Friday, December 16, 2011

ရွှေချီ


ရွှေချီ ဆနွင်းမကင်း
 




ရွှေချီ - ၂ ခွက်


သကြား - ၃ ခွက်
ထောပတ် - ၆ အောင်စ (3/4 cups)
အုန်းနို့ရည် - ၂ ဗူး
ဆား - လက်ဖက်ရည်ဇွန်း တ၀က်


ဘိန်းစေ့


ရွှေချီ - ၂ ခွက်ကို အနီရောင် သန်းတဲ့ အထိ လှော်လိုက်ပီး ၊ ဆက်တိုက်ဆိုသလို
သကြား - ၃ ခွက်၊ ဆား နည်းနည်းထည့်၊
အုန်းနို့ရည် ( အုန်းနို့ ၂ ဗူးထဲက ၃ ၊ ၄ ဇွန်းလောက် ချန်ထားပီး ကျန်တာ အကုန်ထည့်)
ထောပတ် (လေးပုံ ၃ ပုံ ထဲက ၃၊ ၄ ဇွန်းလောက် ချန်ထားပီး ကျန်တာ အကုန်ထည့်)
 

အဆက်မပြတ်မွှေပေးထားလိုက်တယ်။ မုန့်ကျက်ပီဆိုရင် ....


oven foil မှာ ထောပတ်ဆီ အရင်သုတ်ပီး ရွှေချီတွေ လောင်းထည့်။


မုန့်မျက်နှာပြင်ကို ညီအောင်ညှိပီး



အုန်းနို့ရည်ဖျန်း
 

ဘိန်းစေ့ဖြူး


oven မှာ အပေါ်မီး Broil - ၁၅ မိနစ်
အောက်မီး ၃၅၀ ºF - ၁၅ မိနစ် 

(ဒီထက် ပိုတင်လို့လည်း ရတာပါပဲ။ ရွှေပုစွန် ရွှေချီ ဆနွင်းမကင်း လို မုန့်မျက်နှာပြင်နီရောင်သန်းသန်းလေး အထိ ဖုတ်လို့ရတယ်)


အဲဒီ မိနစ်နဲ့ဆို မုန့်မျက်နှာပြင် သိပ်ပီးတော့ နီရောင် မသန်းပါဘူး။ ကိုယ် တူးသွားမှာ ကြောက်တာနဲ့ oven ထဲက ထုတ်ပီး ရေခဲသေတာ အောက်ထပ်မှာ ၁၅ မိနစ်လောက် အအေးခံပီးမှ ရွှေချီ ဆနွင်းမကင်းတုံး လှီးထားတာ။



 ရွှေချီ ဆနွင်းမကင်း  လေးထောင့်တုံး


ဒူးရင်းသီးလေး ထည့်ပီး ရွှေချီဆနွင်းမကင်းလေး ချက်ချင်ပါသေးတယ်။




ရွှေပုစွန်ပိုစ့် မှာ သမီး Angel ကြိုက်တဲ့ ရွှေပုစွန်က snow ball ကွတ်ကီးကို စားချင်နေတာနဲ့ ဒီမှာ ၀ယ်လို့ရတဲ့ Meringue cookie ကိုပဲ ၀ယ်စားလိုက်ပါတော့တယ်။





14 comments :

Candy said...

တီတီ အဲ့ဒီရောက်တာ ၈လပဲရှိသေးတာလား.. ဒါဆို ဘလော့က ရန်ကုန်မှာထဲက ရေးတာပေါ့..
ကန်ဒီလည်း ပြန်ချင်တာ.. ဒီဇင်ဘာဆိုပြီး ပြန်ကြတဲ့လူတွေ အများကြီးပဲ :(

Thet Nandar Family said...

Candy ....

USA ရောက်တာက ဒီလဆို ၈ လ။

ဘလော့က ရန်ကုန်မှာနေကတည်းက အမှတ်တရ မှတ်တမ်းတင်လာတာ ....

