" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Tuesday, May 31, 2011

Tom Yum



 
US$ 1.99


မှိုကို ပါးပါးလေးလှီးထားတာ။


ကြက်သွန်ဖြူ ၊ ကြက်သွန်နီ
broccoli, မုန်လာဥနီ၊ စပါးလင်

အုန်းနို့
Tom Yum

တုံယန် ခေါက်ဆွဲပြုတ် ချက်သလိုမျိုးပဲ။ အရင်ဦးဆုံး ရေကို ပွက်ပွက် ဆူနေအောင် တည်ထားလိုက်တယ်။ ပီးမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်ကို အရင်ထည့်၊ Tom Yum paste နဲ့ မှိုကို ထည့်ပီး အဖုံး ခဏအုပ်ထားလိုက်တယ်။ မှို နူးလောက်ပီ ဆိုမှပဲ ဟင်းသီး ဟင်းရွက်တွေ နဲ့ ပုစွန်ကို ထည့်လိုက်တယ်။ 

အုန်းနို့လည်း ထည့်တယ်။ အပေါ့အငန် အတွက် ငံပြာရည်လေး နည်းနည်းလောက်ပဲ ထပ်ဖြည့်ပေးလိုက်တယ်။


ပုစွန်ဆီပြန်ဟင်း


US$ 19.98

ပုစွန်ကို ဆား၊ ဆနွင်းမှုန့်၊ ဟင်းခတ်မှုန့် နည်းနည်း၊ ငံပြာရည်လေး ၂စက်လောက်နဲ့ နယ်ပေးထားပီးနောက်မှာ ....  ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန့် နဲ့ ဆီသတ်ပီး ချက်လိုက်တယ်။ 

ပီးမှ မန်းကျည်းမှည့်ရည်လေး လောင်းထည့်ပီး ဆီပြန်လာတဲ့ အထိ ချက်လိုက်တယ်။


ပုစွန်ဆီပြန်ဟင်း

Avon Pizza





Pizza ဆိုင်ကို ရောက်တော့ စားနေကြ Hawaiian Pizza ကို မှာစားကြတယ်။ pinapple, bacon (အိုကေ)တယ်။ ဒါပေမယ့် Mozzarella cheese က ချဉ်တယ်။ ကိုယ်တို့စားနေကြ မဂိုလမ်းက Pizza corner က Hawaiian Pizza က ဒီလောက်မချဉ်ဘူး။ ရွှေမှာ ပီဇာ တခုကို ကိုယ်တို့  us လာခါနီးထိ စားနေတာ ဆိုတော့ 8000 ကျပ်။ US$8 လောက်ပေါ့။ ဒါပေမယ့် ဒီမှာက medium size - US$ 14.5 ပေးရတယ်။


bacon ပေါ်မှာ ချိစ်အုပ်ပီး ဖုတ်တာ မဟုတ်တော့ bacon တွေက တူးတဲ့ဟာတူးနဲ့။ ဘေးက ဂျုံသားတွေက ကြွပ်နေတယ်။ Pizza corner က ဘေးသားတွေဆို နူးနူးညံညံ ကြွပ်တာ။ သားသားဆို ပီဇာစားရင် ဘေးသားကို အရင်စားပီးမှ အလယ်ကို စားတာ။ အဲဒီဆိုင်က အီတာလျှံ အစစ်ကြီးကိုတော့ အားနာပါတယ်။ ဒါပေမယ့် ဒီက ပီဇာကို မကြိုက်ဘူး။
 



 
သားအဖ ၂ယောက်အအေးဗူး ကိုယ်စီနဲ့


ဖုန်းနဲ့ မှာစားပီး ပါဆယ်ယူသွားကြတာများတယ်။ ဆိုင်မှာတော့ လူနည်းတယ်။


ဒီမှာ ရတဲ့ ပီဇာ အမျိုးအစားတွေ









ဒါ ရန်ကုန်က Pizza corner က Hawaiian Pizza




သားနဲ့ သမီးက ပီဇာဆို အရမ်းကြိုက်ကြတော့ မွေးနေ့ဆို မွေးနေ့ကိတ်ထက် ပီဇာကို ပိုပီး စားချင်နေတတ်ကြတယ်။

