Tuesday, December 20, 2011

Kidney Beans Rice




 


နှုတ်နှုတ်စင်းထားသော ကြက်သွန်နီ ၁လုံး နီးပါး
ဂျင်း အနည်းငယ်
ခရမ်းချဉ်သီး ၁လုံး
စမုံစပါး လက်ဘက်ရည်ဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်းတောင့် ၄တောင့်
ငရုတ်သီးတောင့်ကြော် ၅တောင့်
ဆနွင်းမှုန့် လက်ဘက်ရည် ဇွန်းတ၀က်
ငရုတ်သီး အရောင်တင်မှုန့် လက်ဘက်ရည် ဇွန်းတ၀က်
မဆလာ လက်ဘက်ရည် ၁ ဇွန်း
သံပုရာရည် လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဆား အနည်းငယ်
နံနံပင်


ကြော်မယ့်အိုးထဲမှာ ဆီကို နည်းနည်းထည့်ပီး ဆီပူလာပီဆိုတာနဲ့ ငရုတ်သီးတောင့်ကြော်ကို ကြော်ထားပီး ခပ်ထားလိုက်တယ်။ ပီးရင် ....
စမုံစပါး လက်ဘက်ရည် ၁ဇွန်းထည့်တယ်။
နှုတ်နှုတ်စင်းထားသော ကြက်သွန်နီ၊ ဂျင်း ထည့် ဆီသတ်တယ်။
ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ကုလားလေး မဆလာ ထည့်မွှေပီးမှပဲ
ပါးပါးလှီးထားသော ခရမ်းချဉ်သီး တလုံး ထည့်ပါတယ်။
kidney bean ထည့်တယ်။
သံပုရာရည် လက်ဘက်ရည် ၁ဇွန်း ( သံပုရာသီး တခြမ်းစာလောက် နီးပါး)ထည့်တယ်။
ရေလေး အနည်းငယ်ထည့်ပီး ဆီပြန်လာပီဆိုမှ နံနံပင်လေး အုပ်လိုက်ပါတယ်။


ထမင်းနှင့် တွဲစားရင် စားလို့ကောင်းတယ်။

 


Kidney Beans Rice



ကုလားလေး မဆလာ ပါလို့ ပိုစားကောင်းတာလည်း ပါတယ်။

ဒီ Kidney Beans ကို ပဲကတီပါသုပ်လိုမျိုး ပါးပါးလှီးထားသော ကြက်သွန်နီ၊ နှမ်းဆီ၊ ဆား နဲ့ သုပ်စားရင်လည်း တမျိုး စားလို့ကောင်းမှာပါပဲ။

နောက်တမျိုး အနေနဲ့ Kidney Beans ကို ပဲလုံးသုပ်လိုမျိုး ပါးပါးလှီးထားသော ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ပဲ၊ ငရုတ်သီးစိမ်း၊ ဆား၊ ကုလားလေး မဆလာမှုန့်၊ ကုလားပဲရည်၊ မန်းကျည်းရည်၊ ပူစီနံ၊ ငရုတ်သီးတောင့်ကြော် နဲ့ သုပ်စားလည်း အရမ်းကို စားလို့ကောင်းမှာ အမှန်ပါပဲ။ 


ကောက်ညှင်းကို rice cooker နဲ့ ချက်ပီး warm ခလုတ်တက်လာတာနဲ့ သံဗူးထဲက Kidney Beans တွေကို ထည့်မွှေပေးပီး ထမင်းအိုး အဖုံးပိတ်၊ ခလုတ်နှိပ်ပီး ပြန်ပေါင်းချက်ထားသော ပဲပါသော ကောက်ညှင်းပေါင်း။


ပဲ ကောက်ညှင်းပေါင်း

 
အုန်းသီးခြစ်ပါ ဖြူးထားသော ကောက်ညှင်းပေါင်း


ဒီ ပဲကို သကြားနဲ့ နှယ်ပီး ချက်လို့ရတဲ့ ပဲအချိုကို ပဲပေါက်ဆီထဲ ထည့်ချက်လို့ ရပါသေးတယ်။ နောက်များမှ ။

အိမ်မှာ ပေါက်ဆီလုပ်ဖို့ ready made အထုပ် ၀ယ်ထားတာတော့ ကြာပီ။ You Tube ကနေ ပေါက်ဆီ လုပ်နည်း video လည်း bookmark လုပ်ထားပီးပီ။ မအားသေးတာနဲ့ မလုပ်ဖြစ်သေးဘူး။







အရင်ပိုစ့် ....
 

ဂျုလိုင်လ၊ ၂၀၁၁ အချိန်တုန်းက ချက်စားခဲ့သော Kidney Beans Rice


0 comments :