" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Thursday, June 30, 2011

ဂျူးမြစ် ပဲပုပ်ကြော်


ဂျူး ပဲပုတ်



ဂျူး ပဲပုတ် အချပ်လေးတွေ။ တစ်ထုပ်မှာ ၆ ချပ်ပါတယ်။ ကင်စား လို့ပဲ ဖြစ်ဖြစ်၊ ကြော်စားလို့ပဲ ဖြစ်ဖြစ် တော်တော်ကို စားကောင်းပါတယ်။ ငရုတ်သီးတောင့်ကြော်၊ မြေပဲနဲ့ ကြော်စားပီး ကောက်ညှင်းလက်ဖက်မွှေးနဲ့ရေနွေးကြမ်းသောက်ပီးစား၊
တော်တော်လေးကို စားသောက်ရတာ စိတ်ချမ်းမြေ့ဖို့ ကောင်းပါတယ်။


မြေပဲဆန် (ဆားပါ ပီးသားမြေပဲဆန် ကြွတ်ကြွတ်လေး)


 မြေပဲဆန်ကို ငရုတ်ဆုံနဲ့ ထောင်းလို့ပဲဖြစ်ဖြစ်၊ ဓါးနဲ့ နှုတ်နှုတ်စင်းထားတာပါ။


 ငရုတ်သီးတောင့်ကြော်


 ငရုတ်သီးတောင့်ကြော်ကို နည်းနည်းမဲတဲ့အထိ ဆီလေးနည်းနည်း၊ မီးလေး နည်းနည်းနဲ့ ကြော်ထားလိုက်ပါတယ်။


 စကားချပ် ။  ။ ဒီလို ငရုတ်သီးတောင့်ကြော်ကို ထမင်းသုပ်ထဲမှာ ကြက်သွန်ဖြူနဲ့ တွဲစားရတာကို နှစ်ချိုက်သလို၊ သီးစုံ ပဲကုလားဟင်း နဲ့ ငရုတ်သီးတောင့်ကြော်ကို တွဲစားရတာလည်း ကြိုက်နှစ်သက်ပါတယ်။ 
ငရုတ်သီးတောင့်ကြော်+ ဆား+ကြက်ဥဟတ်ဘွိုင်ကြော်+ ထမင်းနဲ့စားရတာကိုလည်း ကြိုက်ပါတယ်။ 


 ငရုတ်သီးတောင့်ကြော်ကို အဆင့်သင့် အရင်ကြော်ထားလိုက်ပါတယ်။



 ဂျူးမြစ်ပဲပုတ်ကြော်ကို အချပ်လိုက်လည်း ကြော်စားတဲ့ အခါ ကြော်စားတတ်သလို မြေပဲနဲ့ ရောကြော်မှာမို့ ပဲပုတ်ချပ်ကို ခြေထားလိုက်ပါတယ်။ 



 ပဲပုတ်တို့၊ မြေပဲဆန်တို့၊ သီဟိုစေ့တို့ကို မီးမြေးမြေးနဲ့ ကြော်ပီး သိပ်အကြွပ်ကြီး မဖြစ်ခင်မှာ ကြော်ထားတဲ့ ဒယ်အိုးထဲကနေ ဆယ်ထားလိုက်ပါတယ်။ 
သီဟိုစေ့ဆို ပန်းကန်ပြားထဲ ဆယ်ထည့်ထားတာတောင်မှ ကြော်ထားတဲ့ အပူရှိန်နဲ့ ပန်းကန်ပြားပေါ်မှာ ဆက်ပီး ကြော်နေတုန်းလား ထင်ရတယ်။ ဒါကြောင့်မို့လို့ သီဟိုစေ့ကြော်ရင် မီးမြေးမြေးမှာ သီဟိုစေ့ကို မွှေပီး ရွှေရောင်လေးနား သန်းချင်လာပီး ဆိုတာနဲ့ ပန်းကန်ပြားပေါ် ဆားလေးဖြူးပီး ကောက်ထည့်လိုက်တာပါပဲ။



