Wednesday, November 30, 2011

ကျေးဇူးတော်နေ့ Turkey


Turkey နှင့် စကားပြောသော နေ့ ....



၁၃ ပေါင်ခွဲလောက် ရှိတဲ့ Turkey ကို ရေသေချာဆေး၊ အထဲက လည်ချောင်းရိုးနဲ့ အသဲ အထုပ်ကို လွှင့်ပစ်လိုက်တယ်။


ဟင်းခတ်မှုန့်၊ Rose mary အမှုန့်၊ ဆား၊ ငရုတ်သီး အရောင်တင်မှုန့်



ပထမဦးဆုံး Turkey ကို ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ သဲဆပ်ပြာ တိုက်ပေးသလို တိုက်ပေးလိုက်တယ်။


ပီးတာနဲ့ ပျားရည်ကို lotion လိမ်းသလို Turkey တစ်ကောင်လုံးကို သေသေချာချာ သုတ်လိမ်းပေးလိုက်တယ်။


ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နံနံပင်တို့ကို နှုတ်နှုတ်စင်းပီး


ငရုတ်သီး အစပ် အနှစ်များ
 


နှယ်ပီး


Turkey ထဲ အစာသွတ်ပေးလိုက်တယ်။
Turkey အပေါ်ကနေ ထောပတ်များများ သုတ်ပေးလိုက်ပီး .... 
 

oven ထဲ ထည့်။ 350 °F နဲ့ ၃ နာရီ ခွဲလောက် ကင်လိုက်တယ်။
 

တစ်နာရီခွဲလောက် ကင်အပီးမှာ oven foil ထဲ ကျလာတဲ့ ထောပတ်ဆီ အရည်တွေကို ခပ်ပီး Turkey ပေါ် ဆမ်းပေးရင်းနဲ့ ပျားရည် ထပ်သုတ်တယ်။ Rose mary အမှုန့် ထပ်ဖြူးပီး နောက်ထပ် နှစ်နာရီလောက် 350 °F နဲ့ ထပ်ကင်လိုက်တယ်။ 
စုစုပေါင်း 3 နာရီခွဲ 





Turkey
 

broccoli & baby corn
 

pineapple ပါ ထပ်ထည့်လိုက်တယ်။
 








4 comments :

Anonymous said...

Happy Thanks Given day!
ကျန်သေးလား...
ကျန်သေးလား..
ကြက်ဆင်ကင် လာစားတာပါ..


ပေါက်

Thet Nandar Family said...

ပေါက် ....

မကျန်တော့ဘူး ပေါက်ရေ ...

ဆောရီး ....

ဟီး ဟီး ...

အခု မြန်မာမှာ ၀န်ကြီး ဟီလာရီ သတင်းတွေ FB မှာ Feed တွေ ဆက်တိုက် တက်နေလို့ ထိုင်ဖတ်နေတာ။

လာလည်တာ ကျေးဇူးနော် ချစ်ပေါက် ~~~

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြက်ဆင်ကင်ကြီင်္းကြည့်ပြီး ဓါးနဲ့ လှီးစားဖို့တောင် စောင့်နိုင်မယ် မထင်ဘူး
အကောင်လိုက် ကိုက်ဆွဲပစ်ချင်လိုက်တာ
မွှေးနေမှာဘဲနော်.. ပျားရည်နံ့၊ ထောပတ်နံ့၊ ရိုစ့်မေရီနံ့။
ပြောရင်း စားချင်လာပြီ

Thet Nandar Family said...

ချော ( အစိမ်းရောင်လွင်ပြင်) ...

13 ပေါင်ခွဲဆိုတော့ လေးတော့ လေးတယ်။

အားရ ပါးရသာ ကိုက်ဆွဲ စားပါ ချောရယ် ....:)