Saturday, December 31, 2011

2012 - နှစ်သစ်ကြို - စားပွဲ


2012 နှစ်သစ်ကြို မိသားစု ညစာ စားပွဲ
 


သီဟိုဠ်စေ့ကြော်
 


ထမင်းကြော်
 



Sparkling Apple-Grape နှင့် ကိုကာကိုလာ


Sparkling ခွက်




နှစ်သစ်ကြို ညစာ စားပွဲကို စတိတ်က Fox CT ချယ်နယ်မှာ လာတဲ့ ရုပ်ရှင်ကားကြည့်ရင်း စားနေကြတယ်။


အကင်နဲ့ တို့စားဖို့ မန်းကျည်းမှည့် အချဉ်


တီဗီ ကြော်ငြာကို ကလေး ၂ယောက် ကြည့်နေတာ။
 

ပုစွန်ကင် နှင့် တို့စားဖို့ အချဉ်



ပုစွန်ကင်
 

ပုစွန်ကင်


ဝက်နံရိုးကင်
 


ကြက်သားကင်




အမဲသားကင်


ကင်ပီး ဂီးထောပတ်သုတ်ပီး  ကင်ထားသော အမဲသားကင်


ကာတွန်းကား ကြည့်ရင်း ညစာ စား
 

ညစာ စားပီး ရေခဲမုန့်စား


ရေခဲမုန့် ၊ သီဟိုဠ်စေ့၊ စပျစ်သီးခြောက်


နှစ်သစ် ကိတ်မုန့်အတွက် ဒယ်ဒီ ၀ယ်လာသော ချောကလက် ကိတ်မုန့်


ညစာ စားပွဲ


မိသားစု ညစာ စားပွဲ


သမီးလေး cake decorate လုပ်ထားတာ။ ချောကလက်ဆန်လေးတွေနဲ့
 


snow flake chocolate rice




** ချက်၊ စားနည်း **


ဒီနေ့ 12.31.2011 ကနေ စပီး ဘလော့ ပိုစ့်မှာ အစားအသောက် ဓာတ်ပုံများကို ပိုစ့် အပေါ်မှာ တင်ထားပီး၊ အောက်နားကျမှ မိသားစု အိမ်မှာ ဘယ်လိုမျိုး ကြိုက်နှစ်သက်လို့ ချက်၊ ပြုတ်၊ စားသောက်တယ် ဆိုတာကို ပြောပြတဲ့ ** ချက်၊ စားနည်း ** အနေနဲ့ သီးသန့် ခွဲပီး ပိုစ့် ပုံစံ အသစ် စ  တင်လိုက်ပါတယ်။
 
သီဟိုဠ်စေ့ကြော်ကို အိမ်မှ ကလေးများက တော်တော်ကြိုက်တယ်။ ဆီပူအိုးမှာ ဆီကို ကျက်အောင် တည်ထားပီး မီးမြေးမြေးနဲ့ပဲ သီဟိုဠ်စေ့ကို ကြော်လိုက်တယ်။ အညိုရောင် သန်းချင်လာပီး ဆိုတာနဲ့ ကြော်တဲ့ အိုးထဲက သီဟိုဠ်စေ့တွေကို ပန်းကန်ပြားထဲ ခပ်ထည့်ထားလိုက်တယ်။ သီဟိုဠ်စေ့ က ကြော်ထားတဲ့ အပူချိန်နဲ့ ပန်းကန်ပြားထဲမှာလည်း ဆက်ပီး အညိုရောင် နည်းနည်းသန်းချင်တာမို့ အညိုရောင်သန်းတာနဲ့ ပန်းကန်ပြားထဲ ခပ်ထည့်လိုက်ပါတယ်။ ဆားအနည်းငယ် ဖြူးလိုက်ပါတယ်။

