်နီ နှင့် သခွါးသီး ကို ငရုတ်ဆီ စမ်းပေးထားသော အချဉ်။


ဘဲပေါင်း ဆီချက် စားပီးရင် အအီပြေ ချဉ်၊ စပ် နေမယ့် စွန်ထန် ဟင်းရည်ပူပူလေး သောက်ပါ။


အပေါ့ အငံ ထပ်လိုသေးရင် ဆားဗူး နှင့် ငရုတ်ကောင်းမှုန့်ဗူးများ အဆင့်သင့် ထားရှိပေးထားပါတယ်။


ဘေဘီ နှင့် မွန်ကို ချက်ကျွေးမည်ဟု ပုံပြောထားတာ။ အခု တကယ် ချက်ကျွေးလိုက်ပါပီနော်။ 

Enjoy your visit to my Favourite Book.

အရင်ပိုစ့် ....





Thursday, September 29, 2011

ကြက်သားဗူးသီးဟင်း၊ ဗူးသီးကြော်


ကြက်သား ဗူးသီးဟင်း


ဒီက ကြက်သား တစ်ကောင်လုံးဈေးပါ။ အေရှန်ဆိုင်မှာ ၀ယ်တဲ့ ကြက်က မြန်မာက အိမ်ကြက် နဲ့ တူတယ်။ ဒီမှာ ကြက်သားက ဈေးသက်သာတယ်။ တစ်ကောင်လုံးမှ ၆ကျပ်ပဲ။

 
ကြက်သားကို ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဟင်းခတ်မှုန့် ၊ ငံပြာရည်နဲ့ နှယ်ပီး နှပ်ထားလိုက်ပါတယ်။


ဆီအနည်းငယ်ထည့်ထားသော ဆီပူအိုးထဲမှာ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့် ဆီသတ်ပီး ခရမ်းချဉ်သီးထည့်၊ နှပ်ထားတဲ့ ကြက်သားထည့် မိနစ် အနည်းငယ်လောက် ကြက်သားကို မွှေထားလိုက်ပါတယ်။


ပီးမှ ငရုတ်သီးစိမ်း နဲ့ နှုတ်နှုတ်စင်းထားသော နံနံပင် အရိုးကို ထည့်ပါတယ်။ ရေလေး အသားမြုပ်ရုံ ထည့်ပေးလိုက်ပီး တည်ထားလိုက်တယ်။


ကြက်သား နူးခါးနီးမှ အခွံသင် စိတ်ထားတဲ့ ဗူးသီး ထည့်မွှေပေးပီး နံနံပင်လေး အုပ်၊ ဆီကျန်၊ ရေကျန်လေး ချက်ထားသော ကြက်သား ဗူးသီးဟင်း ချိုချိုလေး။



ကြက်သား ဗူးသီးဟင်း


Pressure cooker ထဲမှာ ကြက်ခြေထောက် ၂ချောင်း၊ တောင်ပံ ၂ချောင်း နဲ့ ခေါင်းကို ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆား၊ ဆနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ခရမ်းချဉ်သီး၊ ဗူးသီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ အားလုံး ထည့်မွှေ ပီး ရေကို ဟင်းချိုသောက် ပန်းကန် ၂လုံးစာလောက်ပဲ ထည့်ပီး ၁နာရီလောက် တည်ထားပေးလိုက်ပါတယ်။ 
ကြက်ရိုးများပါ နူးမြေ့သွားပီး သောက်လို့ကောင်းပါတယ်။ 


အိမ်မှာ ၀ယ်ထားသော တန်ပူရာမှုန့်


ဆန်မှုန့် နှင့် ဂျုံမှုန့်ပဲ ပါဝင်တာမို့


ချက်နည်းအညွန်း


နောက်ထပ် အမှုန့်ထုပ်လေးများ


အိမ်က တန်ပူရာမှုန့်မှာ ဆန်မှုန့် နဲ့ ဂျုံမှုန့်ပဲ ပါဝင်တာမို့ ကုလားပဲမှုန့် ထပ်ထည့်လိုက်ပါတယ်။
၂း၁ နှုန်း 
တန်ပူရာမှုန့် - ဆန်ချိန်ခွက် ၁ ခွက်
ပဲမှုန့် - ဆန်ချိန်ခွက် တ၀က်
ဆား အနည်းငယ်၊
ရေ - ဆန်ချိန်ခွက် ၁ ခွက်
ဗူးသီးသေးသေး - တခြမ်းစာ


ဗူးသီးနုနု


အချဉ်က ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီး အကျက်မှုန့်၊ နံနံပင်၊ မန်းကျည်းမှည့်ရည်၊ ငရုတ်ဆီ၊ ငံပြာရည်




တို့စားဖို့ အချဉ်


မီးမြေးမြေး၊ အိုးသေးသေး နဲ့ပဲ ဆီနှစ်ပီး ကြော်ထားတာပါ။


ဗူးသီးကြော်


ကောက်ညင်းမှုန့် မပါတော့ ကြော်ပီးပီးချင်းစားမှ စားကောင်းပါတယ်။ အကြော်ပူပူလေးကြောင့် အထဲက ဗူးသီးကလည်း ပူတော့ ပိုချိုပါတယ်။


ရန်ကုန်မှာတော့ ဆန်မှုန့် - ၂၊ ကောက်ညင်းမှုန့် - ၁၊ ပဲမှုန့် - ၁၊ ရေ - ၂၊ ဆား အနည်းငယ် မုန့်နှစ် စပ်ပီး ကြော်ပါတယ်။


ဒီနေ့ စတိတ်မှာ မိုးက တနေကုန်ရွှာပီး အေးနေတယ်။ မိုးလေး အေးအေးမှာ နေ့လည်စာ ဗူးသီးကြော်ကို အချဉ်လေး တို့စားပီး ရေနွေးကြမ်းသောက်ပါ။


ဗူးသီးကြော် စားပွဲ

သမီးက ဒီနေ့ တစ်ရက် ကျောင်းပိတ်ပါတယ်။ ဂျူးလူမျိုးတွေ ၀ါဝင်တာလား၊ ၀ါထွက်တာလား မသိဘူး။ သေချာတာတော့ ဂျူးတွေရဲ့ နှစ်သက်ကူးနေ့မို့ ကျောင်းပိတ်တာပါ။


ထမင်းနည်းနည်း၊ အချဉ်ရည်ဆမ်းပီး ဗူးသီးကြော်လေး နဲ့ တွဲစားပါတယ်။ တစ်ရက်လောက် ကုလားဆိုင်က ကောက်ညင်းဆန် ၀ယ်ပီး ကောက်ညင်းပေါင်း နဲ့ ဗူးသီးကြော်ကို တွဲစားပါအုံးမည်။


ငယ်ငယ်တုန်းက အဖေ ဇာတိ မွေးရပ်မြေ မိတ်ထီလာမြို့ကို သွားလည်တုန်း ရက်တွေမှာ မနက်စာ ကောက်ညင်းပေါင်း နဲ့ အကြော်စုံ စားရသလို၊ ထမင်းဆီဆမ်း နှင့် အကြော်စုံကိုလည်း ကျွေးမွေးကြပါသည်။ 


အရင်ပိုစ့် ...