Monday, May 30, 2011

Pig Ear Salad



ဝက်နားရွက်ကို A Dong super market က US$ 3.12 ၊ ၀က်လျှာကို US$ 3.06 နဲ့ ၀ယ်လာပါတယ်။ ၀က်နားရွက် နဲ့ ၀က်လျှာကို ရေသေချာဆေးပီး ဟင်းခတ်မှုန့်၊ ဆားနဲ့ အရင်နယ်ပေးထားလိုက်တယ်။ ပီးမှ


ပဲငံပြာရည် အကြည် နည်းနည်း၊ ပဲငံပြာရည် အနောက်တို့ နဲ့ နှယ်ပီးတဲ့အခါမှာ အိုးထဲကို ထည့်၊ ကြက်သွန်ဖြူ၊ ဂျင်း ဓားပြားရိုက်ထားတာ ထည့်ပီး မီးအပူပေးလိုက်တယ်။

အသားအိုး ဆူလာမှ ရေကို အသားတုံး မြုပ်တဲ့အထိ ထည့်ပီး ပြုတ်ထားလိုက်တယ်။



ဝက်နားရွက်များ ပြုတ်နေတုန်းမှာ ဂေါ်ဖီ၊ သခွားသီး ကို ပါးပါးလှီးထားပီး ငရုတ်သီးစိမ်းကိုတော့ ကတ်ကျေးနဲ့ ပါးပါးလေး ညှပ်ထားလိုက်တယ်။




မီးမြေးမြေးနဲ့ တရေ လောက် ပြုတ်ထားသော ၀က်နားရွက်၊ ၀က်လျှာများ ကျက်သွားသောအခါ ပါးပါး လှီးထားလိုက်တယ်။

ကြက်သွန်ဖြူ ကို ဓားပြားရိုက်ပီးတော့ ဆီချက် ချက်ထားလိုက်တယ်။



ဝက်နားရွက်၊ ၀က်လျှာ၊ ဂေါ်ဖီ၊ သခွားသီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ သံပုရာသီး၊ ငရုတ်ဆီ၊ ကြက်သွန်ဖြူကြော် ပါတဲ့ ကြက်သွန်ဖြူ ဆီချက် တို့နဲ့ နယ်ထားသော ၀က်နားရွက်သုပ်။


မသုပ်ခင် ပြင်ဆင်ထားပုံ



နှယ်ပီးပုံ



ဝက်နားရွက်ရဲ့ ကြွပ် ၊ ကြွပ် နဲ့ ခပ်ဆတ်ဆတ်လေး ၀ါးရတဲ့ အရသားလေးရယ်၊ ဂေါ်ဖီရဲ့ အရသာရယ်၊ ကြက်သွန်ဖြူ ဆီချက်ရယ်ပေါင်းလိုက်ပီး ချဉ်၊ ငံ၊ စပ် အရသာမို့လို့ ခံတွင်းလိုက်တဲ့ ဟင်းတမျိုးပါ။

ဘဲဥချဉ်ရည်ဟင်း


ပဲနီလေးကို ကြက်သွန်ဖြူ ပါးပါးလှီးထားတာနဲ့ အရင်ဆုံး ဆီသတ်လိုက်တယ်။ ငရုတ်သီးအစိမ်းမှုန့်လေးပါ ထည့်လိုက်တယ်။ ပီးမှပဲ Deep အိန္ဒိယဆိုင်က ၀ယ်လာတဲ့ အထုပ်ထဲက အစေ့လေးတွေကိုပဲ ရွှေးပီး ထည့်မွှေလိုက်ပါတယ်။

မန်းကျည်းမှည့်ရည်လေးဖျော်ထားတာ လောင်းထည့်၊ ပျဉ်တော်သိမ်ရွက်ထည့်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့် လိုသလောက် ထည့်ပီး ...... ရေလေးထည့် ..... ပဲနီလေးကို ပဲနှပ်တဲ့အထိ တည်ထားတဲ့ ပဲနီလေး ချဉ်ရေဟင်း ဖြစ်ပါတယ်။

