Saturday, November 19, 2011

ဌက်ပျော်သီး ဆနွင်းမကင်း





ဌက်ပျော်သီး ၆ လုံးကို ...
 


အုန်းနို့ တစ်ဗူးနဲ့ မွှေစက်ထဲ ထည့်မွှေလိုက်ပါတယ်။
 

ပီးမှ ဂျုံမှုန့် - ဆန်ချိန်ခွက် နဲ့ တစ်ခွက်
 


Baking Soda - လက်ဘက်ရည် တစ်ဇွန်း၊
သကြား - ထမင်းစားဇွန်း - ၇ ဇွန်း မောက်မောက်၊
ဆား - လက်ဘက်ရည် တစ်ဇွန်း ... ထည့်မွှေပီး ...
 



အစားအသောက် အရောင်ဆိုးဆေး အနီရောင် အမှုန့် လက်ဘက်ဇွန်း ၄ ပုံ ၁ ပုံလောက်ကို ရေ အနည်းငယ်နဲ့ ဖျော်ပီး ...
 


ဖျော်စက်ထဲ .... ထည့်မွှေပေးလိုက်ပါတယ်။
 


မွှေပီးနောက် ...
 


၎အောင်စ ထောပတ် ၂ တုံးကို မီးမြေးမြေး နဲ့ ထောပတ်ရည်ဖျော်လိုက်တာ ဆန်ချိန်ခွက် နဲ့ တခွက်ကျော်လောက် ရပါတယ်။ 
ဆန်ချိန်ခွက် တစ်ခွက်စာကို ဖျော်စက်ထဲ ထည့်မွှေ ရောလိုက်ပီး ....



ကျန် ထောပတ်ရည်များကို မုန့်ဖုတ်မယ့် oven foil ထဲ ထည့်လိုက်ပါတယ်။
 


မုန့်နှစ်ကိုလောင်းထည့်အပီး
 


ဘိန်းစေ့
 





ဘိန်းစေ့ ကို နေရာမလပ် ဖြူးပေးပီး ...
 





ရေခဲရိုက် အုန်းသီးခြစ်
 


အုန်းသီးခြစ်ကို နေရာမလပ် ဖြူးပေးလိုက်ပါတယ်။
 

oven ထဲ ထည့်ပီး 350 ºF နဲ့ ၄၅ မိနစ် နီးပါးလောက် ဖုတ်လိုက်ပါတယ်။
ဖုတ်ပီး နာရီဝက် အကြာမှာ အနံလေး မွှေးတက်လာတော့ oven တံခါးဖွင့်ကြည့်ပီး မုန့်ကို စမ်းကြည့်သေးတယ်။ အပေါ်သား မကျက်သေးတာနဲ့ အိမ်မှာတော့ ဒီလို oven စက် နဲ့ 45 minute လောက် အကြာ ဖုတ်ပီး ... ရေခဲသေတာထဲ ထည့်။ ခဲ လိုက်မှ ဌက်ပျော်သီး ဆနွင်းမကင်းက လှီးလို့ ကောင်းသွားပါတယ်။ 



ဌက်ပျော်သီး ဆနွင်းမကင်း
 



ဘိန်းစေ့ ပါလို့ ပိုပီး ဆနွင်းမကင်း အရသာ ရှိသွားပါတယ်။
 

ကိုယ့် အနေနဲ့ အချိုက အတော်ပါပဲ။ ထောပတ်လေး နည်းနည်းများသလိုပဲ ဆိုပေမယ့် စားလို့ကောင်းတယ်။ 

အဲဒီ ထောပတ်တံဆိပ် နဲ့ ထောပတ်ဆီက မအီဘူး။




 

အုန်းနို့ခေါက်ဆွဲက ဒယ်ဒီချက်တာပါ။ ဒါ ဒယ်ဒီပန်းကန် ချဉ်၊ ငံ၊ စပ် အုန်းနို့ခေါက်ဆွဲ
 


ခေါက်ဆွဲဖတ်
 


အုန်းနို့ဟင်းရည်အိုး
 


ငါးဖယ်ကြော် (Ready made) ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီး အကျက်မှုန့်၊






 

18 comments :

The Queen said...

whhhh... it looks yummy... sis. u r so clever !

