Tuesday, December 13, 2011

ကြက်ကင်


  
ကြက်တစ်ကောင်လုံးကို ရေ သေချာဆေးပီး၊

အရင်ဦးဆုံး ဆား၊ ဟင်းခတ်မှုန့် နဲ့ body scrub လုပ်သလိုမျိုး ... သဲဆပ်ပြာ တိုက်လိုက်ပါတယ်။

ပျားရည်ကို lotion လိမ်းသလိုမျိုး လိမ်းပေးလိုက်ပီး

ရေခဲသေတာ အပြင်မှာ နာရီဝက်လောက် ထုတ်ထားတာ ကြာနေတဲ့ ထောပတ်တုံး ၄အောင်စ ထောပတ်တုံးနဲ့ ရေချိုး ဆပ်ပြာ တိုက်သလို ကြက်ကို ဆပ်ပြာတိုက်ပေးလိုက်ပါတယ်။

အချောသတ် မိတ်ကပ်ဖို့တဲ့ အနေနဲ့ Rose mary အမှုန့်နဲ့ နေရာအနှံ ဖြူးပေးလိုက်ပီး
နာရီဝက်လောက် ခဏလေး နှပ်ထားလိုက်ပါတယ်။

ပီးမှ oven မှာ 350 ºF နဲ့ တဖက်ကို မိနစ် ၄၀ နီးပါး လောက် စုစုပေါင်း တနာရီ ၁၅ မိနစ်သာသာ လောက် ကင်ထားသော ကြက်ကင် .....






ကြက်ကင်နဲ့ အိမ်မှာ ရှိတာ အကုန်ထုတ်လိုက်တော့ .... တွဲစားဖို့ ဂျင်းနု ထွက်လာပါတယ် ....


မဆီမဆိုင် ... ထမင်းစားရင် အချဉ်လေး မပါရင် ... ခံတွင်းမလိုက်လို့ ထမင်းနဲ့ နှယ်စားဖို့ သရက်သီးသနပ် (အစပ်)


တို့စားဖို့ လူကြီးတွေ အတွက် ငရုတ်ဆီ နဲ့ ကလေးတွေ အတွက် sweet chili sauce


ကင်လိုက်တဲ့ ကြက်ကင် အတွင်းပိုင်း အနေအထား


အပေါ် အရေခွံ အနေအထား၊ အရေခွံ ထပ်ကြွပ်ချင်ရင် ကြက်ကင် ရခါနီးမှာ .. အရေခွံတွေ အားလုံးကို အပေါ်ကနေ  ကြက်ဥ အနှစ် သုပ်ပေးလိုက်ရင် အရေခွံ ကြွပ်ကြွပ်လေး ရပါတယ်။ ထောပတ် ဆီရှိနေတဲ့ oven foil ကို ဖယ်ပီး ကြက်ဥ အနှစ် သုပ်ထားတဲ့ ကြက်ကင်ချည်းသပ်သပ် ကင်လိုက်ရင် ရပါပီ။


ကြက်ကင်ကို လည်ပီး ကင်တဲ့ စက် - chicken roasting machine  ရှိရင် ပိုတောင် ကင်လို့ ကောင်းသေးတယ်။


ကြက်ကင်အသားတုံးတွေပေါ်မှာ ကြက်ကင်တုန်းက ထွက်လာတဲ့ ထောပတ်ဆီ ဆမ်းထားပေးတဲ့ ကြက်ကင်ပန်းကန်



