Thursday, December 22, 2011

2011 B4 ခရစ်စမတ်


Santa Henry ... ခရစ်စမတ် သစ်ပင်နဲ့ အမှတ်တရ ...
 

 

ံHo ... Ho ... Ho ... Baby Santa Claus  ... candy cane ဝေပေးပါမယ်။


လက်အိတ်ကို ပြန်ဆွဲတင်ပီး ၀တ်နေသော စင်တာကလော့လေး


Hark, now hear the angels sing, a king was born today, 
  And man will live for evermore, because of Christmas Day.


Oh a moment still worth was a glow, all the bells rang out 
  there were tears of joy and laughter, people shouted 
  "let everyone know, there is hope for all to find peace".


သားသားက မြက်ခင်းပြင်ကျယ်မှာ မြက် မရှိဘဲ ကျောက်တုံး ဖြစ်နေတာကို ကြည့်နေတာ။


Candy cane ဝေပေးဖို့ စင်တာကလော့လေး လာပါပြီ။ သိပ်ဝေချင်နေတာလေ။


နေ့လည် ၃ နာရီ ပတ်ဝန်းကျင်လောက်ပါ။ ဒီကို ရောက်ခါစက ညဆို ၉ နာရီမှ နေ၀င်ပေမယ့် အခုတော့ ညနေ ၅ နာရီဆို မှောင်နေပီ။


Ho Ho Ho .... Merry Christmas !!


မကြာ မကြာ ပို့ပေးရတဲ့ Mc Donald မှာ အမှတ်တရ


Stop and shop မှာ အမှတ်တရ



ကိုယ့် က ဓာတ်ပုံတွေကို caption စဉ်းစား ရေးနေတာ။ ဘေးမှာ ကလေး ၂ယောက်က youtube ကြည့်ရင်းနဲ့ အောက်နားမှာ snow flake ပုံလေးကို နှိပ်ပီး သူ့တို့ ကြည့်နေတဲ့ ကာတွန်းကားမှာ snow flake တွေ ကျနေတာကို သဘောကျနေတယ်။ 
google search မှာ Let it snow လို့ ရိုက်လိုက်ရင်လည်း snow တွေ ကျလာတယ်နော်။ စနိုးတွေ ဖုံးသွားရင် mouse ကို ကလစ်နှိပ်ပီး စနိုးတွေ ရှင်းလို့ရတယ်။ 

( မနက်က ဘလော့တစ်ခုမှာ ရေးထားတာ ဖတ်လိုက်မိလို့ မသိသေးတဲ့ သူတွေ ... စနိုးချစ်တဲ့သူတွေအတွက်ပါ )

ကိုယ်တော့ ရန်ကုန်က ခရစ်စမတ် (သို့) ဒီဇင်ဘာကို အရမ်းလွမ်းလွန်းလို့ FB မှာ မွှေနှောက်ပီးတော့ကို လိုက်ရှာနေတာ။ ရန်ကုန် ဓာတ်ပုံတွေကို .... ဓါတ်ပုံလောက် ကြည့်လိုက်ရရင်လည်း အလွမ်းသက်သာပါတယ်လေ။



ဒီ ခရစ်စမတ်ပန်းတွေက ဒီအချိန်မှာ အလှဆုံးပဲ။ 
 




ဒီနေ့ သမီး ကျောင်းမှာ ခရစ်စမတ်ပါတီ (white x'mas party) ကျင်းပပေးတယ်။ အဲဒီမှာ တီချယ်က ဓာတ်ပုံ အမှတ်တရ ရိုက်ပေးပီး ပရင်တာထုတ်။ ကလေးတွေက ကိုယ့်ပုံ ကို ကိုယ်ဘာသာ ကိုယ် ခရစ်စမတ်သစ်ပင်မှာ ချိတ်ဖို့ ဒီဇိုင်းဆင်။ ဒီဇိုင်းဆင်တဲ့ ပစည်းတွေ အကုန်လုံး ကျောင်းက ပေးတယ်။ ကော်နဲ့ လိုက်ကပ်လိုက်ရုံပါပဲ။
 



ကျောင်းက ခရစ်စမတ်ပါတီမှာ ကျွေးတဲ့ မုန့်တွေထဲက အိန်ဂျယ် က သူ့ဝေစုကို တ၀က်သိမ်းထားပီး အိမ်ကို သယ်လာပါတယ်။ သူ့မောင်လေး အတွက်တဲ့။ အိန်ဂျယ်က သားသားကို အရမ်းချစ်တယ်လေ။ သူ့လက်ပေါ်မှာပဲ သားသားက ကြီးလာတာ။
 


ကျောင်းက ပါတီမှာ လုပ်ရတဲ့ သကြားလုံးဆွဲကြိုး
 

မုန့်များ
 
 
သားသား စားပါတော့မယ်။ 


credit : Mary's boy child


 

4 comments :

mabaydar said...

သားသားနဲ့ မီးမီး ၂ယောက်လုံးက အချောတွေချည်းပဲ... Wish your family Merry Christmas and Happy New year.

Thet Nandar Family said...

Ma Bay Dar ....

ကျေးဇူး အထူး တင်ပါတယ် မဗေဒါ ...

╔══╗────────╔═╦╗──╔╦═╦╗─────╔═╗
║║║╠═╦╦╦╦╦╦╗║╠╣╚╦╦╬╣═╣╚╦══╦═╣═╣
║║║║╩╣╔╣╔╣║║║╠╣║║╔╣╠═║╔╣║║║╬╠═║
╚╩╩╩═╩╝╚╝╠╗║╚═╩╩╩╝╚╩═╩═╩╩╩╩╩╩═╝
─────────╚═╝

Candy said...

တီတီရေ... Merry Christmas ပါ..
ကလေးလေးတွေက ချစ်စရာလေးတွေ :D :D

Thet Nandar Family said...

Candy ....

ဝမ်းမြောက် ၀မ်းသာ ကျေးဇူးတင်ပါတယ် သမီးရေ ....

˛*˛°.˛*.˛°˛.*★* Merry Christmas & *★* 。*˛.
˛°_██.。./ ♥ \ .˛* .˛。.˛.*.★* Happy New Year ★ 。*
˛. (´• ̮•).。*/♫.♫\*˛.* ˛_Π___. ♥ ˛* ˛*
.°( . • . ) ˛°./• '♫ ' •\.˛*./_____/~\*. ˛*.。˛* ˛. 。2012!!!
*(...'•'.. ) *˛╬╬╬╬╬˛°.|田田 |門|╬╬╬╬╬!˚ .˛ .