Tuesday, December 13, 2011

ကြက်သား - ကြာဇံချက်


ကြက်သားတုံးတွေကို ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည် နဲ့ နှယ်ပေးထားလိုက်ပီး .... 
ဆီ နည်းနည်းထည့်ထားတဲ့ ချက်မယ့်အိုးထဲမှာ ...
နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ ကို ဆီသတ်၊ 
နှပ်ထားတဲ့ ကြက်သားတုံးတွေကို ထည့်မွှေ။
လေးစိတ်ခြမ်း ကြက်သွန်နီစိတ်တွေပါ တဆက်တည်း ထည့်ရောမွှေထားလိုက်တယ်။
ပီးမှ ရေကို ကြက်သားတုံး မြုပ်အောင်ထည့်ပီး ကြက်သားဟင်း ချက်ထားလိုက်ပါတယ်။



မှိုခြောက် (ကြွက်နားရွက်မှို)
ရေဆေးပီး ရေစိမ်လိုက်ရင် ကြီးလာတာမို့ ၂ခု ၊ ၃ ခုလောက်ပဲ ရေစိမ်ထားလိုက်တယ်။ 


ပန်းခြောက်
ပန်းခြောက် နည်းနည်းကို ရေဆေးပီး ရေစိမ်ထားလိုက်တယ်။
 

ပဲပြားလိပ် ၂ချောင်း၊ ၃ ချောင်းလောက်ကို ရေစိမ်ထားလိုက်ပါတယ်။


 ရေဆေးပီး မှိုခြောက် နှင့် ပဲပြားလိပ်ကို အနေတော် လှီးဖြတ်ထားလိုက်တယ်။


ပဲကြာဇံ ကို ရေစိမ်ပီး


ရေစစ်ထားလိုက်တယ်။


ကြာဇံချက်အိုး

ကြက်သားဟင်းအိုးကျက်ပီဆိုတာနဲ့ မှိုခြောက်၊ ပန်းခြောက်၊ ပဲပြားလိပ်များထည့်၊ ငံပြာရည် နည်းနည်းလောက်ထည့်လိုက်တယ်။
ရေ လိုသလောက် နည်းနည်း ထပ်ထည့်ပီး တည်ထားလိုက်တယ်။
မှိုခြောက်၊ ပန်းခြောက်၊ ပဲပြားလိပ်များ နူးစ ပြုလာခါနီးမှ ရေစိမ်ပီး ရေစစ်ထားသော နူးလွယ်တဲ့ ပဲကြာဇံကို ထည့်၊ ဟင်းရည်အိုး ချခါနီးမှ ငရုတ်ကောင်းမှုန့် ဖြူးပီး ချက်ထားသော အိမ်ချက် ကြာဇံချက် ....


 
ကြာဇံချက်
 


နံနံပင်၊ သံပုရာသီးစိတ်


ငရုတ်သီး အကျက်မှုန့်


ငရုတ်ကောင်းမှုန့်လေးပါ ဖြူးပီး


ဒီတခါ နံနံပင် နိုင်နိုင် (များများ) ... အစာပလာ အဖတ်တွေ များနေလို့ ပါးပါးလှီးထားသော ကြက်သွန်နီတော့ မထည့်တော့ဘူး။ ကြာဇံချက် ဟင်းရည်များများ သံပုရာသီး တခြမ်းနီးပါးလောက်ညစ်ထည့်ပီး၊ ငရုတ်သီး အကျက်မှုန့် ၁ ဇွန်း၊ အခိုးတွေ ပွင့်ထွက်သွားအောင် ငရုတ်ကောင်းမှုန့်လေးပါ ထည့်။ ငံပြာရည်လေး နည်းနည်းလောက် ထပ်ဆမ်း။




ကြာဇံချက် ဟင်းရည် ပူပူလောင်လောင်ကို သံပုရာသီး ချဉ်၊ ချဉ်၊
ငရုတ်ကောင်းမှုန့် နှင့် ငရုတ်သီး အကျက်မှုန့် စပ်၊ စပ်၊
ငံပြာရည် နဲ့ ပြုတ်ချက်ထားသော ကြက်သားရည်မို့ တစ်ပွဲတည်းနဲ့ ချဉ်၊ ငံ၊ စပ်ပီး
ဒီတပတ် အင်တာနက်ရှေ့ အချိန်များများ ထိုင်ဖြစ်နေလို့ရယ်။ ဆောင်းတွင်း အေးပီး အခိုးပိတ်နေတာ ငရုတ်ကောင်းမှုန့်ကြောင့် အခိုးတွေပွင့်ပီး ....
အညောင်းထိုင်နေတဲ့ အကြောတွေလည်း တော်တော်လေး ပြေလျှော့သွားတယ်။


ကြွက်နားရွက်မှို မပါသော ကြာဇံချက်




အရင်ပိုစ့် ....




0 comments :