Thet Nandar Family said...

The Queen ..

What a pleasant surprise -- good to see you visit to my blog :)

AH said...

မရောက်တာ နဲနဲကြာနေတာနဲ့ အခုမှပ်ဲလာလည်ဖြစ်တော့တယ် အစ်မရေ... လာလည်းလည်ရော ဗိုက်လည်းဆာရောပဲ..... ဆနွင်မကင်းကလည်း ကောင်း၊ အုန်းနို့ခေါက်ဆွဲကလည်းကောင်း :)

rose said...

ငှက်ပျော်သီး ဆနွမ်းမကင်း လုပ်နည်း အဆင့်ဆင့် အတွက် ကျေးဇူးပါ အစ်မရေ...။ ရွှေကြည်မှုန့် အစား အစ်မက ဂျုံမှုန့် ထည့်တာလားဟင်။ အနီရောင်လေး ဆိုတော့ မုန့်လေးက ပိုလှတယ်း) အုန်းနို့ခေါက်ဆွဲကလည်း မြင်တာနဲ့ စားကောင်းမယ်မှန်း သိတယ်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

မသက်နန္ဒာလုပ်သမျှ အကုန်စားကောင်းချင်စရာကြီးဘဲ
လှလဲလှတယ်.. ဆွဲဆောင်မှုလည်းရှိတယ်..
ငှက်ပျောသီးဆနွင်းမကင်းက အရောင်လေးကို စိုနေတာဘဲ
အုန်းနို့ခေါက်ဆွဲကလည်း ကြည့်တာနဲ့ စားချင်တယ်..

Thet Nandar Family said...

AH, Rose, ချော (အစိမ်းရောင်လွင်ပြင်) ....

အများကြီး သုံးဆောင်နိုင်ပါတယ်ရှင် ~~~~

Rose နှင့် ဧည့်သည်များ အတွက် ~~~~

ဌက်ပျော်သီး ဆနွင်းမကင်းကို ရွှေကြည် ( Deep တံဆိပ် - Sooji ) နဲ့ လုပ်လည်း တမျိုး စားကောင်းမှာပါ။

စကားမစပ် - ကိုယ့်က Deep တံဆိပ်ကို အကြိုက်ဆုံးမို့လို့ပါ။

As you like ....

အိမ်မှာ ...

ဒီ အမျိုးအစား ....

ဒီ အချိုးအစား ...

ဒီ oven နဲ့ မုန့်ဖုတ်လိုက်တာ ...

ဒီလိုမျိုး မုန့် ဖြစ်လာတယ်ဆိုတာ ....

ပြောပြပေးရုံ သပ်သပ်ပါပဲ။

အိမ်က မုန့်မှာ ထပ် ဖြည့်စွက်ပြောပြပေးချင်တာက ....

- Food color မထည့်လည်း ရတယ်။

- ကြက်ဥ ထပ်ထည့်ပီး မုန့်ဖုတ်လည်း ရတယ်။

- ဌက်ပျော်သီး မုန့်သားနှစ်ထဲ အုန်းသီးခြစ်ဖတ်တွေ ထပ်ထည့်မွှေပီး ဖုတ်လည်း ရသေးတယ်။

- အုန်းနို့ရည် ထပ်ထည့်လို့လည်း ရသေးတယ်။

- ဌက်ပျော်သီး ကို ရခိုင်ဌက်ပျော်သီးမှ ... ဌက်ပျော်သီးများများ ထည့်ဖုတ်ချင်တယ်ဆိုလည်း ရသေးတယ်။