ထမင်းကြော်အတွက် ... နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ ၂ မွှာလောက်ကို ဆီပူထဲ အရင်ထည့်ကြော်ပီး မုန်လာဥနီ၊ ပဲစိမ်းလုံးထည့်၊ ရေကို အနည်းငယ်လောက်ပဲ ဖျန်းတယ်။ ငံပြာရည်လေး ၂ စက်၊ ၃ စက်လောက်ထည့်ပီး အဖုံးခဏအုပ်ထား။ ပဲစိမ်းလုံး နူးပီဆိုတာနဲ့ ထမင်းထည့်တယ်။ ဆား၊ ဟင်းခတ်မှုန့်ထည့်တယ်။ သီဟိုဠ်စေ့ကြော်ထည့်တယ်။ ဇွန်း ၂ ချောင်းနဲ့ ခပ်ဖွဖွလေး မွှေတယ်။ အိမ်မှာ ထမင်းကြော်ရင် ဆီကို အနည်းငယ်ပဲ ထည့်ကြော်ပီး ဇွန်း ၂ ချောင်းနဲ့ ခပ်ဖွဖွ မွှေကြော်ပါတယ်။ ဒါမှလည်း ထမင်းကြော်က ဆီ အများကြီး ရွှဲမနေဘဲ။ မစိုလွန်း၊ မခြောက်လွန်း အနေအထားမို့ ပိုစားကောင်းပါတယ်။ နောက်ဆုံးမှာ ငရုတ်ကောင်းမှုန့် ဖြူးပီး ကြော်ထားသော ထမင်းကြော်။
 


အမဲသား ဈေးနှုန်း
 


ဈေးကြီးတယ်။ အသားလည်းကောင်းတယ်။ လတ်လတ်ဆပ်ဆပ်ရှိတယ်။ 
တစ်ပေါင်ကို ၁၁ ဒေါ်လာ။ ထက်ဝက်ဈေးလောက် လျှော့ပီး ရောင်းတာတောင် တပေါင်ကို ၆ ဒေါ်လာ။ 
အသားတုံးက ၃ ပေါင်ဆိုတော့ ၁၈ ဒေါ်လာ နီးပါးလောက် ရှိတယ်။ 



အမဲသား ၃ပေါင်ကို ဒီ Shan တံဆိပ် အကင် ဟင်းခတ် အမွှေးအကြိုင် နဲ့ နှယ်ထားလိုက်တယ်။
 


ပါဝင်တဲ့ ဟင်းခတ် အမွှေးအကြိုင် အမှုန့်များ
 


အသားကင်နည်း အညွှန်း ... 
 


ဗူးထဲမှာ ပါတဲ့ အသားကင် အမှုန့် ထုပ်။ အမဲသား ၃ပေါင်ကို ဒီတစ်ထုပ်လုံး ထည့်ပီး နှယ်ထားလိုက်တယ်။ ဒိန်ချဉ် ၃ ဇွန်း မောက်မောက် ပါ ထည့် နှယ်ပီး။ ၃ နာရီလောက် အပြင်မှာပဲ ထားပီး နှပ်ထားလိုက်တယ်။ 
 

အကင် အမှုန့် ( အိမ်မှာ အစပ်ကြိုက်တာမို့ အသား ၃ ပေါင်ကို တစ်ထုပ်လုံး ထည့်နှယ်ထားပါတယ်။ အဲဒီ အသားကင် အမှုန့်က စပ်တယ်။ ) ၊ ဒိန်ချဉ် နဲ့ နှယ်ပီး ၃ နာရီလောက် နှပ်ထားသော အမဲသားတုံးများ
 

ဂီးလ်ထောပတ်
 


ဈေးနှုန်း
 


မီးသွေးမီးဖိုနဲ့ပဲ မီးအသင့်သင့် အနေအထားနဲ့ မှန်မှန်လေး ကင်ပေးထားသော အမဲသားကင်။ ကင်နေတုံးမှာ အမဲသား အတွင်းပိုင်းသားပါ ကျက်အောင် ကင်တဲ့ ဇွန်းနဲ့ အမဲသားတုံးကို ဖိဖိပီး ကင်ပေးထားတယ်။ အသားကျက်မ ကျက် အလွယ်သိနည်းက အသားတုံးကို ဓါးနဲ့ လှီးကြည့်လိုက်ရင် အတွင်းပိုင်း အသားအနေအထားက အသွေးရောင် လို မနီပဲ အသားရောင် သန်းလာရင် အသားကျက်ပါပြီ။ အတွင်းပိုင်း အသားက ပန်းရောင် သို့မဟုတ် နီနီကြီးဆိုရင် အသားမကျက်သေးပါဘူး။ အသားတုံးကို ဟိုဘက် ဒီဘက် လှန်ပေးပီး။ ကင်တဲ့ ဇွန်းနဲ့ ဖိဖိပေးရင် အသားအကျက်ညီပါတယ်။
 


