Monday, December 5, 2011

ထောပတ် သိုးသားကင်





သိုးသားကို ရေသေချာဆေးပီး ဆား၊ ဆနွင်းမှုန့်၊ နံနံပင် အမှုန့်၊ ငရုတ်သီး အစိမ်းမှုန့်၊ ဟင်းခတ်မှုန့်၊ မဆလာမှုန့် တို့ နဲ့ နှယ် ....  ဒိန်ချဉ် ၂ ဇွန်းနဲ့ ထပ်နှယ်ပီး ၁ နာရီကျော်လောက် နှပ်ထားလိုက်ပါတယ်။


၎ အောင်စ ထောပတ် တစ်တုံးကို မီးမြေးမြေးနဲ့ အရည်ဖျော်ထည့်ပီး oven နဲ့ 375 ºF နဲ့ အသားတုံး ၂ဖက် အကျက်ညီအောင် ကင်ထားလိုက်ပါတယ်။
 


ထောပတ်ဆီ အနံလေး မွှေးမွှေးလေး နှင့်အတူ သိုးသား နူးနူးမြေ့မြေ့ ... ဟင်းခတ်အမှုန့်များနှင့် အတူ ဒိန်ချဉ်လည်း စိမ့်ဝင်နေတာမို့  တော်တော် စားကောင်းပါတယ်။




သိုးသားဟင်း မလောက်လို့ ထပ်ကြော်စားရသော ကြက်ဥ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း ပါးပါးလှီးပီး ဆား၊ ဟင်းခတ်မှုန့် နည်းနည်းဖြူးပီး ကြော်ထားသော ကြက်ဥခေါက်ကြော်။


0 comments :