- အိမ်က oven foil က ဒန်ပေါက် ချက်တဲ့အခါ သုံးတဲ့ oven foil - pan size : 13 1/4 " x 9 5/8 " x 2 3/4 " မို့ရယ်၊

- blander (မွှေစက်) တစ်လုံးစာ - ဒီအချိုးအစားနဲ့ ဆိုတော့ ဒီ pan size နဲ့ မုန့်ဖုတ်လိုက်တာ မုန့်က နည်းနည်းပါးတယ်။

- မုန့်ထူထူလေး ဆို oven foil ကို ဆိုဒ်သေးလိုက်ရင် မုန့်ထူထူလေး ဖြစ်သွားလိမ့်မယ်။

- အုန်းသီးခြစ်ကလည်း မဖြူးရင် ဘာမှ မဖြစ်ဘူး။

- အိမ်မှာ ရှိလို့ ဖြူးလိုက်တာ။

- ထောပတ်ကို လျှော့လို့ရတယ်။ အိမ်မှာ ၈ အောင်စ ဆိုတော့ ဆနွင်းမကင်းက ထောပတ် ရွှဲရွှဲလေး၊ ထောပတ် အနံ သင်းသင်းလေး ဖြစ်နေတယ်။

- သကြားကတော့ ကိုယ့် အနေနဲ့ အတော်ပဲ။ သိပ်ချိုလွန်းရင် ကိုယ့် ကျန်းမာရေးအတွက် စိုးရိမ်လို့ပါ။

(အရသာကို မွှေစက်မှာ မွှေပီးရင် မဖုတ်ခင် မှည်းလို့ရသေးတယ်)

- အိမ်က oven က 350 ºF နဲ့ အောက်မီးပဲ လင်းပါတယ်။

- အပေါ်မီးလင်းဖို့က Broil ကို ထားရင် ရတယ်။

- ခဏလောက်ပဲ ထားတာ အကောင်းဆုံးပဲ။ မီးအား အရမ်းပြင်းလို့။

- ဒီ oven အမျိုးအစား ဒီ ဖာရင်ဟိုက်ဆိုရင် ဒီလောက်ပါပဲ။

- တချို့ မုန့်ဖုတ်တဲ့ oven က အပေါ်မီး အတွက် ဖာရင်ဟိုက် သပ်သပ် နဲ့ အောက်မီးအတွက် ဖာရင်ဟိုက် သပ်သပ်ဆီ ရှီတယ်။

- မုန့်ဖုတ်နေတဲ့ အချိန်မှာ မိနစ် ၂၀ ကျော်ရင် တချက်လောက် oven ကို ဖွင့်ကြည့်ပီး၊ မုန့်ကို ဓါး နဲ့ ဖြစ်ဖြစ်၊ တခု ခု နဲ့ စမ်းကြည့်လို့ ရတယ်။

- As you like ...

ကိုယ့်အိမ်မှာ ...

ကိုယ့်ရဲ့ မီးဖိုချောင်မှာ ...

ကိုယ့်စိတ်တိုင်းကျ ...

ကိုယ့် ကြိုက်နှစ်သက်တဲ့ ပုံစံ ...

အချိုးအစားနဲ့ စိတ်တိုင်းကျ ချက်ပြုတ်၊ စားသောက်ရင်း ... ပျော်ရွှင် ချမ်းမြေ့ပါစေ။

mie nge said...


ဒီဂရီကို လေ ဘယ်လိုရိုက်ရလဲဆိုတာ ပြောပြပါအုန်းနော်
ဟိုတုန်းက မရေးထားတာတွေ့လိုက်တယ် ခုပြန်ရှာတာတွေ့တော့ဖူး

ပြီးတော့လေ အုန်းသီးဖတ်က စင်ကာပူမှာ ဝယ်လို့ရလားဟင် ရယ်ဒီမိတ်ထုတ်လေ

ဟင်းချက်နည်းတွေကို ကြိုက်တယ် အရမ်း
ကျေးဇူးတင်ပါတယ်

puupuu said...