ဒီဘလော့ (blogspot) ကတော့ အမေရိကားရောက်မှ စပီး ရေးတာ။ blogspot သက်တမ်းက ဒီနေ့ဆို ၇ လနဲ့ ၂ ရက်။

အရင် ဘလော့ အဟောင်း (wordpress) ဘလော့သက်တမ်းကတော့ ၂ နှစ်၊ ၇ လ နဲ့ ၁ ရက်။

ဒါပေမယ့် ဘလော့သာ ရေးတာ သိတဲ့လူ သိပ်မရှိဘူး။

သက်ဝေ said...

ရွှေချီ လုပ်စားချင်လို့  လာကြည့်သွားတယ်... ကျေးဇူး... :-))

Anonymous said...

မုန်.ဖုတ်တာကလေ microwave oven နဲ.ကောဖုတ်လို.ရလားဟင်

Anonymous said...

ဘလော့ရေးတာ.သိတဲ့သူ
သိပ်မရှိတာမဟုတ်ဘူးရှင့်
တစ်ခါလာတိုင်း..
တစ်ခါ..ဂလု.ဂလုနေရလို့
မလာရဲကြတာနေမှား))
ရွှေချီတွေလည်း.စားသွားပါတယ်
ငယ်ငယ်က.ခုချိန်ထိ.ရွှေကြည်ပဲသိတာ
ဘာကွာလဲသိဘူးနော်.အစ်မး)


ဆွိဒီဇင်ဘာလေးဖြစ်ပါစေရှင်

ချစ်ခင်စွာဖြင့်
မိစံ

Thet Nandar Family said...

သက်ဝေ ....

မသက်ဝေ .... လာလည်ပီး ကွန့်မန့် ချန်ထားခဲ့ပေးတာ ကျေးဇူးတင်ပါတယ်။

Anonymous .....

microwave oven နဲ့ ရပါတယ်။

အမ ရန်ကုန်မှာနေတုန်းက microwave oven နဲ့ ထမင်း၊ ဟင်းလည်း ချက်ဖူးသလို။

ငါးနဲ့ ကြက်သားလည်း ကင်ဖူးတယ်။

ဘေးနားမှာ Function key တွေ ကစားပီး ချက်ဖူးတယ်။

microwave oven နဲ့ ကိတ်မုန့် ဖုတ်ချင်ရင် ချက်နည်း အညွှန်း yahoo answer မှာ တွေ့လို့ share ပေးလိုက်ပါတယ်။

Microwave Chocolate Cake

INGREDIENTS

1 1/2 cups all-purpose flour
1 cup sugar
3 tablespoons baking cocoa
1 teaspoon baking soda
1/4 teaspoon salt
1 cup cold water
1/3 cup vegetable oil
1 tablespoon vinegar
1 teaspoon vanilla extract

CHOCOLATE SAUCE:

1 cup sugar
3 tablespoons cornstarch
2 tablespoons baking cocoa
1 cup boiling water
Dash salt
1 tablespoon butter
1 teaspoon vanilla extract

DIRECTIONS

In a bowl, combine the first five ingredients. Stir in water, oil, vinegar and vanilla until well blended. Pour into an ungreased 8-in. square microwave-safe dish. Microwave on high for 6-8 minutes, turning the dish every 2 minutes, or until a toothpick inserted near the center comes out clean. In a 1-qt microwave safe bowl, combine sugar, cornstarch and cocoa. Stir in water and salt. Microwave 1 minute more. Stir in butter and vanilla. Spoon over pieces of warm cake.

This recipe was tested in a 700-watt microwave

....