 အိမ်မှာ ဒီနေ့ချက်တဲ့ ဂျူးမြစ်ပဲပုတ်ကြော်က ရိုးရိုးလေးပါ။ ဆီပူကို မီးလေးမြေးမြေးမှာ မြေပဲဆန်ကိုအရင်ကြော်ပါတယ်။ မြေပဲက နဂိုကတည်းက ဆားပါ ပီးသားပါ။ မြေပဲဆန် မကြွတ်သေးခင်မှာ ဂျူးပဲပုတ်ထည့်ကြော်ပါတယ်။ ဆား၊ ဟင်းခတ်မှုန့် ထပ်မထည့်တော့ပါဘူး။ (၂ခုစလုံးက ဆားပါ ပီးသားမို့လို့) ခဏလောက်ကြာတာနဲ့ ပန်းကန်ပြားထဲကို ကောက်ဆယ်ထည့်လိုက်တာပါ။ ဒီအနေအထားလေးကိုပဲ ကြိုက်နှစ်သက်ပါတယ်။ 
သူများချက်ရင် ပိုကြိုက်ပါသေးတယ်။ 
လွမ်းတယ် စီးတီးမတ်က ဂျူးမြစ်ပဲပုတ်ကြော်ကို။ 








 ဂျူးမြစ်ပဲပုတ်ကြော်ပီးတာနဲ့ ဒယ်ဒီက ပဲဟင်းချိုလေးနဲ့ တွဲစားချင်လို့ ဒယ်ဒီ ကိုယ်တိုင် ချက်ထားသော ပဲနီလေး ဟင်းချိုပါ။ မာမီကတော့ မစောင့်နိုင်တော့ဘူး။ ဂျူးမြစ်ပဲပုတ်ကြော်ကို ငရုတ်သီးတောင့်ကြော် ကိုက်ပီး စားတော့တာပါပဲ။ ငရုတ်သီးတောင့်ကြော် ၃တောင့်လောက် နဲ့ ထမင်းတပန်းကန် စားအပီး တော်တော်စပ်သွားတာမို့ သမီးဆီက သကြားလုံး ယူပီး စားရသေးတယ်။ သွားနှုတ်ထားသော သမီးကိုလည်း ဒီရက်ပိုင်းမှာ ဟင်းချက်ပီ ဆိုတာနဲ့ သူ့ကို အိပ်ခန်းတံခါးပိတ်ပီး ၀ါရံတာမှာ အရုပ်တွေနဲ့ ဆော့ခိုင်းရသေးတယ်။ အညော်မိပီး ပါးယောင်လာမှာ စိုးလို့ပါ။ ဆေးကုသခ အလကားဆိုပေမယ့် ဝေဒနာ ခံစားနေရမှာစိုးတယ်လေ။



  ဒယ်ဒီ ချက်သော ပဲနီလေး ဟင်းချို

Tuesday, June 28, 2011

ကြက်သားငပိကြော်


 ကြက်သား အသားတုံးကြီးပဲ ဆား၊ ဆနွင်း၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီး ဂျင်း နဲ့ ရေခမ်းပြုတ်ထားသော ကြက်သားပြုတ်ကို နွှင်ထားသော ကြက်သားအမျှင်။


 ကြက်သွန်ဖြူကို အခွံခွါပီး ဓါးမရဲ့ ဓါးဖနောင့်နဲ့ ထုထားသော ကြက်သွန်ဖြူဓါးထု


 ပါးပါးလှီးထားသော ကြက်သွန်နီ


ဆီပူအိုးထဲမှာ အရင်ဆုံး ကြက်သွန်ဖြူ ဓါးထုကို အရင်ကြော်ပါတယ်။ ဆနွင်းမှုန့်လေး ထည့်ပီး ကြော်ထားပီးနောက် ဆယ်ထားလိုက်ပါတယ်။ ပီးမှ ကြက်သွန်နီကို ထည့်။ မိနစ်အနည်းငယ်အကြာမှ ဆနွင်းမှုန့်ကို ထည့်ပီး ကြက်သွန်ကြော် ရခါနီးမှာ မီးအရှိန်ကို လျှော့ချလိုက်ပီး ကြက်သွန်ကြော်တွေကို ဆယ်ထားလိုက်ပါတယ်။



ကျန်နေသော ဆီပူအိုးထဲမှာပဲ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်မွှေ။ ဆနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့် ထည့်ပီး ဆီသတ်။ စိမ်းစားငပိကို ဇွန်းနဲ့ တကော်စာလောက် ဆီပူအိုးထဲ ထည့်မွှေပီး ငရုတ်သီးအကြမ်းမှုန့်ကို များများထည့်ပါတယ်။ ပီးမှ ကြက်သားမျှင်များကိုထည့်မွှေပီး ဆား၊ ဟင်းခတ်မှုန့် ထည့်ပါတယ်။ ကြက်သားမျှင်များ မွှလာပီဆိုမှ ကြော်ထားသော ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်များ ထည့်မွှေပေးလိုက်ပါတယ်။