စားချင်လိုက်တာ ငှက်ပျောသီး ဆနွင်းမကင်းရယ်
အုန်းနို့ခေါက်ဆွဲရယ် ...အကုန်ကြိုက်
ဆနွင်းမကင်းလုပ်နည်းလေး အခုလိုစုံစုံလင်လင်သိရ
လို့ ကျေးဇူးပါနော် မမရေ...
ပူးပူးလဲ လုပ်စားကြည့်ပါအုံးမယ်.......
ခင်မင်တဲ့
ပူးပူး

Thet Nandar Family said...

Mie Nge :

Degree Sign ရေးထားတဲ့ ပိုစ့်က : http://thiriyatanar.blogspot.com/2011/06/search.html

cent sign = Alt + 0162 - ¢
Degree Sign = Alt + 0176 - 400°F
Copy Right Sign = Alt + 0169 - ©

(အဲဒီမှာ သိရသလောက်က laptop key board ဆို မရဘူးလားပဲ။ destop key board မှလားပဲ။ အပေါ်နားမှာ ရေးထားတယ်။ )

on the numeric keypad (not the numberline on the top row of the keyboard)

credit : http://www.forlang.wsu.edu/help/keyboards.asp

Google မှာ Indian Grocery Singapore ဆိုပီး ရိုက်လိုက်ပါ။ အဲဒီမှာ လိပ်စာ ပေါ်လာပါလိမ့်မယ်။
အွန်လိုင်းကနေ india ကုန်စုံပစည်းတွေ ၀ယ်ပီး လာပို့ခိုင်းလို့လည်း ရတယ်လို့ Google မှာ ပေါ်ပါတယ်။ Delivery Free တဲ့။ စင်ကာပူက India နဲ့ ပိုနီးတော့ အဆင်ပြေမှာပါ။

ပူးပူး .....

လာလည်တာကျေးဇူးနော်။
ပူးပူး အိမ်ကိုလည်း အသစ်တင်တိုင်း ရောက်ဖြစ်ပါတယ်။ :)

mie nge said...

မမ

စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်


စိတ်ထာဝရ အေးချမ်းပါစေ

မီးငယ်

Thet Nandar Family said...

Mie Nge .....

Enjoy :)

ဇင် said...

မ အားလုံးကြိတ်ပြီးတော. မုန် နုစ် ဘယ်နခွက်လောက်ရှိလဲ မသိဘူး။ ဇင် ပြီးခဲ.တဲ ပတ်က လုပ်တာ အရမ်းပျော.သွား တယ်။ ဇင် ကြိတ်ပြီးတော. မုန် နုစ် ၇ ခွက် ကျော် လောက် ရှိမယ်။ ၅ ခွက် blendar မဆံ တော. လို ခွဲ ပြီး ကြိတ်ရတယ်။ ငှက်ပျောသီး များ သွား တာ လား မသိ ဘူး။ ဇင် ငှက်ပျောသီး ၆ လုံး က ၃ ပေါင် လောက်ရှိ တယ်။ butter တော. ဇင် လျော. ထား တယ် ၄ အောင်စ တစ်တုံး ဘဲ ထည်.တာ။
ကျေးဇူး နော်။

Thet Nandar Family said...

@ ဇင် -

ဂျုံမှုန့် ထည့်လား ??
coconut ဗူးက Cream လား .. milk လား ...

coconut cream ကို သုံးပေးပါ ...
350º F နဲ့ မိနစ် 45 တောင် မုန့်ဖုတ်တာ ပျော့သွားတာလား ...

ဇင် ... မုန့်ဖုတ်ပီး ... နာရီဝက် ... ၄၅ မိနစ်လောက် အအေးခံပီးမှ မုန့်ကို ဓားနဲ့ လှီးနော် ...

