Thursday, December 22, 2011

ကြက်သား သီဟိုဠ်စေ့ကြော်


ကြက်သား သီဟိုဠ်စေ့ကြော်
 


ကြက်သားကို အတုံး သေးသေး တုံးပီး ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် (အကြည် + အနောက်) နဲ့ နှယ်ထားလိုက်ပီးနောက်

ကြော်မယ့် ဒယ်အိုးမှာ ဆီထည့်ပီး။ ဆီပူပီ ဆိုတာနဲ့ သီဟိုဠ်စေ့ကို အရင်ကြော်ထားလိုက်ပီး ဆယ်ထားလိုက်ပါတယ်။ 


ပီးတာနဲ့ ငရုတ်ပွတောင့် ပုတိုကို မီးမြေးမြေးနဲ့ ကြွပ်အောင် ကြော်ပီး ဆယ်ထားလိုက်ပါတယ်။


ဓါးပြားရိုက်ထားသော ကြက်သွန်နီ၊ ဂျင်းကို ကြော်ပီး၊ ကြက်သွန်နီ လေးစိတ်ခြမ်းကို ထည့်။


တအောင့်အကြာမှာ နှယ်ထားသော ကြက်သားတုံးတွေကို ထည့်မွှေပီး၊


ရေကို အနည်းငယ်လောက်ပဲ ထည့်ပီး အဖုံးအုပ်ချက်ထားလိုက်တယ်။


ကြက်သားနူးပီးဆိုတာနဲ့ သီဟိုဠ်စေ့ နှင့် ငရုတ်သီး အပွတောင့် ကြွပ်ကြော်ကို ထည့် ရောမွှေပေးပီး ချက်ထားသော သီဟိုဠ်စေ့ ကြက်သားကြော်။





0 comments :