 ပဲနီလေးကို ကိုယ်အမျိုးမျိုး ဟင်းရည်ချက်သောက်တတ်ပါတယ်။ ဒီလိုမျိုး ချက်တာတော့ အကြိုက်ဆုံးပဲ။ ပဲစင်းငုံကို ပြုတ်ပီး အရည်ချည်းပဲ ယူပီးနောက်  မန်းကျည်းမှည့်ရည်လေး၊ နဲ့ ချက်ထားတဲ့ မနုသနီဟင်းရည် အရသာမျိုးနဲ့တူလို့  အကြိုက်ဆုံးပါ ။

ပဲနီလေးကို ဂျင်း၊ စပါးလင် ထုံးပီး ပဲကြာဇံလေးနဲ့ ရောချက်တာကိုလည်း ကြိုက်တယ်။ 



ဒီ အထုပ်ထဲက အစေ့လေးတွေပဲ ယူချက်ထားပါတယ်။


Fish powder - US$ 3.95

ဒီဗူးလေးကတော့ ပုစွန်ခြောက်လိုမျိုး ငါးခြောက်မှုန့်ပါ။ စားလို့ တမျိုး ထူးခြားတဲ့ အရသာလေး ပေးလို့ သဘောကျတယ်။ ငပိစိမ်းစား အစား သုံးရင်လည်း ရတယ်။ 

ဒီနေ့ ချက်တဲ့ ဘဲဥချဉ်ရည်ဟင်းက ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီး အစိမ်းမှုန့် ဆီသတ်ပီးတဲ့အခါမှာ ဒီ ပုလင်းထဲက ငါးခြောက်မှုန့်ကိုပါ ထည့်နယ် ပီး ဆီသတ်လိုက်ပါတယ်။ 

ပီးမှ ဘဲဥပြုတ်ပီး နည်းနည်းပြန်ကြော်ထားတဲ့ ဘဲဥပြုတ်ကြော် အလုံးလေးတွေကို ထည့်မွှေ၊ မန်းကျည်းမှည့်ရည်လေးထည့်၊ ဆားလေးနည်းနည်းလောက် ထည့်ပီး မွှေပေးထားတယ်။

နည်းနည်းလေး ဆူလာမှ ရေလေး ခပ်စပ်စပ်လောက် ထည့်ပီး မီးအပူနဲ့ ခဏလောက် တည်ထားပေးလိုက်တယ်။

ဘဲဥ အလုံးထဲကို မန်းကျည်းမှည့်ရည် နဲ့ ငါးခြောက်မှုန့် အရသာလေး ချဉ်၊ ငံ အရသာလေး ၀င်နေအောင်လို့လေ။ 




ဘဲဥ တလုံး US$ 0.75 .... (10) လုံးကို US$ 7.5

ရွှေမှာ ဘဲဥ တလုံးကို ၁၂၀ ကျပ်။ ဆယ်လုံးကို ၁၂၀၀ ကျပ်။ ဒေါ်လာနဲ့ဆို US$ 1.5 လောက်ပဲ ရှိပါတယ်။ 
ဒယ်ဒီက စားချင်လို့ ချက်ကျွေးပီးတော့မှ အမလေး US$ 7.5 ဆို ဒီမှာ  ဘဲဥ ချဉ်ရည်ဟင်း ချက်စားရတာ
တခြား ၀က်သား၊ ကြက်သားထက်တောင် များနေပါသေးတယ်။

ဒယ်ဒီကတော့ အဲလိုမျိုး တွက်ချက်နေတာမျိုး သိပ်မကြိုက်ပါဘူး။ ကိုယ်ကတော့ တွက်နေကြမို့ ဘာရယ်မဟုတ်ပါဘူး။ ဒီလိုပဲ ဟိုတွက် ဒီတွက်ပါ။ 


Sunday, May 29, 2011

Home made cake


Duncan Hines - Moist Deluxe - Dark Chocolate Fudge (weight - 18.25oz) = US$ 4.15

Stop and shop super market မှာ ဈေးဝယ်ရင်း ကိတ်မုန့်လုပ်တဲ့ ပစ္စည်းတွေ ရောင်းတဲ့ အတန်းကို ရောက်တော့ ဘာရယ် မဟုတ်ပါဘူး။ ကြည့်လိုက်မိတာ။ ဟယ် ... ready made ကိတ်မုန့်လုပ်တဲ့ ဗူးလေးတွေ ၄ ကျပ်ကျော်ပဲ ရှိတာရယ်။ ဗူးအနောက်က ကိတ်မုန့် လုပ်ပုံ လုပ်နည်းလေးတွေ ဖတ်ကြည့်တော့ လွယ်လွယ်လေးရယ်။ ဒါနဲ့ပဲ ၀ယ်လာလိုက်တယ်။ သမီးက အရမ်း .... အရမ်းကို ကိတ်မုန့် လုပ်ချင်နေတာလေ။ ကိုယ့်ကလည်း ကိတ်မုန့်တွေ တခါ မှ ကို မလုပ်ခဲ့ဖူးဘူး။ မသင်ထားခဲ့ဘူးလေ။ 