မုန့်ဖုတ်နေစဉ် ကာလမှာလည်း oven တံခါးကို ဖွင့်ပီး မုန့်ဗန်းထဲကို ဓါး ဖြင့်ဖြင့် ... တခု ခု နဲ့ မုန့်သားကျက် မကျက် စမ်းလို့ ရပါတယ် ...

မုန့်သားကျက်ပီ ဆိုမှ oven ထဲက ထုတ်ပီး အပြင်မှာ အအေးခံပါ ... အအေးခံပီး နာရီဝက်ကျော် .. ၄၅ မိနစ်လောက်မှ မုန့်ကို လှီးပါ ...

ဌက်ပျော်သီး ၆ လုံးဆို အတော်ပါပဲ ...

ဂျုံမှုန့် အစား ... ရွှေချီကိုလည်း ထည့်လို့ရပါတယ် ...

စိတ်မပူနဲ့နော် ...

မုန့်ဖုတ်နေစဉ် .. မုန့်သားကျက်မကျက်ကို ဓားလေးနဲ့ စမ်း ... မုန့်စဖုတ်တဲ့ နာရီဝက် ကျော် ဆို စ စမ်းလို့ ရပီ ...
နောက်ပိုင်း ၁၀ မိနစ် .. ခြား ... ၅ မိနစ် ခြားလောက်ပေါ့ ....

၄၅ မိနစ်တောင်မှ မုန့်ဗန်းက ပျော့နေသေးရင် ... ၁ နာရီလောက် မုန့်ဖုတ်ပါ ...

မုန့်သားပျော့နေတာ ... အမ .. မြင်ယောင်တာက .. ဂျုံမှုန့် မပါလို့လား .. မုန့်ဗန်းကို အအေးမခံပဲ တန်းပီး လှီးလိုက်လို့လား ... ၄၅ မိနစ် နဲ့ မုန့်ဗန်းက မုန့် မကျက်သေးတာလား .. အုန်းနို့ အပြစ် ( coconut cream ) မဟုတ်ပဲ coconut milk ( အကျဲ ) ဖြစ်နေလို့လား .. ဆိုပီးတော့ပါ ...

ဌက်ပျော်သီး ရွှေချီ ဆနွင်းမကင်း ပိုစ် : ဌက်ပျော်သီး ရွှေချီဆနွင်းမကင်း

ဇင် said...

အုန်း နို့ က milk ထင် တယ် တော်တော် ကျဲ တယ်။ အမ ပုံ မှာ ပျစ် တယ် နော်။ ဇင် ဘူး က နွား နို. ထက် နည်း နည်း ဘဲ ပျစ် မယ် ထင် တယ်။
ဂျုံမှုန့် ဆန် ချိန်ခွက် ၁ခွက် ထည်တယ်။
မုန် က ကျက်တယ်။ ဇင် ဓါး နဲ ထိုး ကြည့် တာ မုန်မ ကပ် ဘူး။ 350º F နဲ့ 45 မိနစ် ဖုတ်တယ်။ အအေး လဲ ခံတယ်။
ဇင် က conversion oven အသေး နဲ ဖုတ် တော. အပေါ် မုန် တောင် တော် မဲ နေ ပြီး တူ တယ် တောင် ပြော လို ရ တယ်။ ဖုတ် တဲ ချိန် ငှက် ပျောသီး နဲသင်း နေတာဘဲ။ သား သား ကတောင် ဘာ လုပ် နေတာလဲ မေး နေ တာ။ ရ တော. မဲ နေ တော မစား ရဲ ဖြစ် နေတယ်။ တစ် ခါ မှ လဲ မစား ဖူး ဘူး ဆို တော.။
အား လုံး ကြိတ် ပြီး တော. မုန်နှစ် က တော် တော် ကျဲ တယ်။ ဒီ တိုင်း သွန် ချ လို ရတယ်။ ရန် ကုန်မှာ ငှက် ပျောသီး မှည် ရင် မုန် ပို စား ကောင်း တယ် ဆို လို ငှက် ပျောသီး ကို ဇင် က ဘယ် သူ မှ မစား နဲ မုန် လုပ် ဖို ဆို ပြီး မှည် နေအောင် ထား ထား တယ်။

စိတ် ရှည် ရှည် ပြန် ရှင်း ပြ လို ကျေး ဇူး အထူး နော်။
ဇင်

Thet Nandar Family said...

