Tuesday, December 13, 2011

ကြံခင်း ထမင်းသုပ်


ဆရာ့ စာထဲမှာ ပါတဲ့ အတိုင်း ကုလားပဲ အကျက်မှုန့်ကို မီးမြေးမြေး နဲ့ လှော်လိုက်ပါတယ်။


ပုစွန်ခြောက်မှုန့်ကိုပါ မီးမြေးမြေးဖြင့် လှော်ထားလိုက်ပါတယ်။


ဆီကို ပူအောင် တည်ထားလိုက်ပီး ဆီကျက်ပီဆိုတာနဲ့ မီးဖိုမီး ခလုတ်ကိုပိတ်၊ ငရုတ်သီး အကျက်မှုန့်ကို ထည့်ကြော်ထားသော ငရုတ်သီးမှုန့်ကြော်။


ဆီပူပီဆိုတာနဲ့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူထည့်၊ ဆနွင်းမှုန့်ထည့် ကြော်ထားသော ကြက်သွန်ဖြူ ဆီချက်။


$ 10 






 
ကိုယ် လိုသလောက် ... နှုတ်နှုတ်စင်းချင်သလောက် ဖြတ်ထားသော ကြက်သွန်ဖြူ
 



တခါတရံ ချက်စားသော အချိုမှုန့်ထုပ်၊ ငံပြာရည်


ထမင်း၊ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးမှုန့်ကြော်၊ ငံပြာရည်၊ အချိုမှုန့် တို့နှင့် သုပ်ထားသော ....


ကြံခင်း ထမင်းသုပ်


ကြာဇံချက် (ချဉ်၊ ငံ၊ စပ်)

 
ကြံခင်း ထမင်းသုပ်မှာ မန်းကျည်းမှည့်ရည် မပါဘူး။ မြန်မာ အသုပ်တွေမှာ မန်းကျည်းမှည့်ရည်ပါတော့ မအီဘူး။ ချဉ်၊ ငံ၊ စပ် အရသာ ။ အခု ကြံခင်း ထမင်းသုပ်ကျတော့ မန်းကျည်းမှည့်ရည် မပါပဲ ပဲမှုန့်ကို လှော်ပီး သုပ်စားတော့ ပဲမှုန့်နံမွှေးမွှေးလည်း အရသာရှိသလို၊ ပုစွန်ခြောက်မှုန့်ကိုလည်း လှော်ပီး သုပ်စားတော့ လတ်လတ်ဆပ်ဆပ်နဲ့ တမျိုး အရသာပိုရှိပါတယ်။ 
 
မူလ ကြံခင်း ထမင်းသုပ်က သရက်ချဉ်တို့ မရမ်းသီး အချဉ်တို့နဲ့ တွဲစားတာဆိုတော့ မန်းကျည်းမှည့်ရည် မလိုပါဘူး။ ပဲမှုန့် နဲ့ သုပ်ထားတဲ့ ထမင်း စိမ့်စိမ့်လေးကို သရက်ချဉ်လို အချဉ်မျိုးနဲ့ တွဲစားတာ ဆိုတော့ အရသာ ပိုရှိတာပေါ့။ 

အိမ်မှာ သရက်ချဉ်တော့ မရှိဘူး။ အီ ပီး ပဲမှုန့် အရသာ စိမ့်နေတဲ့ ကြံခင်း ထမင်းသုပ်ကို စားနေရင်း အီသွားရင် ချဉ်၊ ငံ၊ စပ် ကြာဇံချက် ဟင်းရည် ပူပူလောင်လောင်ရှိတာမို့ တွဲဖက်စားလို့ ကောင်းပါတယ်။




ကြံခင်းထမင်းသုပ်၊ ကြာဇံချက်



အရင်ပိုစ့် ....

Wall Mart မှာ မ၀ယ်လိုက်မိသော Food chopper - $ 9.47

6 comments :

AH said...

မရောက်ဖြစ်တာ နည်းနည်းကြာသွားပြီ၊ ခုတစ်လော နည်းနည်းလေး အချိန်နည်းနေလို့ပါ အမရေ။ ဒီနေ့ ကြံခင်းထမင်းသုတ် နဲ့ ကြာဇံချက် အားပေးသွားတယ်.... :)

Thet Nandar Family said...

AH ....

ကျေးဇူးပါ ကိုအောင်ထွဋ် ....

Candy said...

သုပ်တာဆို အကုန်ကြိုက်.. ထမင်းသုပ်.. ခေါက်ဆွဲသုပ်.. ကြာဆံသုပ်. တို့ဖူးသုပ်.. ဟိဟိ... ဗိုက်တောင်ဆာလာပြီ ပြောရင်းနဲ့ :P

KhinU Khine said...

thank you for sharing the recipe. like your blog. i have also seen ready made packets from burma.

Thet Nandar Family said...

Candy ....

(●̮̮̃•̃)•••►အကြိုက်ခြင်း
/█\•••►တူသွားပြီ
.Π.•••►Cheer !


Khin U Khine ....

Thanks for coming around, Khin U Khine and I appreciate your visit :)

I’m glad you like the posts here:)

Angel said...

Thanks for sharing.This is my favourite recipe.

Mya Aye