ကြက်သားမွှ အစပ်ကြော်



  ထမင်းနဲ့ စားသုံးတဲ့အခါမှာ သံပုရာသီးလေး ညစ်ပီးစား ခံတွင်းလိုက်မယ့် ဟင်းတခွက်ပါ။


 ပဲနီလေး ဟင်းရည်အတွက် စပါးလင်ကို ဓါးမနဲ့ ဓါးဖနောင့် ထုထားပီး အထုံးလေး ထုံးထားလိုက်ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ထောင်းလို့ပဲ ဖြစ်ဖြစ် နှုတ်နှုတ်စင်းလို့ပဲ ဖြစ်ဖြစ် ဆီသတ်ဖို့ အဆင့်သင့် လုပ်ထားလိုက်ပါတယ်။


ထမင်းစားဇွန်းနဲ့ ဆီလေး ၁ဇွန်းလောက်ပဲ အိုးထဲထည့်ပီး နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းကို ဆီအရင်သတ်ပီး ဆနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်ထည့်ပါတယ်။ ပီးမှ ပဲနီလေး လက်တဆုပ်စာကို ရေဆေးထားတာ ထည့်ပါတယ်။ ပီးရင် စပါးလင် ထုံးကို ထည့်မွှေပီး ရေအလော်တော်လောက်ထည့်ပါတယ်။ ဆား၊ ဟင်းခတ်မှုန့် ထည့်ပါတယ်။  ရေစိမ်ထားသော ပဲကြာဇံကိုတော့ ပဲနီလေး ဟင်းရည်အိုးကျခါနီးမှပဲ ကောက်ထည့်လိုက်ပါတယ်။ 


 မုန့်ဟင်းခါး အရသာ နဲ့ နည်းနည်းလောက် ဆင်လို့ မကြာ ခဏ ချက်စားဖြစ်သော ပဲနီလေး ပဲကြာဇံ ဟင်းရည်ပါ။

သွားနှုတ်

 

သမီး Angel ကို ၇ နှစ်ကျော်ကတည်းက သွားဖုံးနားမှာ သွားအသစ် စထွက်လာပီဆို .. ရွှေမှာကတည်းက သွားဆရာဝန်ဆီမှာ သွားပြပီး ငယ်သွားကို ထုံဆေးထိုးပီး နှုတ်ပစ်ပါတယ်။ သွားတွေ ခေါထွက်တာတို့ လူကြီးသွား မညီမညာ ထွက်လာမှာ စိုးလို့ လူကြီးသွားအသစ် ထွက်ပီဆိုတာနဲ့ ငယ်သွားကို နှုတ်ပစ်လိုက်တော့တာပါပဲ။ အခု အမေရိကားကိုရောက်တာ ၂လခွဲကျော်ပေါ့။ လူကြီးသွားက ထွက်လာတယ်။ ကလေးသွားက နှဲ့နေတာနဲ့ အမေရိကားက ကလေး သွားဆေးခန်းမှာ ဖုန်းဆက်ပီး ဘွတ်ကင်ယူတယ်။ ၃နာရီအကွာမှာ ဆေးခန်းကိုသွားပြတယ်။ 


ကလေးသွား ဆေးခန်း


 သွားကို တော်တော်နှဲ့တာ တချောင်းနဲ့ နည်းနည်းနှဲ့တာ တချောင်း နှုတ်ပလိုက်ရတယ်။ လူကြီးသွား ထွက်လာရင် ကလေးသွားကို နှုတ်ပစ်တာ အကောင်းဆုံးပါပဲ။ (ရွှေက သွားဆရာဝန်တယောက်ပြောကြားချက်ပါ)။ နို့မို့ရင် လူကြီးသွားက ထွက်စရာ နေရာမရှိတော့ သဖုံးပေါ်တို့ သွားတက်တို့ ဖြစ်သွားတတ်ပါတယ်။ အဓိက က သမီးရဲ့ လူကြီးသွားတွေ မညီမညာ ထွက်လာမှာ စိုးတာမို့ ရွှေမှာကတည်းက လူကြီးသွားထွက်လာပီဆိုတာနဲ့ သွားဆရာဝန်ဆီမှာ ကလေးသွားတွေကို နှုတ်ပစ်နေကျ။ ကိုယ့်ဘာသာကိုယ် အပ်ချည်ကြိုးတွေ ဘာတွေနဲ့ မနှုတ်ရဲပါဘူး။ အနှုတ်မတော်ရင် သွားဖုံးပေါက်ကျယ်သွားပီး လူကြီးသွားထွက်လာတဲ့အခါကျရင် ယိုင်နေ မှာ စောင်းသွားမှာ စိုးတာမို့ သွားဆရာဝန်ဆီမှာပဲ သမီးရဲ့ ကလေး သွားတွေကို သေချာ သွားနှုတ်ပါတယ်။ ရွှေမှာတုန်းက ကလေးသွားနှုတ်တာ ၂သောင်းပါ။ ထုံဆေးအပါအ၀င် (မနာမကျင်ပဲ နှုတ်ပေးပါတယ်)။ ရွှေမှာ တချို့ သွားနှုတ်ခက ၅၀၀၀ကျပ်ပါ။