cake mix

ဒါက ကိတ်မုန့်ဗူးထဲက ပါတဲ့ အမှုန့်။ 



3 Large eggs, 1 1/3 cups water and 1/2 cup vegetable oil

ဗူးအနောက်မှာ ပါတဲ့ အညွန်းအတိုင်း ဥ ပေါ့။ အဲဒီမှာ ကိုယ့်က Asian market က ဘဲဥ ၃ လုံး ထည့်လိုက်တယ်။ အဲဒီ ဘဲဥက ထူးဆန်းပါ့။ အထဲမှာ အနှစ် ၂ လုံးတောင်ပါတယ်။ အမွှာပူး ဘဲဥပဲ။ ရောင်းတဲ့ ဆိုင်ကလည်း ပြောပါတယ်။ အနှစ် ၂ ခု ပါမယ်တဲ့ ဘဲဥ တလုံးစီမှာ။ 

ဘဲဥ ၃ လုံးကို အဆင့်သင့် ခေါက်ထားလိုက်ပါတယ်။

ရေက ထမင်းချက်တဲ့ rice cooker cup နဲ့ ၁ခွက် နဲ့ သုံးပုံ တပုံ ထည့်ထားတယ်။ အဆင့်သင့်။ ပီးတော့ 

vegetable oil ဆိုတော့ အိမ်မှာက corn oil သုံးတာလေ။ ဒါလည်း vegetable oil ပဲလေ။ :P




pour batter in pan size 13 x 9 - inch.

ကိုယ့်က ကိတ်မုန့်လုပ်တဲ့ စက်နဲ့ မွှေမှ ဂျုံတွေ ညက်မယ်ထင်တာ။ မဆိုးဘူးပဲ။ ဂျုံသားတွေ နဲ့ စောပိုင်းက ၃မျိုး ကို ကြွေဇလုံထဲ ထည့်ပီး ရိုးရိုးဇွန်းနဲ့ပဲ ညက်နေအောင်မွှေတာ ခဏလေးပဲ မွှေလိုက်ရတယ်။ ပီးတာနဲ့ pan ထဲ ထည့်လိုက်တယ်။ အဲဒီ ကိတ်မုန့်ဖုတ်တဲ့ pan တွေကလည်း ဘယ်လောက်မှ မပေးရဘူး။ ၂ ကျပ်လားပဲ။ တခု ၀ယ်ရင် အဲလို pan မျိုး ၂ ခုလောက်ပါတယ်။ shape အမျိုးမျိုးပဲ။ အ၀ိုင်းတွေကော အသဲတွေကော။ အစုံပဲ။ လာမည်။ ကိတ်မုန့်များကို အမျိုးမျိုးဖုတ်တော့မည်။ cake cream presser လည်း ၄ ကျပ်ကျော်ပဲ ပေးရတယ်။ လာမည်။ သွားဝယ်တော့မည်။ တပတ်ကို တလုံးလောက်။ sugar free မို့ တော်တော့သည်။ cookie ကလည်း ဒီဇိုင်းအမျိုးမျိုးပဲ။ ready made တွေချည်းပဲ။ ကွတ်ကီးဗန်းတွေကလည်း လှ မှ လှပဲ။ အရုပ်ဒီဇိုင်းတွေနဲ့။



bake in oven

ကိတ်မုန့်ဗန်းကို oven ထဲ ထည့်လိုက်ပါပီ။




350'F - 35 minutes

ဗူးထဲက အညွှန်းအတိုင်း ၃၅၀ ဒီဂရီ ထားပီး ၃၅ မိနစ် မီးဖုတ်လိုက်တယ်။ ခဏလေးပဲ။



cake

၃၅ မိနစ်လည်း ပြည့်ရော ရပါပီ။ ကိုယ့်တို့ သားအမိတွေရဲ့ ပထမဦးဆုံးဖုတ်တဲ့ ကိတ်မုန့်လေး။ သားသား နဲ့ သမီးဆိုတာ ပျော်နေတာလေ။




