Wednesday, November 16, 2011

အမဲအူ တန်ပူရာကြော်





အမဲအူပြုတ်ဖို့အတွက် အမဲအူတွေကို အနေတော် အတုံးလေးတွေ တုံးပီး ဆား၊ ဟင်းခတ်မှုန့် နဲ့ နှယ်ထားပေးလိုက်ပါတယ်။ 



ပီးတာနဲ့ ကြက်သွန်ဖြူ ဓါးပြားရိုက်၊ ဂျင်း၊ စပါးလင် ထည့်ပီး Pressure cooker နှင့် မီးမြေးမြေး အနေအထား မိနစ် ၂၀ လောက် တည်ထားလိုက်ရင် သောက်ချင်စဖွယ် အနံ့ အရသာ နှင့် ပြည့်စုံပီး အားလည်းရှိတဲ့ အမဲအူပြုတ်ဟင်းရည်ကို ရပါပီ။


အမဲအူကြော်ဖို့အတွက် အိမ်မှာ ၀ယ်သုံးတဲ့ အကြော်မုန့်ထုပ် (တန်ပူရာ အမှုန့်ထုပ်ပါ) 
အမျိုးအစား အစုံ ရှိတယ်။ 
အကြော်မုန့် ခပ်ပါးပါးလိုချင်လား၊ ခပ်ထူထူ လိုချင်လား၊ ငါး မှာ ကပ်ပီး ကြော်ချင်လား၊ အမျိုးအစား အစုံပါပဲ။ အဲဒီ အမျိုးအစားအစုံထဲကမှ ဒီနေ့ အမဲအူပြုတ်ကြော်မှာ သုံးတာ ဒီအမှုန့်ထုပ်ဖြစ်ပါတယ်။


အရင်ဆုံး အမဲအူတွေကို ဆား၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီး တရေ လောက် ရေခမ်းပြုတ်ထားလိုက်ပါတယ်။


အမဲအူမှာ ကပ်ပီး ကြော်ဖို့ အတွက် အကြော်မှုန့်ကို .....


တန်ပူရာအမှုန့် - ဆန်ချိန်ခွက် တခွက်ခွဲ
ဘီယာ - ၁ ခွက်
ကြက်ဥ - ၁ လုံးမှာ အနှစ်ပဲ ယူပါတယ်။
ငရုတ်ကောင်းမှုန့်


မီးမြေးမြေး အနေအထားနဲ့ပဲ ဆီနှစ်ပီး ကြော်ထားသော အမဲအူ တန်ပူရာကြော်


ကိုယ် ကြိုက်တဲ့ ဂေါ်ဖီထုပ် ပုံစံပါ။ ဂေါ်ဖီထုပ်ကို ဒီလိုမျိုး ကျစ်နေမှ သဘောကျပါတယ်။


ကိုယ့်သူငယ်ချင်းက သူ့ရဲ့ canon Lens 5D နဲ့ ခြင်ရဲ့ ခြေချောင်းလေးတွေ ပီပြင် ပြတ်သားစွာ ပေါ်အောင် ရိုက်နိုင်တာကို လာကြွားနေတာနဲ့ ...


ဟုတ်ကဲ့ပါရှင် ... ကျွန်မကလည်း ဂေါ်ဖီထုပ်ပေါ်မှာ ရေစက်လေးတွေ ကဗျာဆန်နေစွာ တင်နေတာကိုလည်း ပီပြင် ပြတ်သားစွာ ရိုက်ထားတာမို့ 