 သမီးရဲ့ ကလေး သွားလေးတွေ။ tooth fairy ဆီမှာ မုန့်ဖိုးတောင်းဖို့ ဆေးခန်းက ပြန်ထည့်ပေး လိုက်တာ။:)

YouTube - Learning


YouTube : http://youtu.be/FUAdNwsAvsw 
Animals video for Kids




YouTube : http://youtu.be/GKtvP9yAOb8
Fruits and Vegetables




YouTube : http://youtu.be/mReF_BkhUWE
Transport for Kids




YouTube : http://youtu.be/iWAtPMsk8_Y
The Kids ABC's At the Zoo


YouTube : http://youtu.be/0fw3l1z9CUQ
ABC Song

Pun Hlaing Int'l Hospital



1 Day of Henry, First picture

သားလေးက ၇ပေါင် ၁ အောင်စ။ မမ Angel မွေးတုန်းကတော့ 7 ပေါင်။ ဒီဓာတ်ပုံက သားလေး မွေးပီး ၁ရက်သားကလေး။ မာမီက ဗိုက်ခွဲထားတာ ဆိုတော့ မထိုင်နိုင်သေးဘူးလေ။ ဟမ်းဖုန်းလည်း ပိတ်၊ အင်တာနက်လည်း ပိတ်ထား ဆိုတော့ ဒယ်ဒီက စိတ်ပူနေတာပေါ့နော်။ သားသားကို မွေးပီး နောက်တရက်ကျမှပဲ မာမီက သားလေးကို ဓာတ်ပုံ ရိုက်ပီး ဒယ်ဒီ နဲ့ ဆွေမျိုး သူငယ်ချင်းတွေဆီကို အီးမေလ်းပို့လိုက်တာ။

ပါးစပ် မပိတ်နိုင်လောက်အောင် ပြုံးပီးပျော်နေရတဲ့နေ့ပါ …


Single VIP Room

Room Type Charges (Myanmar Price)

Double Room : 28,000

Single Room : 65,000

Single ViP Room : 75,000/Day <== (Mommy's choice this room)

Suite Room : 165,000 Included in room rate
  • * Room Charges
  • * 3 meals & 2 snacks
  • * Basic Nursing Care
  • * Resident Doctor Care


Toilet Room include in the bath chair


ရေချိုးခန်းမှာလည်း အရေးပေါ် ခေါ်လို့ရတဲ့ ဘဲလ် ရှိတယ်။ သားလေး မွေးပီး ၃ ရက်မြောက်နေ့က မာမီ ရေချိုးခန်းဝင်နေတုန်း သားသား ငိုလို့ Nurse ကို ခေါ်ဖို့ နှိပ်လိုက်သေးတယ်လေ။ သားသားက ချိုချိုတိုက်တဲ့ အချိန်ပဲ အခန်းမှာ ရှိတာပေါ့။ ကျန်တဲ့ အချိန်တွေက Nursery room မှာပဲ။ သားသား ၄ ရက်သားလောက်ကျတော့ မာမီ အခန်းမှာပဲ ထားလိုက်တယ်။ အခန်းထဲမှာက သူစိမ်း ဧည့်သည်လည်း မရှိတော့ မွေးကာစ ကလေးအတွက် စိတ်ချရလို့ ခေါ်ထားလိုက်တာလည်း ပါသလို။ မာမီလည်း သားသားကို မျက်စိအောက်မှာ ခေါ်ထားချင်တာလည်း ပါတယ်။




