Monday, December 5, 2011

ခရစ်စမတ်ကွတ်ကီး



နွားနို့၊ Baking Soda၊ All Purpose Flour (ဂျုံမှုန့်)၊ ထောပတ်၊ ကြက်ဥ၊ ဆား၊ သကြား 



* ထောပတ် ၆ အောင်စ - ( ဆန်ချိန်ခွက် နှင့်ဆိုရင် လေးပုံ သုံးပုံ 3/4 ) ကို မီးမြေးမြေးနဲ့ ထောပတ်ကို  အပူပေးပီး အရင်ဆုံး ထောပတ် အရည်ဖျော်ထားလိုက်ပါတယ်။

* ပီးတာနဲ့ သကြား - ဆန်ချိန်ခွက် = ၁ ခွက်စာ ထည့်ပီး မွှေပေးထားလိုက်တယ်။


* ဂျုံမှုန့် ကို ဆန်ချိန်ခွက် = ၃ ခွက်
* Baking soda = လက်ဘက်ရည်ဇွန်း လေးပုံ / သုံးပုံ
* ဆား = လက်ဘက်ရည်ဇွန်း လေးပုံ / ၁ပုံ


* ကြက်ဥ = တစ်လုံး 
* နွားနို့ = လက်ဘက်ရည်ဇွန်း ၁ ဇွန်း


- ထောပတ်ကို အရည်ဖျော်ပီးတာနဲ့ 
- သကြားထည့်မွှေပါတယ်။
- ပီးတာနဲ့ ကြက်ဥ နှင့် နွားနို့ မွှေထားတာ ထည့်ရောတယ်။
- ဂျုံမှုန့်၊ Baking soda ၊ ဆား ထည့်ထားတဲ့ ကြွေဇလုံထဲ လောင်းချလိုက်ပီး ဂျုံများကို ညက်နေအောင် မွှေစက်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့် ဖိပီး ဂျုံ နှယ်ပေးထားလိုက်တယ်။


ပလတ်စတစ် အလိပ်
 

နှယ်ပီးသား ဂျုံများကို တ၀က်စီ ခွဲလိုက်ပီး ပလတ်စတစ်နဲ့ ထုပ်၊ ရေခဲသေတာ ထဲ ၂ နာရီလောက် ထည့်ထားလိုက်တယ်။

(အသားခဲတဲ့ အပေါ် ရေခဲခန်း မဟုတ်ပါဘူး၊ အောက်ထပ် အခန်းမှာ ခဏ အအေးနှပ်ထားတာပါ) 


၂ နာရီအကြာ ... ရေခဲသေတာထဲက ထုပ်လိုက်ရင် ဂျုံပြားက နဲနဲ မာသွားပါပီ။



oven ဗန်းပေါ်မှာ ကွတ်ကီး paper ခင်းလိုက်တယ်။
 

ဂျုံမှုန့် အနည်းငယ် ဖြူးထားတဲ့ အပေါ် ရေခဲသေတာထဲက ထုပ်လာတဲ့ ဂျုံ လေးထောင့်တုံးကြီးကို ကွတ်ကီး ပါးပါးလေး လိုချင်ရင် ပုလင်း (သို့) roller နဲ့ ခပ်ပြားပြား၊ ခပ်ကြီးကြီး လိမ့်ပီးမှ cookie cutter နဲ့ ဖိလိုက်ပါတယ်။
 


ကွတ်ကီး ခပ်ထူထူလေး - အနေတော်လေး လိုချင်ရင် ဂျုံပြားကို Roller တုံးနဲ့ လိမ့်တဲ့အခါ အနေတော် ဂျုံပြား ရရင် အတော်ပါပဲ။

Cookie cutter နဲ့ ဖြတ်ပီးတဲ့ အခါမှာ ဂျုံပြား အောက်ကနေ ဓါးဖြင့် သော်လည်းကောင်း၊ အကြော် ကြော်တဲ့ သံဂေါ်ပြားဖြင့်သော်လည်းကောင်း cookie cutter အပါ မ ' ယူပီး cookie paper ပေါ် တင်တယ်။
 


တစ်ခု နဲ့ တစ်ခု ၁ လက်မ စီ အကွာအဝေး ထားပီး
 


oven ဖြင့် 375 ºF 

- ဂျုံသား ပါးတဲ့ ကွတ်ကီးဆိုရင် ၇ မိနစ် လောက် ကွတ်ကီးဖုတ်လိုက်ပီး

- ဂျုံသား အနေတော်လောက် ကွတ်ကီးဆိုရင် ၁၀ မိနစ် ကွတ်ကီးဖုတ်ပါတယ်။



oven က ထွက်လာတာနဲ့ ရေခဲသေတာထဲ ၅ မိနစ်လောက် ထည့်ချင်လည်း ရတယ်။ 
မထည့်ပဲ အပြင်မှာ ထားပီး ၅ မိနစ်လောက် အအေးခံ လည်း ရတာပါပဲ။



အိမ်မှာတော့ ရေခဲသေတာထဲ တန်းထည့်လိုက်တယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်ကျော်လောက်မှ ထုတ်ပီး စားတယ်။
 


