Sunday, November 13, 2011

ကောက်ညင်း အုန်းနို့ပေါင်း


ကောက်ညင်း အုန်းနို့ပေါင်း
 

ကောက်ညင်းဆန် ၂ ခွက်ကို ရေဆေးပီး၊
 

အုန်းနို့ဗူး ထဲက အုန်းနို့ရည် ဆန်ချိန်ခွက် နဲ့ ၂ ခွက်ထည့်ပါတယ်။ 
သကြား - ထမင်းစားဇွန်း (၂)ဇွန်း၊ ဆား အနည်းငယ် တို့ထည့်မွှေပေးပီး Rice Cooker နဲ့ ထမင်းချက်သလို ချက်ထားသော  ကောက်ညင်း အုန်းနို့ပေါင်း။



ကိုယ် စားချင်သလို ချက်စားသော ကောက်ညင်းအုန်းနို့ပေါင်း ချိုး


ချိုချိုလေး နဲ့ ကောက်ညင်းနံ့၊ အုန်းနို့နံ့ သင်းသင်းလေး .. 
အဲလို အရသာမျိုးကို ကြိုက်လို့ ကိုယ် အနေနဲ့ကတော့ စားလို့ကောင်းတယ်။ 



ပြင်ဆင်ထားတာတော့ ကောက်ညင်းပြန်ပေါင်း ....
ချက်ဖြစ်သွားတာက လွယ်လွယ်ကူကူ ကောက်ညင်း အုန်းနို့ပေါင်း ....

ကောက်ညင်းပြန်ပေါင်း ချက်တာက ....

ကောက်ညင်းဆန်ကို ရေဆေးပီး ရေထည့်၊
Rice cooker ဖြင့် ပေါင်းလည်း ရတာပါပဲ။
ကျက်လျှင် အုန်းနို့ရည်ဖျန်းပီး နယ်၊ ၁၅ မိနစ်လောက် ထပ်ပေါင်းပါ။

ဆီ အနည်းငယ်ဖြင့် ခြစ်ထားသော အုန်းသီးဖတ်များကို သကြားနှင့် အတူ ကြော်ပါ။
ကောက်ညင်းပြန်ပေါင်း နှင့် အတူ တွဲဖက်စားဖို့ အုန်းသီးဖတ် အချို။


ငါးရံခြောက် တ၀က်လောက်ကို ရေအနည်းငယ်ဖြင့် စိမ်ပီး oven ဖြင့် aluminum foil ပတ်ပီး ဖုတ်ထားလိုက်ပါတယ်။
 


ဖုတ်ပီး ငါးခြောက်များကို ထုထားလိုက်ပါတယ်။ 
 



( ဒီ sweet rice ကို ကောက်ညင်းဆန် အနေနဲ့ အိမ်မှာ ချက်စားပါတယ်။ ကောက်ညင်းဆန် Glutinous rice ကို စားရင် ချုပ်မှာ စိုးတာ တကြောင်း ... ပီးတော့ အစာအိမ်အတွက်လည်း အစာခြေလွယ်တဲ့ ဒီ ကောက်ညင်းဆန် အမျိုးအစားကို ချက်စားတာပါ )
wiki မှာတော့ sweet rice လည်း ကောက်ညင်းဆန် တမျိုးပါပဲ။ 

ထမင်းနဲ့လည်း မတူဘူး။ sweet rice က sticky rice လိုမျိုးပဲ စီး .. စီးလေးနဲ့ ကောက်ညင်း အရသာမျိုး ...
 
* credit : wiki : glutinous rice

ကောက်ညင်းဆန် (၂) ခွက်ကို ရေဆေးပီး  ...
ချက်မယ့် ဒယ်အိုးမှာ ဆီကို ထမင်းစားဇွန်းနဲ့ ၄ ဇွန်းလောက် ထည့်ပါတယ်။
ဆီဆူပီဆိုတာနဲ့ ဆနွင်းမှုန့်ကို လက်ဘက်ရည်ဇွန်းနဲ့ ၃ပုံ/၁ပုံထည့်ပီးတာနဲ့ ...
ရေစိမ်ထားသော ကောက်ညင်းဆန် ( ရေစစ် ) ထည့်ပီး ဆနွင်းမှုန့် နဲ့ ကောက်ညင်းဆန်ကို နံစပ်အောင် နယ်ပီးတာနဲ့ တပြိုင်နက် ...
ဆန်ချိန်ခွက်နဲ့ ရေ ၂ ခွက်ခွဲလောက်ထည့်ပါတယ်။
မီးမြေးမြေးနဲ့ပဲ ၁၀မိနစ်လောက် ချက်ထားတဲ့ ကောက်ညင်း ဆီထမင်းပါ။

ရှလွှတ် (ကြက်သွန်နီ အသေး) အိမ်မှာ ကုန်နေလို့ ကောက်ညင်း ဆီထမင်းထဲ ကြက်သွန်နီ မထည့်ဖြစ်သလို၊ ကြက်သွန်နီကြော်လည်း မဖြူးဖြစ်ပါဘူး။ 



ငါးရံခြောက်ဖုတ် နှင့် ကောက်ညင်း ဆီထမင်း



ကောက်ညင်းဆီထမင်း ၀ါဝါလေး




ပုစွန်ခြောက်၊ ကောက်ညင်းဆီထမင်း၊ ငါးရံခြောက်ဖုတ်



ကောက်ညင်းဆီထမင်း၊ ပုစွန်ခြောက်၊ ငါးရံခြောက်ဖုတ်၊ ရေနွေးကြမ်း


3 comments :

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောက်ညင်းနဲ့ ငါးခြောက်
အိုး ဘယ်လိုလိုက်ဖက်မှန်းမသိဘူး
ကြည့်နေရင်းနဲ့ ချက်ခြင်းလုပ်စားချင်စိတ်ပေါက်တာ..
အိမ်မှာကောက်ညင်းရှိသေးလားလို့တောင် ညီမကို မေးလိုက်မိတယ်..
စားချင်လိုက်တာ လုပ်စားဦးမယ်..

san htun said...

ဆီထမင်း လာစားတယ် အမ..

Thet Nandar Family said...

>>> ချော (အစိမ်းရောင်လွင်ပြင်)
>>> San Htun

ကောက်ညင်း ဆီထမင်းပဲ ရောင်းကောင်းနေတယ်။ :P
မနေ့က India ဆိုင်က မုန့်ဆန်း ၀ယ်လာတယ်။
မုန့်ဆန်း တနေ့ လုပ်စားမလို့။
ချက်ရတာ အရမ်း .. အရမ်းကို လွယ်လို့ :)