Easy Microwave Chocolate Cake

Prep Time: 6 Minutes
Cook Time: 2 Minutes Ready In: 8 Minutes
Yields: 1 servings

INGREDIENTS:

3 tablespoons butter, softened
2/3 cup white sugar
1 egg
1 teaspoon vanilla extract
1/4 cup milk 1/2 cup all-purpose flour
2 tablespoons cocoa powder
1/4 teaspoon baking powder
1 pinch salt

DIRECTIONS:

1. Spray a medium microwave-safe bowl with non-stick spray and set aside. In a mixing bowl, combine the butter, sugar, egg, vanilla extract, and milk; blend together. Combine the flour, cocoa powder, baking powder and salt; blend into the mixture until smooth. Pour into greased bowl.
2. Cover and cook in the microwave on high for 2 to 2 1/2 minutes, or until cake springs back when touched. Since all microwaves cook differently, adjust the cooking time to accommodate your machine. To serve, let the cake cool five minutes, then cover the bowl with a plate and turn both bowl and plate upside down so the cake falls onto the plate.

credit : http://in.answers.yahoo.com/question/index?qid=20080208225639AA1tD23

မိစံ .....

http://www.ayar.co/q.php?q=%E1%80%B1%E1%80%9B%E1%80%BD%E1%80%BE%E1%80%81%E1%80%BB%E1%80%AE&ref=all&page=1

ဒီလင့်မှာ သွားပီး သတ်ပုံစစ်လို့ရပါတယ်။

Type your keyword နေရာမှာ ရွှေချီ လို့ ရိုက်လိုက်ပီး Search ကို နှိပ်လိုက်ပါ။


အဖြေ က ....

ရွှေချီ - Soojee, semolina လို့ ထွက်လာပါလိမ့်မယ်။

soojee ကိုတော့ ကိုယ် ထပ်ရှင်းမပြတော့ဘူးနော်။

ရွှေကြည် လို့ ရိုက်လိုက်ရင်တော့ ...

Not, found in this dictionary but you can submit. ဖြေပေးလိမ့်မယ်။

P.S ... ကိုယ် တချို့ comments တွေကို delete လုပ်လိုက်မိတယ်။

ကိုယ့် အိမ်မှာ ကိုယ့် မီးဖိုချောင်မှာ ကိုယ့် စိတ်တိုင်းကျ ကိုယ့်စိတ်နဲ့ ကိုယ့် ကို ချက်နိုင်ကြပါစေ ...

ဒီပိုစ့်မှာ

http://thiriyatanar.blogspot.com/2011/12/blog-post_07.html

Table manner ပြောလည်း မရ ....

ဘယ်လိုများ ပြောရမလဲး ....

ငါးထမင်းနယ်၊ ရှမ်းထမင်းချဉ် ပိုစ့်တုန်းကလည်း
တက်လာတဲ့ ကွန့်မန့်တွေ မနည်းကို delete လုပ်ရတယ်။

ငါးရယ်၊ ခရမ်းချဉ်သီးရယ်၊ အားလူးရယ် ရှိရှိသမျှ အကုန်ရောစပ် ထားပီး ရှမ်းထမင်းချဉ် နာမည်တပ်ထားတာ ဘယ်လို စားပေးရမှန်းတောင် မသိဘူး ဆိုတာတွေရော ... တော်တော်များတယ် comments တွေ။ မှတ်မိသလောက်ပဲ။

ရန်ကုန်က ၃၄ လမ်းက 999 တို့မှာ ရှမ်းထမင်းချဉ် ကို အသားနဲ့ စားတယ်။ ငါးထမင်းနယ်ကို အားလူးထည့်ပီးတော့လည်း စားတယ်။

တောင် နဲ့ မြောက် ကွဲနေတာကိုလည်း သိတယ်။

negative attitude နဲ့ comment ကို ရေးချင်တိုင်း ရေးပီး နောက်လှည့်မကြည့် ထားခဲ့တဲ့ စိတ်ဓါတ်မျိုးကိုလည်း တွေ့တယ်။

စိတ်ချပါ ကိုယ် Anonymous ကို မဖြုတ်ပါဘူး။

ရေးပေါ့။

ဖတ်ရတာပေါ့။

မကြိုက်ရင် Delete ပဲ။

ဒါက Personal Blog လေ။

ကိုယ့် ကိုယ်တိုင်တော့ သူများဆီမှာ comment ပေးခဲတယ်။

Anonymous said...

