Tuesday, November 15, 2011

ဘဲသားနီချက်


ဘဲသားကို ရေသေချာဆေးပီး အနေတော် အတုံးလေးတုံး ... ဆား၊ ဟင်းခတ်မှုန့် နဲ့ နယ်ပီးတဲ့ အခါမှာ ရှာလကာရည်၊ ပဲငံပြာရည် အနောက်  တို့နဲ့ ထပ်နယ်ပေးပါတယ်။

အနှစ် အဖတ်များများ အတွက် ကြက်သွန်နီ အနေတော် ၃လုံးလောက်ကို ပါးပါးလှီးပီး ကြော်ထားပါတယ်။ ကြက်သွန်ကြော် နီးပါး ကြွပ်တဲ့အထိ မကြော်ထားပါဘူး။ ပီးရင် ဆယ်ထားလိုက်ပီး။
ဆီပူအိုးထဲမှာ သကြား ၃ ဇွန်းလောက် ထည့်ပီး မွှေလိုက်တယ်။ 
နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အစိမ်းမှုန့်ကို ထည့်၊ ဆီသတ်ပီးမှ 
ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးဖတ်တွေ ကြေလောက်မှ ....
နှပ်ထားသော ဘဲသားထည့်ပီး မွှေလိုက်ပါတယ်။ 
ဘဲသားနဲ့ အစာပလာစာတွေ သမနေအောင် မွှေပီးပီ ဆိုမှပဲ ရေကို ဘဲသားတုံး မမြုပ်ရုံ ရေ အနေတော်လေးပဲ ထည့်ပီး ( medium ) မီးမြေးမြေးနှင့် ၂ ရေလောက် တည် အပီးမှာ စောပိုင်းက ကြော်ထားသော ကြက်သွန်နီကြော်များကို အနှစ်အဖတ်များများ စားချင်တာမို့ ထည့်ပီး ချက်လိုက်ပါတယ်။
၃ရေလောက် ဟင်း အနှစ် ကြက်သွန်နီ၊ ခရမ်းချဉ်သီး ဟင်းအနှစ်ဖတ်များများ နဲ့ ချက်ထားသော ဘဲသားနီချက်။


ဒီလထဲမှာ Thanksgiving Day ( November စတုတပတ် ကြာသပတေးနေ့ - 11.24.2011 ) ရှိတာမို့ ဒီ လ တစ်လလုံး Turkey တွေ .... ဘဲသားတွေ .. ပေါတယ်။



ချက်ပုံ ချက်နည်း အညွန်း
 


ဘဲသားကို စွန်တန် နဲ့လည်း ဟင်းရည် ချက်ဖူးတယ်။ ဘဲပေါင်း၊ ဘဲသားဆီပြန်ဟင်းလည်း ချက်ဖူးတာမို့ ... ဒီတခါ ၀က်သားနီချက်လိုမျိုး ဘဲသားနီချက် ... ခရမ်းချဉ်သီး နဲ့ ချက်ထားပါတယ်။
 


ဘဲသားလို အဆီပေါများပီး အသားများတဲ့ အသားကို အအီပြေအောင် ချိုတဲ့ အရသာ ပိုပီး ကဲသွားအောင် အချဉ်လေး ... ကဲ ... ပေးလိုက်တော့ ပိုပီး စားကောင်းသွားပါတယ်။
 



ဘဲသားနီချက်ဟင်း
 



ငပိထောင်း ချဉ်၊ ငံ၊ စပ် နဲ့ တွဲစားပါတယ်။
 


ငပိထောင်းအတွက် ပြင်ဆင်ထားသော ပန်းကန်
 


ငပိဖုတ်
 



သံပုရာသီး မညစ်ခင် ငပိထောင်း ပန်းကန်
 


ဘဲသားနီချက်လို ချိုပီး ... အသားများများ ဘဲသားကို ချိုတဲ့ အရသာ ပိုထူးကဲအောင် အအီလည်းပြေ ခရမ်းချဉ်သီး အနှစ်ပါ ထည့်ချက်လိုက်တော့ ပိုစားကောင်းသလို အရောင်လေးလည်း ပိုလှသွားတဲ့ ဟင်းကို ငပိထောင်းမှာ သံပုရာသီး တခြမ်းကျော်လောက် ညစ်ထည့်ပီး စားလိုက်ရင် ....
တော်တော် စားကောင်းပါတယ်။
 


ကလေးများ ထမင်းပန်းကန် .... ဘဲသားနီချက်ကို အသားများ နွှင်ပေးထားပါတယ်။
 



India ဆိုင်က ၀ယ်လာတဲ့ အုန်းသီးခြစ်ဖြစ်ပါတယ်။
ဟိုတနေ့က ကောက်ညင်း အုန်းနို့ပေါင်း ဖြစ်သွားတာ ဒီ အုန်းသီးခြစ် မ၀ယ်ရသေးလို့ပါ။
သူ့ကို သကြားနဲ့ အုန်းသီးဆီချက် ချက်လိုက်ရင် ကောက်ညင်းပြန်ပေါင်း ဖြစ်သွားပါပြီ။