@ ဇင် ...

ဇင်ရေ .. အဲဒီလို မုန့် မျက်နှာပြင်က မဲနေတဲ့ အပိုင်း ( တူးနေတဲ့ အလွှာကို ဓါးနဲ့ ခပ်ပါးပါးလေး ရှပ်လှီးပီး ) အောက်ပိုင်းက ပျော့နေတယ် ဆိုတဲ့ အပိုင်းကို 0ven ထဲ ပြန်ထည့်ပီး ဖုတ်လို့ ရပါသေးတယ် ... ၁၀ မိနစ် .. မိနစ် ချိန်ပီး ထည့်ပေါ့နော် ...

ဇင် oven က 350 § F - ၄၅ မိနစ် ကို အပေါ်မျက်နှာပြင် တူးပီး အတွင်းပိုင်းက ပျော့တယ် ဆိုရင် ... 325 ( သို့ ) 300 နဲ့ တနာရီကျော်လောက် ဖုတ်ကြည့်ပါ ....

မကြာ ခဏ 0ven ကို ဖွင့်ကြည့်ပေါ့နော် ...

နာရီဝက်ကျော်ဆို သတိထားပီး ဖွင့်ကြည့်ပေါ့ ...

ပထမ အခေါက်လောက်ပဲ ကြည့်ရုံပါပဲ ...

နောက်တကြိမ်ဆို ကိုယ့် အိမ်က oven နဲ့ မုန့်အချိုးအစားကို ကိုယ့် ပြန်ချိန်လို့ ရနေတော့ နောက်တခေါက် မုန့်ဖုတ်ရင် လှည့်ကြည့်စရာ မလိုတော့ပါဘူး ...


အမ ... နောက်တခါ ထပ်ချက်တဲ့ အခါကျရင် နာရီဝက်မှာ 0ven ထဲက မုန့်ဖုတ်တဲ့ အနေအထား ဓာတ်ပုံပါ ရိုက်ထားပေးမယ် ...

ဇင် .. မုန့်တွေကို ချက်တဲ့ အခါကျရင် မုန့် အပေါ် မျက်နှာပြင် တူးတော့မယ် ဆိုရင် ပိတ်လိုက်ပီး .. အတွင်းပိုင်း မမာသေးဘူးဆိုရင် အပူပေး ဖာရင်ဟိုက် ဒီဂရီကို လျှော့ ...
ဌက်ပျော်သီးအမှည့်မို့ အရည်အရမ်းများနေရင် ဂျုံမှုန့်ကို နည်းနည်း ပိုထည့်ပေါ့နော် ... ဂျုံမှုန့် နည်းနည်းပိုထည့်ရင်လည်း အနောက်က သကြားလည်းထည့်ပေါ့နော် ...

အမလည်း မှတ်ထားမယ် ..

အလွယ်ဆုံးကလေ ... အပေါ်က မဲနေတာကို ပါးပါးရှပ်လှီး ... အောက်က ပျော့နေတာကို ရေခဲသေတာ အောက်ထပ်ထဲ ( နာရီဝက် ၊ ၄၅ မိနစ် ) ထည့်လိုက်ရင် မာသွားမယ် ..

အဲဒါမှ မမာဘူးဆိုရင်တော့
ဌက်ပျော်သီးမှည့်ကြောင့်နဲ့တူတယ် ..

Hein said...

စားချင်စရာလေး...........

Kaung said...

နည်းနည်းလောက်စားကြည့်မယ်နော်.........

Kyaw said...

စားချင်လိုက်တာငှက်ပျောသီးဆနွင်းမကင်းရယ်..........