" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Sunday, July 31, 2011

အားလူးပူတီ


Lucky Seven လက်ဘက်ရည်



ကော်ပြန့်စိမ်း





 
ကြက်သားပလာတာ







အားလူးပူတီ


.
.

ပဲပလာတာ

တိုရှည်





 

 










ရွှေမြန်မာက တိုရှည်ပါ။ စင်ကာပူမှာလည်း တိုရှည် ရပါတယ်။ အဲဒီက တိုရှည်လည်း စားလို့ကောင်းပါတယ်။ ကော်ဖီဆို ပရီမီယာ 2 Plus 1 ကိုပဲ နှပ်ပီး သောက်ပါတယ်။ သောက်လို့ ကောင်းလို့ပါ။ နက်စ်ကော်ဖီကိုလည်း နတ်ကော်ဖီလိုမျိုး သောက်တတ်ပါသေးတယ်။ ဒီမိသားစုက ကော်ဖီကို အရမ်းပဲကြိုက်တတ်တဲ့ မိသားစုပါ။

Saturday, July 30, 2011

ရုံပတေသီဟင်း



Masala










စမုန်စပါး




coriander seeds၊ ငရုတ်ကောင်းစေ့၊ စမုန်စပါး၊ လေးညင်းပွင့်



ဆီပူအိုးထဲမှာ ဆီကို အပူပေးပီးတာနဲ့ မဆာလာအထုပ်ထဲက အစေ့လေးတွေကို အရင်ဆုံး ဆီသတ်လိုက်ပါတယ်။ ပျဉ်တော်သိမ်ရွက် ၄ရွက်လောက်ထည့်မွှေတယ်။

 နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပါတယ်။ ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် ထည့်ပီး ဆီသတ်လိုက်ပါတယ်။

ပီးတာနဲ့ ခရမ်းချဉ်သီး ပါးပါးလှီးထားတာ ထည့်တယ်။ ဆားလေးထည့်တယ်။ အသင့်ဖျော်ထားတဲ့ မန်းကျည်းမှည့်ရည်လေးထည့်မွှေပေးပီး ခရမ်းချဉ်သီးဖတ်တွေ ကြေသွားတာနဲ့ ရုံပတေသီးထည့်တယ်။ ရုံပတေသီးဟင်းကို အရည်လေး စပ်စပ်လောက် လိုချင်တာမို့ ရေတခွက်လောက် ထည့်ပေးလိုက်ပီး အဖုံးအုပ်ချက်ထားလိုက်ပါတယ်။

ရုံပတေသီးက နူးလွယ်တယ်။ တို့စရာအနေနဲ့ စားတဲ့အခါမှာ ရေနွေးပွက်ပွက်ဆူထဲ ၅ မိနစ်လောက် အဖုံးအုပ် ပြုတ်လိုက်ရင်ပဲ တို့စားလို့ ကောင်းတဲ့ အနေအထားကို ရပါတယ်။



တိုရှည် နဲ့ပဲ ဖြစ်ဖြစ်၊ ပေါင်မုန့်၊ ထမင်းနဲ့ တွဲစားရင် စားလို့ တော်တော်ကောင်းပါတယ်။ အဓိက က မဆလာအထုပ်ထဲမှာ ပါတဲ့ စမုံစပါး၊ အပါအ၀င် ဟင်းခတ်အမွှေးအကြိုင်တွေကြောင့်ပါ။ မန်းကျည်းမှည့်ရည်လေး ပါတော့ ခံတွင်းလိုက်တာပေါ့။












ရုံပတေသီဟင်း




ငရုတ်သီးတောင့်ကြော် နှင့် ရုံပတေသီးဟင်း

ငရုတ်သီးတောင့်ကြော်လေးကို ကိုက်ပီး ရုံပတေသီဟင်းလေး နဲ့ ထမင်းနှယ်စားရင် စားလို့ ကောင်းပါတယ်။ ခံတွင်းလိုက်ပါတယ်။ 

Posted :  
http://thiriyatanar.blogspot.com/2011/05/blog-post_24.html

အမဲနှပ်


အမဲနှပ်



အမဲသားကို လက်မ ဆိုဒ်လောက် အသားတုံးလေးတွေ လှီးထားလိုက်ပါတယ်။ တခါတလေလည်း ဒီထက်ကြီးတယ်။ များသောအားဖြင့်ကတော့ တလက်မလောက်ပါပဲ။ ကလေးတွေ  အသားဖဲ့လို့ ကောင်းအောင် ဒီအနေတော်ပဲ ချက်တာများပါတယ်။ အမဲသား အစိမ်းမှာကတည်းက ဆနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့်ကို နယ်ပေးထားပီး မိနစ်ပိုင်းလောက် နှပ်ထားလိုက်ပါတယ်။


 ရေခဲသေတာထဲမှာ တညလောက် နှပ်ပေးထားလည်း စားကောင်းသလို အပြင်မှာ နာရီဝက်လောက် အစာပလာဆာတွေ နယ်ပီး နှပ်ထားလို့ ရှိရင် အသားကို ၀ါးစားတဲ့အခါမှာ အရသာ ရှိနေမှာပါ။ အဓိက က အသားအစိမ်းထဲကို အစာပလာဆာ အမှုန့်အရသာတွေ ၀င်နေအောင်လို့ပါ။