အမဆီကို ရောက်ဖြစ်ပေမဲ့ comment မရေးဖြစ်ခဲ့ဘူး.. ဒီနေ့တော့ အခဲမကြေတဲ့ ဆနွင်းမကင်းအတွက် ရေးဖြစ်ပြီ အမရေ... နှစ်ခါရှိပြီ လုပ်တာ မကောင်းလို့ အမရေ.. အမပြောတဲ့ ခွက်ဆိုတာ ... ချိန်ခွက်ထဲမှာပါတဲ့ cup ကိုပြောတာလားအမ... မှားမှာ စိုးလို့ မေးတာပါ... အမကို အားကျသွားတယ် ... သားသမီးနှစ်ယောက်နဲ့ ပျော်ရွှင်ဖွယ်မိသားစုလေးကိုပါ...

Thet Nandar Family said...

Anonymous ....

rice cooker မှာ ပါတဲ့ ခွက်ပါ။ အမ အဲဒါနဲ့ ချိန်ထည့်ရတာ အရမ်း အဆင်ပြေလို့လေ။

သားသမီး ရှိတာ ကောင်းလည်း ကောင်းသလို ... မရှိပဲ စိတ်လွတ် ကိုယ်လွတ် နေရတာလည်း တမျိုး ကောင်းတာပါပဲ။

ကလေးတွေကို စိတ်မချတာနဲ့ပဲ အခုထက်ထိ အလုပ်ထွက် မလုပ်ရသေးဘူးလေ။ :P

ဟီး ဟီး ဘယ်သူလည်းတော့ မသိဘူး။ ကိစမရှိပါဘူး။

အော် ... ရွှေချီ ဆနွင်မကင်းကလေ ကိုယ့် စိတ်ကြိုက် ထည့်ချင်တာ ထည့်လို့ ရသလို။

စားဖူးတဲ့ ရွှေချီဆနွင်းမကင်းအတိုင်း ထည့်ချင်တာ ထည့်စားလို့ ရပါသေးတယ်။

အိမ်က ရွှေချီ ဆနွင်းမကင်းက ရွှေပုစွန်က ရွှေချီလိုမျိုးပဲ plain.

HtooHtoo said...

သက်ရေ သက်ရဲ့ blog ကို ဟိုးတုန်းက ခဏခဏ လာဖတ်ဖြစ်တယ်။ comment တော့ တခါမှ ၀င်မရေးဖြစ်ဘူး။ ကြားထဲမှာ မြန်မာfont မတူလို့လားမသိဘူး၊ စာတွေ ဖတ်မရတာနဲ့ မလာဖြစ်တော့တာ။ ခုတော့ တန်းဖတ်လို့ရလို့ အဆင်ပြေတယ်။ ဆနွင်းမကင်း တခါမှ မလုပ်စားဖူး သေးလို့ သက်ရဲ့နည်းနဲ့ လုပ်ကြည့်လိုက်အုံးမယ်။ ကျေးဇူးပါနော်။

HtooHtoo said...

သက်ရေ သက်ရဲ့ blog ကို ဟိုးတုန်းက ခဏခဏ လာဖတ်ဖြစ်တယ်။ comment တော့ တခါမှ ၀င်မရေးဖြစ်ဘူး။ ကြားထဲမှာ မြန်မာfont မတူလို့လားမသိဘူး၊ စာတွေ ဖတ်မရတာနဲ့ မလာဖြစ်တော့တာ။ ခုတော့ တန်းဖတ်လို့ရလို့ အဆင်ပြေတယ်။ ဆနွင်းမကင်း တခါမှ မလုပ်စားဖူး သေးလို့ သက်ရဲ့နည်းနဲ့ လုပ်ကြည့်လိုက်အုံးမယ်။ ကျေးဇူးပါနော်။

Thet Nandar Family said...

Htoo Htoo ....

ရွှေချီ ဆနွင်းမကင်း ချက်တာ အဆင်ပြေပါစေ ....

ဇင် said...