အချဉ်အတွက် ... မန်းကျည်းမှည့်ရည်ပြစ်ပြစ်နဲ့ အတူ နှုတ်နှုတ်စင်းထားသော နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ သကြား၊ ဆား၊ 
 


ကလေးတွေအတွက် ပုစွန်ကို အခွံခွါပီး၊ ကျောက ချီးကြောင်းထုပ် ... ဆား၊ သကြား၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီး ကင်တဲ့ တုပ်ချောင်းမှာ တပ်ပေးလိုက်တယ်။ လူကြီးတွေအတွက်ကတော့ ပုစွန်ကို ခေါင်းနဲ့ လက်က ခြေတွေ ကတ်ကျေးနဲ့ ဖြတ်၊ ပုစွန် ကျောက အခွံကို ကပ်ကြေးနဲ့ ခွဲပီး ချီးကြောင်းထုပ်။ ဆားရေ နဲ့ စိမ်ပီး တုပ်ချောင်းမှာ တပ်၊ အရမ်းကြီး မကျွတ်လွန်း အရမ်းကြီး မပျော့လွန်း ကင်ထားပါတယ်။ (ပုစွန် မကင်မှီပုံ)
 


မီးသွေးနဲ့ ချက်တာမို့ အိမ်အပြင်မှာပဲ ကင်စားကြပါတယ်။ ဂတ်စ်နဲ့ ကင်တာလည်း အပြင်မှာပဲ ကင်စားကြပါတယ်။ အိမ်ထဲမှာ ချက်တဲ့ မီးဖိုက လျှပ်စစ်မီးဖိုပါ။ ရန်ကုန်မှာတုန်းက ဂတ်စ်မီးဖိုနဲ့ ချက်တယ်။ ချက်တဲ့ အခါတိုင်း ပြူတင်းပေါက်ကို ဖွင့်ပီး ချက်တယ်။ မိုးရွာလည်း ပြူတင်းပေါက်ဖွင့်ပီး ချက်တာပါပဲ။ ပြူတင်းပေါက်မှာ sunshape ရှိတယ်။ မိုးရေ မပက်ဘူး။ 
 


မီးသွေးနဲ့ ကင်စားတဲ့ အသားကင် အရသာကို ပိုကြိုက်နှစ်သက်တာမို့ ဒယ်ဒီက မီးသွေးမီးဖိုကို ၀ယ်ထားပါတယ်။
 


ဒယ်ဒီ ကိုယ်တိုင် ကင်နေသော ပုစွန်ကင်၊ မာမီက ကင်ဖို့အတွက် အသားတွေကို အဆင့်သင့် ပြင်ဆင်ပေးထားရုံပါပဲ။
 


အမေရိကားမှာ ၀ယ်လို့ရသော မီးသွေးထုပ် ပုံစံ။ ဒီမီးသွေးထုပ် အမျိုးအစားနဲ့ ဆိုရင် မီးသွေးက မီးမြန်မြန်တောက်ပါတယ်။ ဈေးလည်း တခြားမီးသွေးထုပ်ထက် ပိုဈေးကြီးတယ်။
 

မီးသွေးထုပ်မှာကို warning အနေနဲ့ ပါ ပီးသားပါ။ မီးသွေးနဲ့ ချက်မယ်ဆိုရင် အိမ်ထဲမှာ အိမ်အလုံပိတ်ပီး ချက်လို့ မရပါဘူး။ အိမ်ပြင်မှာ ချက်ဖို့ သတိပေးထားပါတယ်။
 


အသားကင်တဲ့ နေရာမှာ သုံးတဲ့ မီးသွေး။ မီးစားလည်း ကြာကြာခံတယ်။
 


မီးသွေးတုံး  ပုံစံ။ ရာဘာလက်အိတ်နဲ့ မီးသွေးကိုင်လို့ရပါတယ်။ လက်မညစ်ပတ်ဘူးပေါ့။ ညစ်ပတ်သွားလည်း လက်ဆေးလို့ရတာပါပဲ။
 