ကရဝေးရွက်၊ လေးညင်းပွင့်၊ ဖာလာစေ့၊ သစ်ကြားပိုးခေါက်




အနှစ်များများ လိုချင်လို့ ကြက်သွန်နီ ဥကြီး တလုံး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပန်းငရုတ်ပွ




ဆီကို အနည်းငယ်လောက်ထည့်ပီး အပူပေးပီးတာနဲ့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူထည့်တယ်။ ကရဝေးရွက်ထည့်ပီး ဆက်တိုက်ဆိုသလို ဖာလာစေ့၊ လေးညင်းပွင့်၊ သစ်ကြားပိုးခေါက်ကို ထည့်ပီးတာနဲ့ ကြက်သွန်နီ၊ ဂျင်း၊ ပန်းငရုတ်ပွထည့်တယ်။ 


နှပ်ထားတဲ့ အမဲသားကို ထည့်မွှေပေးထားလိုက်တယ်။ ဆီသတ်ပီးတာနဲ့ ရေကို အသားတုံးမြုပ်အောင်ထည့်ပီး ၃ရေလောက် အလယ်မီးနဲ့ ချက်လိုက်ပါတယ်။


ရေနဲ့အတူ နွားနို့ တခွက်စာ ထည့်ချက်လို့လည်း စားကောင်းသလို၊ ဒိန်ချဉ် တခွက်စာ ထည့်ချက်လည်း စားကောင်းတာပါပဲ။ (ဒီနေ့တော့ မရှိလို့ မထည့်တော့ပါဘူး)


ရေက အသားတုံးတ၀က်လောက် ရောက်ရင် ပြန် ပြန်ဖြည့်လိုက်ပီး နောက်ဆုံးတရေမှာတော့ လတ်ဆတ်တဲ့ သံပုရာရည် လက်ဖက်ရည် ၃ဇွန်းလောက် ထည့်ပီး နှပ်လိုက်ပါတယ်။


 (ဒီရက်ပိုင်း မန်းကျည်းမှည့်ရည်ထက် သံပုရာသီးကို ညစ်ပီး ထည့်ချက်ရတာ လက် တွေ့ နေတယ်)


ဆီပြန်နေအောင် တည်ထားသော အမဲနှပ်လေးပါ။ အနှစ်များများနဲ့ပေါ့။ :)










Friday, July 29, 2011

ထမင်းကြော်



ထမင်းကြော်



ဆီလေး နည်းနည်းမှာ အရင်ဆုံး ကြက်သွန်ဖြူ နဲ့အတူ ကြိတ်ထားသော ၀က်သား ထည့်ကြော်လိုက်ပါတယ်။




တဆက်တည်း ပါးပါးလှီးထားသော ဘိုစားပဲသီးတောင့်ကို ထည့်ပီး ငံပြာရည်လေး ၅စက်လောက် ထည့်မွေပေးပီးနောက် ရေအနည်းငယ်ဖြန်းပီး ခဏလောက် ချက်ထားလိုက်ပါတယ်။


ချက်ပီးသား ထမင်းကို ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက် နဲ့ နှယ်ပေးထားပီး

ကြော်ထားသော ၀က်သားများ နူးလာပီဆိုတာနဲ့ နှယ်ထားတဲ့ ထမင်းတွေကိုထည့်ပီး ယောင်းမ နှစ်ချောင်းနဲ့ မွှေပေးလိုက်ပါတယ်။

ယောင်းမ ၂ချောင်းသုံးတာကလေ ... ကိုယ် ငယ်ငယ်က ထမင်းကြော် ၊ ခေါက်ဆွဲကြော်ရင် ယောင်းမ တချောင်းတည်းနဲ့ဆို အားရ ပါးရ မွှေတတ်လွန်းလို့ ထမင်းတွေ၊ ခေါက်ဆွဲတွေ ကြေသွားဖူးပါတယ်။ ခေါက်ဆွဲကြေကြော် ကျနေတာပါပဲ။ ဒါကြောင့်မို့ မကြော်ခင်မှာ ထမင်းတွေ၊ ခေါက်ဆွဲတွေကို ပဲငံပြာ၇ည် နဲ့ အရင်နှယ်ထားပေးပီးမှ ဆီနဲ့ ကြော်တဲ့အခါမှာ ယောင်းမ နှစ်ချောင်းနဲ့ ဖွဖွလေး အရင်ကြော်ထားသော ဟင်းသီးဟင်းရွှက်၊ အသားတွေ၊ ကြက်ဥကြော်၊ ၀က်အူချောင်းကြော်တွေနဲ့ သမအောင် မွှေပေးပါတယ်။ မစိုလွန်း မခြောက်လွန်းသော အနေထား ရရင် ကြော်လို့ ပီးပါပီ။ ငရုတ်ကောင်းမှုန့်လေး ဖြူးထားသော ထမင်းကြော်ပါ။