ရွှေချီစားချင် နေတာကြာပြီး အခုမှ ဘယ်လို လုပ်တာ နဲ့ဘာထဲရလဲသိတော့တယ် အမ ကျေးဖူးပဲနော်။
ရွှေချီက Fine နဲ့ coarse ဆို ပြီး နှစ်မျိုးရှိလား အမ။ အမဘာသုံးတာလဲမသိဘူး။ မနေက မှ တွေလို ဝယ်လာတာ အိမ်ရောက်မှ Fine ရေး ထားတာသတိထားမိတယ်။ ဘိန်းစေ့ဖြူ ရှာမတွေ သေးလို မနေက အမဲဘဲတွေတာနဲမဝယ် ဖြစ်ဘူး။
....oven မှာ အပေါ်မီး Broil - ၁၅ မိနစ်
အောက်မီး ၃၅၀ ºF - ၁၅ မိနစ်....
နှစ် ခါဖုတ်တဲသဘော လား အမ။
အမ blog မှာစားချင် နေ တာ(ထက် ငတ်နေတာပြောရင်ပိုမှန်နိုင်တယ်) အကုန် ရှိနေတယ်။ :-) မြန်မာမုန့်တွေစားချင်နေလို့ ဘယ်လိုလုပ် ရလဲ ရှာနေတာ။

Anonymous said...

suji

Thet Nandar Family said...

ဇင် ✿◕‿◕✿ .....

Sooji ဆို အဆင်ပြေပါတယ်။ Sooji ( Fine ) နဲ့လည်း ချက်လို့ ရပါတယ်။
Sooji ကို ဘုံဘေ မှာ ပူရီ မုန့်တောင် လုပ်သေးတယ်။ ဂျုံမှုန့် အစားလေ ...
ရန်ကုန်မှာ ကျတော့ ဘူးသီးကြော် စားတဲ့ အခါ မုန့်နှစ်စပ်တဲ့ နေရာမှာလည်း သုံးသလို ... မုန့်ဟင်းခါး ချက်တဲ့ နေရာမှာလည်း တချို့ ထည့်ချက်သေးတာ တွေ့မိတယ် ....

ဒီပိုစ့်မှာ ရွှေချီ ထိုးတာ Sooji ( Farina ) နဲ့ပါ ...

ရတယ် ဇင် ရေ ... Sooji ( Fine ) လည်း အဆင်ပြေပါတယ်။

ရွှေချီ ချက်တဲ့ အခါ ကျရင် ... အားလုံးကို အဆင့်သင့်လေး ပြင်ဆင်ထားရင် ပိုအဆင်ပြေပါတယ်။ ရွှေချီ ထိုးရင် လက်က အဆက်မပြတ် မွှေပေးတာလည်း ပိုစားကောင်းပါတယ်။

ရွှေချီကို မီးဖိုမှာ မလှော်သေးခင် oven ကို ကြိုပီး ဖွင့်ထားပေးပါ ... preheat oven ပေါ့နော် ...

ရွှေချီကို လှော်နေတဲ့ အချိန်မှာလည်း ... ဇွန်း နဲ့ အဆက်မပြတ် မွှေပီး အနီရောင် သန်းချင်လာတဲ့ အထိ လှော်ပေးထားပါ ...

လွယ်လွယ်လေးပဲ နော် ... သိလား ....

ရွှေချီကို ထောပတ် ... သကြားနဲ့ အုန်းနို့ရည် အပါ မီးဖိုပေါ်မှာ အိုး မကပ်တဲ့ အထိ ယောင်းမဇွန်းနဲ့ အဆက်မပြတ် မွှေပီးကတည်းက ရွှေချီ က မုန့်သားကျက်နေပါပီ ...

oven နဲ့ ဖုတ်တဲ့ အခါမှာ ... 350ºF နဲ့ ၁၅ မိနစ် ( သို့မဟုတ် ) နာရီဝက် လောက် မုန့်ဖုတ်လိုက်ပါ ။