ထင်းရှုးဆီဗူး
 




ဒီလိုမျိုး ထင်းရှုးဆီ ချောင်းတွေကို အကင် တုပ်ချောင်း တချောင်းစာ သာသာ အနည်းငယ်သေးအောင် ဓါးနဲ့ ခွဲခြမ်းစိတ်လိုက်ပီး ကင်မယ့် မီးဖိုမှာ အရင်ဆုံး မီးသွေးတုံးတွေကို အရင်ဆုံး တောင်ပုံစံ ပုံပီးမှ ထင်းရှုးဆီချောင်းတွေကို ၃ ၊ ၄ ချောင်းလောက် ဆိုင်ပီး မီးညှိ၊ လေတော့ ကွယ်ထားလိုက်တယ်။ ဒါမှ ထင်းရှုးဆီ ချောင်းကနေ တဆင့် မီးသွေးတုံးတွေက မီးတောက်လာမယ်။
 
  
ပုစွန်ကင် 




ကိတ်မုန့်ကို ချောကလက်ဆန်လေးတွေ သမီးလေး အလှဆင်ပေးထားတာ။




Angel ချောကလက်ဆန် ဖြူးပေးထားတာ။ ကိတ်မုန့်ကတော့ ၀ယ်တာ။




ဒီပိုစ့် တင်နေတုန်း Browser ၂ခု ဖွင့်ထားလိုက်တယ်။ တခုမှာ ... ဘလော့ပိုစ့် သုံးပီး။ နောက်တခု Browser မှာ http://www.cnn.com/video/?%2Ftab%2Flive#/video/cvplive/cvpstream1 Time Square awaits 2012 ကို Live ကြည့်တယ်။ အဲဒီနေရာကို လူကိုယ်တိုင်တော့ ကလေး ၂ယောက်နဲ့ အတူ သွားတော့ မသွားနိုင်ဘူး။ တော်တော်အေးမှာပဲ။ လူငွေ့ ရိုက်ပီး နွေးနေပေမယ့် အေးတော့ အေးနေမှာ။ အခုဆိုရင် ည ၁၁း၄၈ ... နောက်  ၁၂ မိနစ် ဆိုရင် နှစ်သစ် တခုကို ကူးပြောင်းပါပီ။

၂၀၁၁ ကို နှုတ်ဆက်ပါတယ်။ 
ကြိုဆိုပါတယ် ၂၀၁၂ ....

Happy New Year !!!!


** အရင်ပိုစ့် **


2010 - နှစ်သစ်ကြို - ညစာ စားပွဲ (ရွှေမြန်မာ)
2011 - နှစ်သစ်ကြို - ညစာ စားပွဲ (ရွှေမြန်မာ)
2012 - နှစ်သစ်ကြို - ညစာ စားပွဲ (အမေရိကား) Now



4 comments :

ဆဲဗင်းဒီဇင်ဘာ said...

I hope 2012 is a year of great happiness and success for you. Have a wonderful new year!

Thet Nandar Family said...

ဆဲဗင်း ဒီဇင်ဘာ ....

May all your dreams come true this year.
Happy ** 2012 ** to you !!

kokoseinygn said...

နှစ်သစ်မှာ မိသားစုအားလုံး
ကိုယ်ေ၇ာစိတ်ပါကျန်းမာချမ်းသာပြီး
စီးပွားတိုးတက်ကြပါစေ။

Thet Nandar Family said...

Ko Ko Sein (YGN) ....

ကျေးဇူးပါ ဦးကိုကိုစိန် ....

ဦးကိုကိုစိန် ပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို၏။

ဦးကိုကိုစိန် ရဲ့ နှစ်သစ်ဆုတောင်းက ကျွန်မ အလိုချင်ဆုံး နှစ်သစ်ဆုတောင်းပါ။

ဦးကိုကိုစိန်တို့ မိသားစု အားလုံး ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ကျန်းမာကြပါစေ ... ချမ်းသာကြပါစေ ... ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ ... စိုးရိမ် ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းပါစေ .... သောက ခပ်သိမ်း ကင်းငြိမ်းပါစေ ... စီးပွား ဥစ္စ္စာ ဒီရေ အလား တိုးတက် ကြီးပွားကြပါစေ ...