Saturday, December 17, 2011

Shin Meat


 အမဲသားဟင်း


shin meat တည်နေရာ (အနီရောင်ခြယ်ထားတဲ့ နေရာ)


shin meat ဈေးနှုန်း
 



အသားစိုင် ၂ တုံးကို ရေသေချာဆေးပီး သင့်တော်သလို လှီးဖြတ်လိုက်တယ်။ ပီးတာနဲ့ ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းမှုန့် နဲ့ နှယ်ပီး ၁ နာရီလောက် နှပ်ထားလိုက်ပါတယ်။




ဆီ ကို လိုသလောက်ထည့် ။ အပူပေး။ ဆီပူပီဆိုတာနဲ့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်၊ ငရုတ်သီး အရောင်တင်မှုန့်ထည့် ဆီသတ်ပီး၊ ရှစ်စိတ်ခြမ်း ခရမ်းချဉ်သီးထည့်တယ်။ စပါးလင်ကို တချောင်းလုံး ပါးပါးလှီးပီး ထည့်မွှေတယ်။ ပီးမှ နှပ်ထားတဲ့ အမဲသားများကို ထည့်တယ်။ ငရုတ်သီးစိမ်းကို ထက်ခြမ်းမခွဲပဲ အညှာပဲ ခြွေပီး ထည့် မွှေထားလိုက်တယ်။

အသားလေး ကျစ်လာပီ ဆိုမှ ရေကို အသားတုံး မြုပ်အောင် ထည့်ပီး ၅ ရေလောက် ချက်ထားရတဲ့ shin meat ပါ။ အိမ်မှာ ကလေးများ ရှိတော့ အသားနူးအောင် ချက်ရပါတယ်။ ဒီ အသားက တော်တော် အကျောမာတယ်။ ရိုးရိုး အမဲသားက ၃ ရေ လောက်ဆို နူးတယ်။ ဒီအသားကျတော့ ဒီနေ့ ချက်တာ ၃ ရေ နဲ့ မနူးတာနဲ့ ရေ ကို ၅ ရေလောက် အသားတုံး မြုပ်ရုံပဲ ရေထည့်ပီး အသားတုံး တ၀က်နားလောက် ရောက်ပီး ရေဆူလာပီဆိုရင် ပြန် ပြန်ဖြည့်ပေးရတာ ငါးခေါက်။ နောက်ဆုံးတစ်ရေမှာ ပါးပါးလှီးထားတဲ့ နံနံပင်လေး အုပ်ရင်း ဆားလေး နည်းနည်းလောက် နှမ်းဖြူးသလောက်ပဲ ထည့်မွှေပေးထားလိုက်တယ်။ 
 
ဆီကျန် ရေကျန်လေး လိုချင်တာ ဆိုတော့ မီးမြေးမြေးနဲ့ ချက်နေရာကနေ နံပါတ် ၂ လောက် လျှော့ပီး ဆီပြန် ရေကျန် အနေအထားကို ချက်ထားလိုက်တယ်။ ဆီနည်းနည်း ဟင်းအနှစ်များများ (ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ စပါးလင် နဲ့ ချက်ထားတာဆိုတော့ မီးမြေးမြေး အနေအထားနဲ့ပဲ ဆက်ချက်ရင် အိုးကပ်သွားမှာစိုးလို့ ဟင်းအိုးဆူပီးဆိုတာနဲ့ မီးကို နံပါတ် ၂ လောက် လျှော့ပီး ဆီပြန် အသားကျစ်နေအောင် ချက်ထားသော Shin Meat.




ဟင်းအိုး


 
စပါးလင် အနံသင်းသင်းလေးနဲ့ ချက်ထားသော အမဲသားဟင်း



သူ့အရသာက တမျိုး စားလို့ကောင်းတယ်။ အသားနွှင်ပီး ကြက်သွန်နီကြော်နဲ့ အမဲသားမျှင်ကြော် ကြော်စားရင်လည်း ကောင်းတယ်။ နောက်များမှ ပဲပြုတ်ထမင်းကြော်နှင့် တွဲစားပါအုံးမည်။ 




ပဲနီလေးကို ကြက်သွန်နီပါးပါးလေးလှီးပီး ပျဉ်တော်သိမ်ရွက်နဲ့ ချက်ထားသော ပဲနီလေး ဟင်းချို





ဒါက နယူးယောက်က ပဲပြုပ် ( လောလော လတ်လတ် .... လက်ဆောင်ရထားပါတယ် ) 



2 comments :

Anonymous said...

ခြေလေးချောင်းသားဆို..
တော်တော်များများက
ရှောင်ကြပေမယ်
ညီမကတော့.အကောင်လိုက်မောင်းသွင်းတယ်း)
ကြားတော့ကြားဖူးတယ်.
အမဲသားစားရင်.အသားရည်လှတယ်ဆိုလား :P

ချက်နည်းလေးတွက်
ကျေးဇူးပါအစ်မရေ
ပျော်ရွှင်ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ

Thet Nandar Family said...

သမီးစံ ....

အမဲသားစားရင် သွေးအားကောင်းတယ်ဆိုတာတော့ ကြားဖူးတယ်။

အသားရည်လှတာ ဟင်းသီးဟင်းရွက်တွေ စားတာလို့ ကြားဖူးတယ်။

လိမော်ရည်၊ သခွါးသီး၊ ထောပတ်သီး အသီး အမျိုးမျိုးကလည်း အသားရည်လှတယ်။

ခွေးမှာ ဆိုရင်တော့ ရန်ကုန်အိမ်မှာတုန်းက မွေးထားတဲ့ ရှီဆူးခွေးလေးကို အမဲသားနေတိုင်းကျွေးလို့ ခွေးကို ကုသပေးတဲ့ဆရာဝန်က ခွေးတွေ အမဲသားစားရင် သန်ထတယ်တဲ့။
ဝက်သားစားရင် အမွှေးကျွတ်တတ်တယ်။

သမီးစံလည်း ပျော်ရွှင်မှုတိုင်းကို ခံစားပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။