" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Tuesday, August 30, 2011

Jackie Evancho - Angel

Monday, August 29, 2011

Smoked Ham


ကလေးများအတွက် နေ့လည်စာ ထမင်း


 




Ham ကို အသားပြား ခပ်ပြားပြား ဓါး နဲ့ လှီးလိုက်ပါတယ်။ ဒီကို ရောက်စက ၂ ခါလောက် ၀ယ်ဖူးတဲ့ Ham ကတော့ လှီးပီးသားပါ။ ဒီတခေါက် ၀ယ်တဲ့ Ham ကတော့ မလှီးဖြတ်ရသေးတာနဲ့ ဓါး နဲ့ ခပ်ပါးပါးပဲ လှီးလိုက်ပါတယ်။


ကလေးများ အကြိုက် oven ဗန်းမှာ orange juice နည်းနည်း လောင်းထည့်ပီး အသားပြားပေါ်ကို သကြား နည်းနည်း ဖြူးပေးလိုက်ပါတယ်။


oven ထဲမှာ 325 ºF နဲ့ ၁၅ မိနစ်လောက် အပူပေးလိုက်ပါတယ်။


ရပါပီ။ Ham ရဲ့ အသား အရသာ အပြင် sauce ချို ချို လေး ဆမ်း ထားတာ ဆိုတော့ ကလေးများက ပိုကြိုက်ပါတယ်။ 

မာမီကတော့ ဒီအတိုင်း အချပ်လိုက်ကင်တာထက် Ham တလုံးကို ကင်တာကို ပိုကြိုက်ပါတယ်။

ဒီလို အချပ်လိုက် ကင်ရင်လည်း နည်းနည်း မိနစ် ကြာကြာ လေး Ham ရဲ့ အခေါက်သားတွေ ကြွပ်တဲ့ အထိ ကင်တာကို ပိုကြိုက်သလို Ham ကို ပါးပါး နှုတ်နှုတ်စင်းပီး ရန်ကုန်က ပုစွန်ချဉ်သုပ် လိုလို ၀က်သားချဉ် သုပ် လိုလို ချဉ်၊ ငံ၊ စပ်လေး သုပ်စားရတာကိုလည်း ကြိုက်ပါတယ်။ 

Ham က ချက်ပီးသားပါ။ အပူလေးပေးပီး နွေးစားရင် စားလို့ ရတာမို့ သုပ်စားဖြစ်တာပါ။ 

အသား အစိမ်းတော့ မစားရဲပါဘူး။


Hot Dog မှာ Ham နဲ့ sausage တွဲစားတာပါ။ ဟင်းသီးဟင်းရွက်လေး နည်းနည်း ထပ်ထည့်ပေးလိုက်ပါတယ်။


ကလေးများ သဘောကျတဲ့ ထမင်း ပုံစံလေးတွေ။


သမီးကို Lunch box ဒီလကုန်ရင် ထည့်ပေးရတော့မှာ ဆိုတော့ အင်တာနက်ကနေ Lunch box design လေးတွေ လိုက်ကြည့်ရင်း လွယ်လည်း လွယ်လို့ ဒီနေ့ နေ့လည်စာကို ပြင်ဆင်ပေးထားတာပါ။ 



ကျောင်း ထမင်းဗူးထဲ ဆိုရင် လက်အိတ် နဲ့ လုပ်ပီး ထမင်းထည့်မယ်။ ထမင်းဗူးကလည်း အအေးခဲဗူး မို့ အစားအသောက် တာရှည်ခံပါတယ်။


ကျောင်းက ကန်တင်းမှာ အလကား စားရင် ရပါတယ်။ ဒါပေမယ့် လျှောက်ရအုံးမှာပါ။ အလကား စားမယ်ဆိုရင် ဖောင်တွေ ဘာတွေ ဖြည့်ရအုံးမှာ။

ကျောင်းက Lunch menu ကို ကျောင်းဝပ်ဆိုဒ်ကနေ ကြည့်ရင်း သမီးက တပတ်မှာ ၂ ရက်လောက်ပဲ ကျောင်းက အစားအသောက်တွေကို ကြိုက်တယ်။ 

ဒယ်ဒီက အိမ်ကနေ ထမင်းဗူး ထည့်ပေးဆိုလို့ သမီးအတွက် ထမင်းဗူး ပြင်ဆင်ပေးတာပါ။ 

သမီးကိုယ်တိုင်လည်း အိမ်က ထမင်းကိုလည်း ပိုကြိုက်သလို ကျောင်းက chicken patty, mozzarella stick, chicken nuggest တို့ကိုလည်း သမီးက ကြိုက်တယ်။

တပတ်မှာ ၃ ရက်လောက်ပဲ အိမ်က Lunch box ထည့်ပေးလိုက်ရုံပါပဲ။

ကျန်တဲ့ ရက်တွေက ကျောင်းမှာ $2.50 ပေးပီး Grade 3 တုန်းကလိုမျိုးပဲ စားချင်ပါတယ်တဲ့။




ဝက်ကလေးပုံစံ၊ အသည်း၊ ကြယ်ပုံစံ ထမင်းတွေကို စားနေကြတဲ့ မောင်နှမ နှစ်ယောက်။


သားသားက သဘောတော်တော်ကျပေါ့။


Hot Dog


အရင်ပိုစ့် ....

 


Sunday, August 28, 2011

ရန်ကုန် တိုင်းရင်းသားကျေးရွာ


ရန်ကုန် တိုင်းရင်းသားကျေးရွာသို့ အလည်သွားခြင်း။

ဓာတ်ပုံ အမှတ်တရ ရိုက်ထားတာတွေကို ပြန်ကြည့်ရင်းနဲ့ တင်ပီးသား ပိုစ့်တွေ မှာ မပါသေးတဲ့ ဓာတ်ပုံတွေကို အမှတ်တရ တင်ရင်းနဲ့ တိုင်းရင်းသားကျေးရွာကို အလည်တခေါက် ပြန်သွားတာပါ။




























 

























အရင်ပိုစ့် ...


တိုင်းရင်းသားကျေးရွာ စားသောက်ဆိုင်
တိုင်းရင်းသားကျေးရွာ - ဗမာအိမ်
တိုင်းရင်းသားကျေးရွာ - ကချင်အိမ်
တိုင်းရင်းသားကျေးရွာ - ချင်းအိမ်