dark chocolate cake

အဲမယ် ... အဲမယ် ကိုယ်က ကိတ်မုန့်ဖုတ်တဲ့ ready made ဗူး ၀ယ်ရင်းနဲ့ ready made cream ဗူးပါ ၀ယ်လာပါသေးတယ်။ တဗူးကို ၂ကျပ်ကျော်လားပဲ။ တွက်လိုက်တာ က ချောကလက်ကိတ် ဆိုတော့ ချောကလက် cream ဆိုပီး လွယ်လွယ်ကူကူ ၀မ်းဆက်တွက်လိုက်မိတာပါ။ ကိတ်မုန့်ဗန်း oven ထဲက မထွက်လာခင်တည်းက အဆင့်သင့် လုပ်ထားတာ။ ready made cream တွေကို zipper အိတ်ထဲ ထည့်ပီး ကတော့ပုံစံ အချွန်လေးနဲ့လေ။ အနောက်နားလေးမှာ။ ကိတ်မုန့်ဗန်းလည်း ထွက်လာရော အွန် ... ဒီ ချောကလက်ကိတ် ပေါ်ကို ချောကလက်ခရမ် တင်လို့ကတော့ same color ဖြစ်နေတယ်လေ။ different cream color ၀ယ်လာရမှာ။ အတွေ့အကြုံပေါ့။



cool

အိမ်မှာရှိတဲ့ လေးထောင့်ပန်းကန်ပြားထဲ ထည့်လိုက်တော့ ကွက်တိပဲ။ ကိတ်မုန့်က။ ပထမဦးဆုံး pan ပေါ်ကို ပန်းကန် အုပ်ပီးမှ မောက်ချပလိုက်တာလေ။ ဟ ... ချ .. လောင်း ဆိုပီး ခလေးတွေက မျက်တောင်မခပ် ကြည့်နေတာ။ မီးဖိုချောင် မှာလည်း ခုံတွေ နေရာယူပီး ရပ်ကြည့်နေကြတာလေ။ ကိတ်မုန့်ဖုတ်တုန်းက ဆီထည့်ထားတော့ လွယ်လွယ်ကူကူပဲလေ။ ကိတ်သားတွေ မပဲ့ကျပဲနဲ့ကို အပုံလိုက်လေး ကျလာတာ။

ချောကလက် ခရမ်တွေကိုပဲ မီးလေးနဲ့ အပူ နည်းနည်းပေးပီး အရည်ပျစ်ပျစ်လေး ရတော့ ကိတ်မုန့်သားပေါ်ကို လောင်းချလိုက်ပါတယ်။




Henry's decorate with cherry and chocolate rice.

ဒါ သားတော်မောင် လက်ပါ။ chocolate rice လေးတွေကို ဖြူးနေတာပါ။ ချယ်ရီသီးတွေ အပါပေါ့။ 




Angel and Henry're deco cake.

သမီးက အရုပ်လေးတွေ တင်ပါတယ်။
  ဒယ်ဒီက အိမ်ရှေ့ကနေ လှမ်းအော်ပါသေးတယ်။ ပိနဲသီး ready made အသီးဗူးတွေ ရှိသေးတယ်နော်တဲ့။ ပိနဲသီးတော့ မထည့်တော့ပါဘူး။

 

deco their toy.

စားရတာ အရမ်းလည်း အရသာ ရှိပါတယ်။ ပျော်ဖို့လည်း ကောင်းပါတယ်။ ကိတ်မုန့် ဖုတ်ပီး မိနစ် အနည်းငယ်လောက် ရေခဲသေတ္တာ ထဲ ထည့်လိုက်ရင် ရပါပီ။ ရောင်းတန်းဝင် ကိတ်မုန့် အရသာမျိုးမို့ ကိုယ့်တို့တော့ နောက် ဆို ready made ကိတ်မုန့်များ၊ ready made ပီဇာများ၊ ready made ကွတ်ကီးများ ဖုတ်ပါတော့မည်။