Henry


သားသားကို (Neonatal) မွေးကင်းစကလေးများ အခန်းမှာ ထားတာပေါ့နော်။ သားသားကော မာမီကော လက်မှာ ဆေးရုံက လက်ပတ်လေးတွေနဲ့လေ။ HRN No. ရေးထားတယ်။ ဒီ လှည်းလေးကတော့ သားသား အိပ်တဲ့ ကုတင်။ အောက်ထပ် အဆင့်မှာ Diper, sprit, wet tissue ၊အနှီးပိတ် ၊ ကလေး အကျီပါတယ်။ မာမီတို့ ကိုယ်တိုင် သားသားကို ကိုင်မယ်။ ချီမယ်ဆိုရင်တောင် အဲဒီ အရက်ပျံ ဗူးလေးနဲ့ လက်ကို စွပ်ပီးမှ သားသားကို ကိုင်တာလေ။ ဒါကြောင့်လည်း ဆေးရုံမှာ ၄ ရက်အိပ်။ ၅ ရက်နေပီး ပြန်လာနိုင်တာပေါ့။ (ဒီနှစ် ၂၀၀၉ ကျတော့ မွေးကာစ ကလေးတွေကို ပြုစု စောင့်ရှောက်တဲ့ လူတိုင်း Mask တွေ ပါ ၀တ်ထားနေရပီ။) အဲဒါ မှန်ပါတယ်။ မွေးကာစ ကလေးအတွက် စဉ်းစားပေးမယ်ဆိုရင် လူကြီးဆီက လေကနေတဆင့် ရောဂါပိုးမွှားတွေ ကပ်ပါလာနိုင်တယ်လေ။ မွေးကာစ ကလေးကို နမ်းတောင် မှ မနမ်းရပါဘူး။ အဖြူရောင် အရည်ကြည်ဖုလေးတွေ ထွက်လာတတ်တယ်။ Dr. ရဲမြင့်ကျော် စာအုပ်မှာ ရေးထားတယ်။ မာမီလည်း သား နဲ့ သမီးကို ကိုယ်ဝန်ဆောင်ကတည်းက ဆယ်ကျော်သက် အရွှယ် နောက်ပိုင်းအထိ ကလေးပြုစု စောင့်ရှောက်နည်း စာအုပ်တွေ ဖတ်ဖြစ်နေမှာ အမှန်ပါ။ အခုလောလောဆယ်တော့ တခု ခု မေးချင်လာ၊ သိချင်လာရင် yahoo answer မှာ သွားမေး ၊ ဖတ်တတ်နေပီလေ။


Angel (Extra bed)


ထမင်းကတော့ မစားခင် ၅ နာရီလောက်ခြား။ စားသောက်ဆိုင်က လာမေးတယ်။ ဘာစားချင်တယ်ဆိုတာ ပြောလိုက်ရုံပဲ။ အစားအသောက်လည်း ကောင်းတယ်။ မာမီနဲ့ သားသားကတော့ ဆေးရုံက ကျွေးတာပေါ့နော်။ မမ Angel နဲ့ အိမ်အကူကတော့ ထပ်မှာစားရတာပေါ့။ အပြင် စားသောက်ဆိုင်က ဈေးနဲ့ တူတူပဲ။ ဒီမှာက စားလို့တောင် ပိုကောင်းသေးတယ်။ အဲဒီ စားသောက်ဆိုင် ရှေ့မှာလည်း အင်တာနက် သုံးလို့ရသေးတယ်။ စားသောက်ဆိုင်ကတော့ တော်တော် သားနားတယ်။ မာမီကတော့ အောက်ထပ် မဆင်းဖြစ်ဘူး။ အင်တာနက်ကတော့ အခန်းထဲမှာပဲ တယ်လီဖုန်းလိုင်းနဲ့ ချိတ်ပီး သုံးတယ်။ တစ်မိနစ်ကို ဖုန်းခ = 150 ပေးရတယ်။ Dial up connection နဲ့ပဲ internet သုံးလိုက်တယ်။ extra bed = 5750/day + doctor fee = 470,000 (စုစုပေါင်း ၁၃သိန်း) $ နဲ့ တွက်ကြည့်ရင်တော့ US $ 1000 ကျော် ။


cabinet, door & toilet


မမ Angel ပျင်းနေမှာ စိုးလို့ ကားတွန်းကား ကြည့်ဖို့ DVD အသေးစားလေးနဲ့ လတ် မျိုးဆက်သစ် သားသား ကောင်းစေလတ်။