ရေခဲရိုက်ထားသော အုန်းသီးခြစ်၊ 

အုန်းသီး အလုံးလိုက် လတ်လတ်ဆတ်ဆတ်လည်း ရပါတယ်။ India ဆိုင်မှာလေ အုန်းသီးကို အမျိုးစုံ ရတယ်။ ထမင်းနဲ ထဲ ထည့်ချက်တဲ့ အုန်းသီးဖတ်လေးတွေတောင် ရေခဲရိုက်ပီး စိတ်ရောင်းထားသေးတယ် သူငယ်ချင်း NNW ရေ ...
 



မုန့်ဆန်း
 


မြန်မာမှာ ၀ါဝင်ရင် ဦးသျှင်ကြီး တင်ကြပါတယ်။ အဲဒီအခါ မုန့်ဆန်း နှင့် ဌက်ပျော်သီး တင်တယ်။ 
 


မုန့်ဆန်းက ချက်ရတာလည်း အလွန်လွယ်ပါတယ်။ ပိတ်ပါးပေါ်မှာ မုန့်ဆန်းထည့်၊ ပိတ်ပြားကို ထုပ်၊ ရေနွေးလေးစွတ်၊ မုန့်ဆန်းဖတ်များ နူးအောင် နှယ်၊ မုန့်ဆန်းဖတ်များ နူးသွားရင် သကြားပါထည့်နှယ်ပီး အုန်းသီးဖတ် တခါတည်း ရောနှယ်လည်း ရသလို မုန့်ဆန်းပေါ်ကနေ ဖြူးပေးလည်း ရတာပဲ။
 


India ဟင်းတွေထဲမှာတော့ အဲဒီ မုန့်ဖတ်ကို ထမင်းဟင်းအနေနဲ့ ဟင်းခတ်အမွှေးအကြိုင်များနဲ့ အတူ ချက်စားကြပါတယ်။ 
 



လောလောဆယ် သောက်နေသော ကော်ဖီ
 




FB မှာ တွေ့လိုက်ရတော့ Wow .... ကိုယ့်ရဲ့ ဘလော့ 5လ အကြာ Hit count visitor ကို Soccer Myanmar က တစ်ရက်တည်းပါလား။
ကိုယ်က ဘောလုံးကွင်းထဲက ဟာသကို အရမ်းသဘောကျတယ်။
ဘောလုံးပွဲသတင်းကိုတော့ အမြဲနားစွင့်ထားတတ်တယ်။






FB ဖွင့်ရင် https://www.facebook.com/myanmarjokes က အမြဲတမ်း ကြည့်တယ်။ အရမ်း ရီရလို့ပါ။ 

ဘလော့လည်း မပါဘူးနော်။ 
အဲဒါကြောင့် ပြောတာ ဘလော့ကို မသိသေးတဲ့လူတွေ အများကြီးပါလို့။ 
FB ပေါ်မှာ Note ရေးပီး အရမ်းနာမည်ကြီးတဲ့လူတွေတောင် ဘလော့ကို မသိဘူး။ 
ဘလော့မလုပ်တတ်လို့ ... လို့ ပြောတာပဲ။ 
အားလို့ ရှိရင် သူ အတွက် ဘလော့လေး account open ပီး လက်ဆောင်တောင်ပေးချင်ပါတယ်။
မအားလို့ပါကွယ် ခစ် ... ခစ် ... ခစ် :P

( အမှန်က သူ့ကို စိုးရိမ်လို့ ... FB ရော ... ဘလော့ရော ဆို အလုပ်ပျက်၊ အကိုင်ပျက်ဖြစ်ပီး အချိန်တွေ ကုန်သွားမှာ စိုးရိမ်လို့ပါ ...  )
 


အခု အင်တာနက် သုံးနေရင်း ကြည့်နေတဲ့ ကားပါ။ Red box က သွားဌားလာတာ။ တစ်ရက်ကို ဌားခ 1 $ .
တခါတလေ ဒီ ဗီဒီယို ဆိုဒ်ကနေ ၂၀၀၀ ပတ်ဝန်းကျင်က ကားလေးတွေ သွားကြည့်ပါသေးတယ်။
Don't believe you.



See you tomorrow !


အရင်ပိုစ့် ....

>>>> ၀က်သားနီချက်
>>>> ကြက်သားနီချက်
>>>> ၀က်သားနီချက် + ပဲကြီး ဆူးပုပ်နှပ်

1 comments :

barbielay said...

အရင်ဆုံးလာအားပေးသွားတယ် ဘဲသားဆိုအရမ်းကြိုက်ဘဲ