Monday, December 5, 2011

Gingerbread








ဒီတံဆိပ် ... ဒီ ready made cookie ထုပ်ကို .... အိမ်မှာ ချက်လိုက်တာက ....  
ready made အမှုန့် နှင့် အတူ ....
ထောပတ် တတုံး - ဆန်ချိန်ခွက် နဲ့ ဆိုရင် ခွက်တ၀က်လောက် ထောပတ် - အရည် ရတယ်။
ရေ - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ - တစ်လုံး 
ထည့်နှယ်ထားပီးနောက် ...
နှယ်ပီးသား ဂျုံကို ရေခဲသေတာထဲ တစ်နာရီလောက် နှပ်ထားလိုက်တယ်။




ကွတ်ကီးကင်တဲ့အခါ သုံးတဲ့ paper ကို oven ကင်တဲ့ ဗန်းပေါ် ဖြန့်ခင်းလိုက်ပီး ရေခဲသေတာထဲက ဂျုံကိုထုပ်၊ ဂျုံပြားရအောင် ပုလင်း (သို့မဟုတ်) Roller နဲ့ လိမ့် ... ပီးရင် cookie cutter နဲ့ ဖြတ်ပီး 
 


oven နဲ့ 375 ºF ... ဂျုံသားပြားတဲ့ ကွတ်ကီးဆိုရင် ၇ မိနစ် နဲ့ ကွတ်ကီး ဂျုံသား နည်းနည်းထူတဲ့ ကွတ်ကီးဆိုရင် ၉ မိနစ် ၁၀ မိနစ်လောက် ကင်လိုက်တယ်။


Gingerbread cookie ချက်ပီး နောက် ၂ ရက်ကြာ သကြားကွတ်ကီး မုန့်လုပ်ပါသေးတယ်။ 

0 comments :