ဟီး ... ဟီး ... ဂေါ်ဖီထုပ်နဲ့ ကောက်ပေါက်လိုက်ရ ..... :P


ဆီကြော် အစားအသောက်တွေ စားရင် လည်ချောင်းမှာ အဆီကပ်တတ်ပါတယ်။ 
အဆိုတော်တွေဆိုရင် ဆီကြော်မုန့် သိပ်မစားပါဘူး။ အသံပျက်လို့ပါတဲ့။
ကိုယ်က ဂေါ်ဖီကို ကြိုက်ကို ကြိုက်တာ။ ရေနွေးဖျော်ပီး ငပိရည်နဲ့ တို့စရာ အနေနဲ့ စားတာလည်း ကြိုက်ပါတယ်။
အခုက အမဲအူ တန်ပူရာကြော်နဲ့ တွဲညှပ်စားဖို့ ဂေါ်ဖီထုပ်ကို ဓါး သေးသေးလေးနဲ့ ကပ်ပီး ပါးပါးလှီးထားတာပါ။ (ဂေါ်ဖီထုပ်ကို ဓါးနဲ့ ကပ်ပီး လှီးရင် လှတယ်)


အမဲအူပြုတ်




အမဲအူပြုတ် ဟင်းရည် ပန်းကန်၊ ထမင်း၊ ငရုတ်ဆီ၊ သံပုရာသီး၊ ငရုတ်ကောင်းမှုန့်


အမဲအူပြုတ်ကို ငရုတ်ကောင်းမှုန့်ဖြူး၊ သံပုရာသီးညစ်ပီး ရှောက်ရွက်ပါးပါးလှီးထားတာဖြူးပီး စားရင် သောက်လို့ကောင်းပါတယ်။




အမဲအူ တန်ပူရာကြော်








CT မှာ မီးပျက်တုန်းက စတိတ်က University Health Center - Food Court မှာ ကြက်သွန်နီကွင်းကြော် ( Onion Ring ) စားကတည်းက သဘောကျနေတာပါ။


ကြော်မယ် ကြော်မယ် နဲ့ ဒီကနေ့မှ အကောင်အထည်ဖော်ဖြစ်ပါတော့တယ်။ စားဖူးနေကြကတော့ ကြက်သွန်နီ ကို ပါးပါးလှီးပီး အကြော်မုန့် - မုန့်နှစ်နဲ့ နှယ်၊ ပန်းကန်းပါးလေးထဲ ထည့်ပီး ဆီပူအိုးထဲ ပန်းကန်ပြားပေါ်ကနေ တွန်းချပီး ကြော်တဲ့ ရွှေမြန်မာက အကြော်စုံ - ကြက်သွန်ကြော်လေ။


ကြက်သွန်နီ ( အကြီး ) ကို အ၀ိုင်းလေးတွေ ခပ်ထူထူ အရင်လှီးထားလိုက်ပီး

(ဆိုင်မှာတော့ ကြက်သွန်နီ အ၀ိုင်းသေး တွေ မယူဘူး။ အိမ်မှာတော့ ကြက်သွန်နီ အ၀ိုင်းသေးလည်း လွင့်ပြစ်ရက်စရာ မရှိတာမို့ ယူပါတယ်)

ဆန်မှုန့် - 1 1/2 ခွက်
Baking powder - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Baking soda - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ - ၁ လုံး
ဘီယာ - ၁ ခွက်
 ဆား -လက်ဘက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့် - အနည်းငယ် နဲ့
မီးမြေးမြေး ... ဆီနှစ်ပီး ကြော်ပါတယ်။

အရင်ပိုစ့် ....

>>>>> ဆန်ခေါက်ဆွဲ အမဲအူပြုတ်

>>>>> Bee tripe soup
>>>>> ဂျုံခေါက်ဆွဲ အမဲအူပြုတ်
>>>>> ကောက်ညင်းဆီထမင်း၊ ဘူးသီးကြော် နှင့် ငချိတ်
>>>>> ဘူးသီးကြော်၊ ကြက်သား ဘူသီးဟင်း


2 comments :

မြတ်ကြည် said...

အမဲအူကြော်စားချင်တယ်။ လေဟာပြင် မောင်မြင့် ပြေးသတိရတယ်။ :)

Thet Nandar Family said...

မြတ်ကြည် ....

အများကြီး ကြော်ကျွေးမယ်နော် .....:)