Thursday, November 10, 2011

ရွှေတိဂုံဘုရား-ကြာသပတေးဒေါင့်


တောင်ဘက်မုဒ် ဓာတ်လှေကား ပေါ်က ဆင်းပီး အဲဒီ ဓာတ်လှေကားနားမှာ ရောင်းတဲ့ ဘုရားပန်းတွေကို ၀ယ်။ ပီးတာနဲ့ အလှူငွေ ထည့်နေသော သမီးလေး ရတနာ ...

သားသားက သူ့မမ လက်ထဲက ဘုရားပန်းတွေ ကိုင်ပေးချင်လို့ တောင်းနေတာကို မမ က မပေးနိုင်လို့ သားသားကို ချော့နေတာ။ ရတယ်။ မောင်လေး မမ ကိုင်မယ်။

ဘုရားပန်းရောင်းတဲ့ ဇောင်းတန်းတွေ နားက ပန်းချီကားချပ်များ

ဘုရားပန်း ၀ယ်နေတာလေ။ ရွှေတိဂုံ ဘုရားကို မရောက်တာလည်း ကြာပါပီ။ ဒယ်ဒီ အတွက် နှစ်သစ် ကုသိုလ် အလှူ လုပ်ပးချင်လို့ သားအမိ သုံးယောက် လာခဲ့ကြတာ။ ပထမ ဘုရားပန်း ကြာသပတေးသားအတွက် ပြင်ခိုင်းမယ်။ ရွှေဆိုင်း ကပ်ဖို့ ၅ ခု လောက် ၀ယ်မယ် ရည်ရွှယ်ထားတာပါ။ ၀ယ်မယ့် ၀ယ်ဖြစ်တော့ တံခွန်တွေကော၊ ကုက္ကားတွေကော။ ဖယောင်းတိုင်၊ အမွှေးတိုင်၊ အစုံ အစုံ ရောင်းတော့တာပဲ။ ဒယ်ဒီ အတွက်တင်မဟုတ်ဘူး။ မာမီတို့ အတွက်ပါ ပါလာသေးတယ်။ အားလုံး ရှင်းပေးလိုက်တော့ တစ်သောင်းကျော်လောက် ကျတယ်။ ဘုရားပန်းစည်းတွေက များလို့ ပန်းဆိုင်က အဖော် ကောင်မလေး တစ်ယောက်တောင် ကူသယ်ပေးဖို့ ရင်ပြင်တော်ပေါ်ထိ ပါလာသေးတယ်။

ဘုရားပန်း ဆိုင်ရှေ့




ဒယ်ဒီအတွက် ကြာသပတေး ဒေါင့်မှာ ကုသိုလ်ကောင်းမှု ဘုရားပန်း၊ ရေချမ်း၊ ဆီးမီး ပူဇော်ပေးနေတာ။

ဘုရားပန်းအိုးထိုးပေးနေတာ

မာမီ နဲ့ သားသားလေး

2010 ဇန်န၀ါရီလဆန်း ပိုင်းက ရွှေတိဂုံဘုရားသွားဖူးတဲ့ အချိန်တွေတုန်းက


သားသား ဘုရားရေသပ္ပါယ်နေတာ

သမီး အိန်ဂျယ် သူ primary ၁ အတန်းတုန်းက အတန်းပိုင်ဆရာမ တီချယ်ကို ဘုရားမှာ တွေ့လို့ ၀မ်းသာ အားရ သွားနှုတ်ဆက်နေတာ။

သမီးလေး ဆီးမီး ပူဇော်နေတာ

ရွှေတိဂုံဘုရား ကြာသပတေးဒေါင့်


မောင်နှမ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အားကိုးနေကြတာလေ။

ဘုရားရှိခိုးနေသော သမီးလေး

သားသား

0 comments :