ခရမ်ညစ်တဲ့ ကတော့ချွန်အိတ် နှင့် ခရမ်
 


ကွတ်ကီး ၂ ခုကြား ခရမ်ထည့်ထားသော ကွတ်ကီး sandwich
 

christmas cookie sandwich
 


cookie တွေပေါ် ခရမ်သုပ်ပီး ရေခဲသေတာထဲ ထည့်၊ အအေးခံပီး စားလည်း ရသလို၊ 
cookie cutter ကြီးကြီးနဲ့ cut ထားတဲ့ cookie တွေဆိုရင် ခရမ်နဲ့ ပုံစံအမျိုးမျိုး ပုံဖော် ရေခဲသေတာထဲ အအေးခံလိုက်ရင် ဒီဇိုင်း အမျိုးမျိုးပုံဖော်ထားတဲ့ ကွတ်ကီးတွေ ရမှာပါ။

နောက်မှ လုပ်ကြည့်ပါအုံးမည်။


လောလောဆယ် ဒီနေ့ ချက်တဲ့ သကြားကွတ်ကီးကို ကလေးများက တော်တော်ကြိုက်တယ်။


ကိုယ်လည်း ကြိုက်တယ်။


ကွတ်ကီး သေးသေးလေးတွေ ဆိုတော့ စားလိုက်တိုင်း ... စိတ်ထဲမှာ မ၀ .. တ၀ ဖြစ်နေတော့ တစ်ခု ခု ယူစားရင်း .. ယူစားရင်းနဲ့ ဖုတ်ပီး တစ်ပတ်လောက် ခံတဲ့ ကွတ်ကီးမုန့်က တစ်ရက်ပဲ ခံပါတော့တယ်။


ဒီနေ့ ... တစ်ရက်တည်းနဲ့ ပိုစ့် ၅ ခု တင်လိုက်ပါတယ်။





4 comments :

rose said...

Very cute cookies... I want to play like that also :D I'm going to buy cookies cutter.

Candy said...

တီတီက ဒါလည်း ရတာပဲ... တီတီမလုပ်တတ်တာ ဘာရှိလဲဟင် :D

AH said...

မရောက်ဖြစ်တာ တစ်ပတ်လောက်ရှိပြီ ထင်တယ်။ ရောက်တိုင်း စားချင်စရာလေးတွေ အများကြီး။ Merry Christmas..........

Thet Nandar Family said...

Rose, Candy and AH .....

မနှင်းဆီရေ ..

စာပြန်တာ နောက်ကျသွားတာ ဆောရီးပါလို့ အရင်ပြောပါရစေ ...

အမေရိကားမှာ ...(Winter) ဆောင်းတွင်း အစမို့ ... ညနေ ၅ နာရီဆို မိုးချုပ်ပီး မှောင်သွားတာနဲ့ ည ၈ နာရီဆို အိပ်ပြီ ... ( ပုံမှန်တော့ မဟုတ်ပါ ) :P

cookie cutter ကြီးကြီးလေးဆို ပုံဖော်လို့ သိပ်ကောင်းတာပဲ သိလား။

ကြယ်အနီလေး ပုံဖော်ထားတာ သိပ်လှတယ်။

ကြယ်အနီလေးရဲ့ အလယ်မှာ ကြယ်သေးသေးလေး ဖောက်ပီး အထဲမှာ သကြားလုံး အနီကို ခြေပီး ထည့်ထားတာ။

snow flake လေးတွေလည်း သိပ်လှတာပဲ။

snow man လည်း လှ မ လှ။

cream တွေက READY MADE တွေလည်း ဒီမှာ ရောင်းတယ်။

Candy .....

တီတီ မလုပ်တတ်တာမှ အများကြီးပဲ ....

အခု FB မှာ Candy တို့ အရွယ်လေးတွေကမှ အတွေ့အကြုံကို အသက်နဲ့ အလိုက် ရင့်ကျက်သေးတယ်။

တီတီတို့တုန်းက ၁၆ နှစ် .. အထက်တန်းကျောင်းတွေ ပိတ်ထားလို့ ဆယ်တန်း မအောင်သေးဘူးလေ။

အခု ၁၆ နှစ်တွေက မိဘတွေကို ခွဲခွါပီး နိုင်ငံခြားမှာ တယောက်တည်း ကျောင်းတက်၊ ကြိုးစားနေကြတာ အားရ စရာကြီး၊ ကိုယ့်ကိုကိုယ် ပဲ့ကိုင် ထိန်းနေကြတာ လူကြီးလေး ကျနေတာပါပဲ။

အခုမနက် သမီး Angel အတန်းပိုင် ဆရာမရဲ့ မင်္ဂလာဆောင်ပုံနဲ့ Angel သူငယ်ချင်း မိသားစု ပုံတွေ FB မှာ မနက်စာ စားရင်း သွားကြည့်နေတာ။

FB က အဲလိုမျိုးလေးတွေ ကောင်းတယ်။

AH ...

ကျေးဇူးပါ ကိုအောင်ထွတ် (Ko Aung Htut) ....

Merry Christmas !