ကွတ်ကီးတို့ ကိတ်မုန့်တို့ .. ဆနွင်းမကင်းတို့ ဖုတ်တဲ့ အခါ oven ကို ကြို ဖွင့်ထားပီး oven ပူအောင်ထားတာ ပိုကောင်းပါတယ် ... ပူနေတဲ့ oven ထဲ မုန့်ဖုတ်ဗန်းကို ထည့်တာ ပိုကောင်းတယ်။ မုန့်တွေက ကျက်နေပီ ... အပေါ်မီး ကို အဓိက ပေးချင်တာလေ ... မြန်မာလိုဆို အပေါ်မီး အတွက် ရွှေချီ ကို ထိုးပီးသွားရင် ... မုန့်ဗန်းထဲ မုန့်ထည့် ... မုန့်မျက်နှာပြင် ညိ ပီး အုန်းနို့ရည် ဖျန်း ... ... မုန့်ဗန်းအပေါ်မှာ မီးသွေးမီးတွေ တင်ပီး ဖုတ်တာပေါ့နော် ....

အခု ကျတော့ oven နဲ့ မုန့်ဖုတ်တာပေါ့ ... အိမ်မှာ broil နံပါတ်က အမြင့်ဆုံး မုန့်ဖုတ်တဲ့ နံပါတ်ပါ ... တူးသွားမှာ ကြောက်လို့ ...

ကြိုဖွင့်ထားတဲ့ oven ထဲ ၃၅၀ ဒီဂီရီ ဖာရင်ဟိုက် နဲ့ ၁၅ မိနစ်လောက် မုန့်ဖုတ်ကြည့်ပါ ... မုန့် မျက်နှာပြင် နီယောင် မသန်းသေးရင် နောက်ထပ် ၁၀ မိနစ်လောက်ပေါ့ ... ကိုယ် အိမ်မှာ .. ကိုယ် စိတ် ကြိုက်ပေါ့ နော် ... ကိုယ် လိုချင်တဲ့ မုန့်မျက်နှာပြင် အနေအထားလေးပေါ့ ... အသေချာဆုံး ပြောနိုင်တာ ... နာရီဝက် ... လောက် အထိ ရတယ်။ ၁ နာရီတော့ မရဘူးနော် ... ၁ နာရီလောက် မုန့်ဖုတ် ချင်ရင်တော့ ဖာရင်ဟိုက်ကို ၂၀၀ºF လောက် ထားမှ ရမယ် ...

ပီးရင် .... မုန့်ကို အပြင်မှာပဲ အအေးခံပါ ... မြန်မြန် အေးချင်ရင်တော့ ရေခဲသေတာ အောက်ထပ် ထဲပေါ့ နော် ... အပြင်မှာ ခဏ အအေးခံလည်း ရပါတယ်။ ကွတ်ကီးတို့ .. ဆနွင်းမကင်းတို့ .. ကိတ်မုန့်တို့က မုန့်ဖုတ်ပီး ခဏလောက် အအေးခံတာ ပိုကောင်းပါတယ်။

အပြင်မှာဆို နာရီဝက်လောက်ဆို လှီးလို့ ကောင်းနေပါပီ ... နောက်နေ့တွေ ပြန်စားချင်ရင်လည်း .. oven နဲ့ ပြန်နွေးစားလည်း ပိုစားကောင်းတယ်။

သီဟိုစေ့တို့ ... စပျစ်သီးခြောက်တို့ .. ထည့်လို့ ရပါသေးတယ်။

ရွှေချီ ဟာလ၀ါ - http://thiriyatanar.blogspot.com/2012/02/blog-post_20.html

မုန့်ဟင်းခါး နှင့် ရွှေချီဆနွင်းမကင်း - http://thiriyatanar.blogspot.com/2012/01/blog-post_08.html

တခြား ဘလော့တွေမှာလည်း ရွှေချီ လုပ်နည်းတွေ ရှိပါသေးတယ်။ အမ ဘလော့ ရဲ့ recipe list မှာ တခြား ဘလော့တွေ ချက်နည်း ကောင်းကောင်းလေးတွေ ရှိပါသေးတယ်။