water fountain in Pun Hlaing Int'l Hospital




My lovely Angel

ဆေးရုံဆင်းမယ့် ရက်မှာတော့ ဆရာ Dr. ဦးတင်မောင်အေး အတွက် လက်ဆောင်မုန့်ခြင်း ပေးချင်လို့ FMI City Mart (Super Market) ဖုန်းနံပါတ်ကို အိမ်နားက စီးတီးမတ် ဆိုင်ခွဲကို ဖုန်းဆက် လှမ်းမေးလိုက်တော့ မာမီကို Agel မာမီမှန်းသိတော့ သူတို့ပဲ အစစ အရာရာ စီစဉ်ပေးတယ်။ City Mart က ပုံမှန်ဆိုရင် လက်ဆောင် ခြင်းတောင်း ၃တောင်း လောက် ၀ယ်မှ အိမ်တိုင်ရာရောက် လိုက်ပို့တာပေါ့နော်။ ဆိုင်ခွဲက စီစဉ်ပေးလိုက်လို့ ၅သောင်း တန် လက်ဆောင် ခြင်းတောင်းက Pun Hlaing Int'l Hospital က မာမီတို့အခန်းအရောက် လာပို့ပေးလို့ သားသားကို မွေးဖွားပေးတဲ့ ဆရာဝန်ကို လက်ဆောင်ပေးရတာ အစစ အဆင်ပြေသွားခဲ့တယ်။ စီးတီးမတ်က ၀န်ထမ်းတွေက service charges လည်း မယူသလို delivery လည်း free.

ကြက်သားဒိန်ချဉ်နှပ်


 ကြက်သားဈေး - $8.15 ကို လျှော့ဈေး $4.32 နဲ့ ရပါတယ်။


 ကြက်ပေါင် ၄တုံး


 ကြက်အသားထဲ ဟင်းအနှစ် အရသာဝင်ဖို့ ကြက်အကျီကို ဓါးနဲ့ မွှန်းလိုက်ပါတယ်။ အသားထဲရောက်တဲ့အထိပေါ့။ 


 ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆနွင်းမှုန့်၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ ငရုတ်သီးတောင့်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဖလာစေ့


ဒိန်ချဉ်၊ လိမော်ရည်

 ဓါးနဲ့ မွှန်းထားတဲ့ ကြက်ပေါင်တွေကို ဆား၊ ဆနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်နဲ့ နှယ်ပေးထားပီး နှပ်ထားလိုက်ပါတယ်။
ဆီပူအိုးထဲမှာ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နဲ့ အရင်ဆီသတ်ပီး ငရုတ်သီးတောင့်၅တောင့်လောက်ကိုပါ အတူထည့်ကြော်ပီး ဆီသတ်ပါတယ်။ 
ပီးတာနဲ့ ခရမ်းချဉ်သီးထည့်မွှေပေးပီး ... သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ ဖာလာစေ့ထည့်တယ်။ နှပ်ထားသော ကြက်သားတုံးများထည့်တယ်။ 
ဒိန်ချဉ် တခွက်၊ လိမော်ရည်ခွက်တ၀က်ထည့်မွှေပေးပါတယ်။ မွှေတာ နံစပ်ပီဆိုတာနဲ့ မီးအရှိန်လျှော့ပီး ရေကို အသားတုံးမြုပ်ရုံလောက်ပဲ ထည့်ပီး မီးမြေးမြေးနဲ့ ချက်ထားလိုက်ပါတယ်။


 ဟင်းခတ် အမွှေးအကြိုင်များ

ဆား

 ဒိန်ချဉ်နဲ့ချက်ထားသော ကြက်သားဟင်း
  
 ဒိန်ချဉ်နဲ့ အတူ ဟင်းခတ်အမွှေးအကြိုင်များနဲ့ နယ်ပီး တညလောက် ရေခဲသေတာထဲ ထည့်နှပ်ထားလည်း စားကောင်းပါတယ်။ ဒီမှာတော့ အချိန်မရလိုက်လို့ ဒီတခါတော့ ဒိန်ချဉ်နဲ့ တညမနှပ်ပဲ ချက်စားဖြစ်တဲ့ ကြက်သားဒိန်ချဉ်နှပ်ဟင်းပါ။


 ဟင်းခတ်အမွှေးအကြိုင်များ၊ ငရုတ်သီးတောင့်ကြော်ကိုပါ ဆီသတ်ပီး ကြက်သွန်အနှစ်များနဲ့ အတူ ဒိန်ချဉ်ရဲ့ အရသာ၊ လိမော်ရည်ရဲ့ အရသာ ကြက်သားထဲ စိမ့်ဝင်နေတာမို့ ခံတွင်းလိုက်တယ်။ 

 

သရက်သီးစိမ်းသနပ်


 ချို၊ ချဉ်၊ စပ် အရသာ