Friday, November 11, 2011

Myat Thandar


ရန်ကုန်၊ လမ်းမတော်လမ်း ဆိပ်ကမ်းကနေ စနေ၊ တနင်္ဂနွေ ညနေ ၅ နာရီ ပတ်ဝန်းကျင်လောက်ဆို မြတ် Thandar သဘောင်္ စထွက်ပါပီ။ ကိုယ်တို့ မိသားစု အဲဒီ ရန်ကုန်မြစ် အပျော်စီး သဘောင်္ကို သမီး ၁နှစ်သမီး ၂၀၀၃ ခုနှစ်ကတည်းက စီးနေပါပီ။


အခု ဓာတ်ပုံတွေကတော့ 19.11.2006 (တနင်္ဂနွေနေ့)က အမှတ်တရ ဓာတ်ပုံများ ဖြစ်ပါတယ်။

သဘောင်္တခါစီးရင် လူကြီး ၃၀၀၀ကျပ် ၀န်းကျင် နဲ့ ကလေး က အလကားစီးလားပဲ။

သဘောင်္စီးပီး ညစာ အကင်တွေ စားတယ်။ ထမင်းကြော် စားတယ်။

ခေတ်ပေါ် သီချင်း ၊ အက တွေ ကြည့်ရင်း နဲ့ အပန်းဖြေတယ်။

အဲဒီ သဘောင်္က တရုတ်တန်းကနေ ကြည့်မြင်တိုင် ... တနာရီလောက် မောင်းပီး ပြန်ကွေ့သေးတယ်။
တရုတ်တန်း လမ်းမတော် ဆိပ်ကမ်းကို ကျော်သွားပီး ဗိုလ်တထောင်၊ သာကေတ သီလ၀ါ ဆိပ်ကမ်း အထိ သွားပီးမှ ထပ်ပြန်ကွေ့ပီး ည ၈ နာရီ ခွဲ ပတ်ဝန်းကျင်လောက်မှာ စထွက်တဲ့ လမ်းမတော် ဆိပ်ကမ်းမှာ ပြန်ကပ်တယ်။ 

၃ ထပ်ရှိတယ်။ အလယ်ထပ်မှာ အိပ်ခန်းဆောင်တွေ နဲ့ ကာရာအိုကေအခန်းတွေပါတယ်။

လူသန့်ပါတယ်။ မိသားစု အပန်းဖြေတာ များတယ်။ လူလည်းနည်းတယ်။

အခုတော့ မသိတော့ဘူး။ အဲဒီ သဘောင်္ ရှိသေးလား မသိဘူး။ နာဂစ် နောက်ပိုင်း မစီးဖြစ်တော့ဘူး။


ဘေးနားက သဗာန်တွေက ဒလဘက်ကို သွားတဲ့ သဗာန်တွေ။ အသွား၊ အပြန် စီးလို့ ရတယ်။ ဘယ်လောက်မှ မပေးရဘူး။ မြန်လည်း မြန်တယ်။ ခဏလေးနဲ့ ပြန် ရောက်လာတယ်။ မစီးရဲလို့။

ရေအနက်ကြီး မြစ်ကြောင်းလမ်းပေါ်မှာ ... ဘေးနားမှာ အကာအရံ လက်တတောင် မပြည့်တပြည့်နဲ့ သဗာန်လူးနေရင်လည်း လှုပ်တုပ်တုပ်၊ အမလေး ... မစီးရဲဘူး။
 



သဘောင်္ပေါ်မှာ ဇင်ယော်တွေကို စာကလေးခွေ ၀ယ်ကျွေးသေးတယ်။


ရန်ကုန်မြစ်ပေါ်မှာ သွားလာနေတဲ့ လှေများ
 


မြစ်သဘောင်္တွေနဲ့ အပြိုင် လှော်ခတ်နေတာ။ လှော်တဲ့ လှေလည်း ရှိသလို မော်တာနဲ့ မောင်းတဲ့ သဗာန်တွေလည်း အများကြီးပဲ။


သဘောင်္ဘေးကနေ ကပ်မောင်းပီး
 


သဘောင်္ရှေ့ကနေ ဖြတ်ကျော်တက်သွားသော သဗာန်


သဘောင်္ပေါ်မှာတော့ စားပွဲဝိုင်းတွေ အများကြီးပါပဲ။ သဘောင်္ ဘယ်လောက်ကြီးတယ် ဆိုတာ၊ စားပွဲဝိုင်း များတယ် ဆိုတာ .... မွေးနေ့ပွဲ ကျင်းပလို့ ကောင်းတယ်။ အေနာက္နားက သေဘာၤေတြက 5 stars ၾကယ္ငါးပြင့္ သေဘာၤေတြ (မေကြးသေဘာၤ၊ စစ္ကုိင္းသေဘာၤ) 5 stars သေဘာၤနာမည္မ်ား။


အဲဒီနေ့က မှတ်မိသလောက် ငါးကင် စားတယ်။ ထမင်းကြော်နဲ့ ၀က်ချိုချဉ်ကြော်။ အဲဒီ သဘောင်္ပေါ်က အကင် စားကောင်းတာတော့ ကောင်းကောင်းမှတ်မိတယ်။




ဒါက အဲဒီသေဘာၤေပၚက အက။ အဲဒီ အချိန်တုန်းက သားစိုးရဲ့ စိုင်းကြိုက်တဲ့မောင် သီချင်းနဲ့ ကတဲ့ တယောက် -  အိုစမာ ။
သူ အဲဒီ သဘောင်္ပေါ်မှာ ကတယ်။ 

သားစိုး - စိုင်းကြိုက်တဲ့မောင် ( ဒီဗီဒီယိုထဲက တယောက်လေ ... သူ့ သဘောင်္ပေါ်မှာ ကတာ ... ရီရလို့ သူ ကတာ သဘောကျတယ်။)



YouTube : http://youtu.be/vuxup2I4v6U

Thar Soe - Sine Kyite Tae Maung



YouTube : http://youtu.be/7qhg51dAKfU

လောလောဆယ် နားထောင်ဖြစ်နေတဲ့ သီချင်း " ကိုကြီးကျော် "

သားစိုး - ကိုကြီးကျော်


YouTube : http://youtu.be/nI3UPJ4cmdI

0 comments :