တွဲစားဖို့ အချဉ်ပန်းကန်များနှင့်
 


ကလေးများအတွက် sweet chili sauce


ကြက်ကင်


ထောပတ်ဆီ ဆမ်းထားသော ကြက်ကင်




ကြက်တောင်ပံ နှင့် ကြက်ပေါင်


ရန်ကုန်မှာကတည်းက ကြိုက်တဲ့ Red grape sparkling - စီးတီးမတ်မှာ ၀ယ်လို့ရပါတယ်။ မိန်းမဆို အနီရောင်ပုလင်း သောက်ပီး ယောကျာ်းလေးဆို အစိမ်းရောင် ခေါ်မလား ရွှေရောင် ခေါ်မလား မသိဘူး။ ၀ယ်နေကျက အနီရောင်ပုလင်းမို့လို့ သိပ်မမှတ်မိဘူး၊ တစ်ပုလင်းကို ၂၅၀၀ကျပ် သာသာပဲ။ စ၀ယ်သောက်ခါစ ၂၀၀၆ လောက်က ၁၈၀၀ကျပ်။ Royal တံဆိပ်။

Angel က ဒီအချိန်ဆို စီးတီးမတ်က စင်တာ ( City Mart - Mail to Santa Claus ) ဆီ စာရေးပီး ပို့ပီးနေပီလို့ ပြောနေသေးတယ်။ အွန်လိုင်းကနေ စာပို့လို့ရလားဟင် ... ( ဟီး ဟီး )

နှစ်တိုင်း စီးတီးမတ်က စင်တာကလော့ဆီ စာပို့နေကျမို့လို့ပါ။

သူ့က ဆုမရလည်း လက်ဆောင် ပို့ပေးတယ်။ ပလတ်စတစ် ကွန်ပါဘူး။ နဲ့ ကလေး အသုံးအဆောင်လေးတွေ။



India ဆိုင်က ၀ယ်လာတဲ့ သကြားရည်ဆမ်းစားသော မလိုင်လုံး ။ ရန်ကုန်က ဈေး နဲ့ သိပ်မကွာဘူး။ ၁၀လုံးကို ၄ကျပ်ခွဲကျော်ကျတာမို့ ဒီကို မထွက်လာခင် ၈ လလောက်ကတော့ ရန်ကုန်မှာ တလုံး ၃၀၀ ကျပ်။
စီးတီးမတ်မှာလည်း ၀ယ်လို့ ရသလို၊ ၃၃ လမ်း လေဘာတီဆိုင်မှာလည်း ၀ယ်လို့ရတယ်။ ဆိုင်တူတူပါပဲ။


Marshmallow ... သူကို ဖွဖွလေး မီးမြေးမြေးနဲ့ တုပ်ချောင်းထိုးပီး ကင်လိုက်ရင် သူ အထဲမှာ ရှိနေတဲ့ အချိုခဲတွေက  အရည်ပျော်ပီး ပိုချိုလာတယ်။
အထဲမှာ အချိုရည်သွင်းထားတဲ့ မုန့်ချိုသွင်းလို ပုံစံမျိုး ...


hot chocolate နဲ့ ကလေးများ တွဲစားသော marshmallow


christmas tree ပန်းကန်ပြားထဲက ဘီစကစ်က ကလေးများ အရမ်းကြိုက်တဲ့ ဘီစကစ် ( ရန်ကုန်မှာ ဆိုရင် capital hyper mart မှာ အထုပ်ကြီး ကြီး တထုပ်မှ ၂၀၀၀ ကျပ်။ အထုပ်သေးသေး ဆို ၄၀၀ ကျပ် ပတ်ဝန်းကျင်လောက် ရှိပါတယ်။ ) အခု ဒီမုန့်က အမေရိကား၊ အေရှန်ဆိုင်က ၀ယ်လာတာပါ။


hot chocolate သောက်ပီး နှုတ်ခမ်းမွှေး ဖြူဖြူ ပေါက်သွားသော ကောင်းစေ ....


ခရစ်စမတ် သစ်ပင်မှာ ကလေးများ ချိတ်ထားတဲ့ Raindeer မုန့်ထည့်အိတ်


တံခါးလက်ကိုင်မှာ ချိတ်ထားတဲ့  santa penguin



အရင်ပိုစ့် ....






0 comments :