Monday, November 21, 2011

ကောက်ညှင်း ဆနွင်းမကင်း




ကောက်ညှင်းဆန် ( sweet rice ) ၄ ခွက် ...  နှင့်
 


ရေ ၄ ခွက် ကို rice cooker နဲ့ အရင် ချက်ထားလိုက်ပါတယ်။
 
 

ကောက်ညှင်းဆန် ( sweet rice (or) sticky rice (or) Glutinous rice) - ၄ ခွက်
ထောပတ် - 2 အောင်စ
သကြား - ၂ ခွက်
ဆား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ - ၂ လုံး
အုန်းနို့ + အုန်းသီးခြစ် - ၁ ခွက်
လေးညင်းပွင့် - အနည်းငယ်
သစ်ကြားပိုးခေါက် - အနည်းငယ်
မြေပဲ -၁ ခွက်



အုန်းသီးခြစ်
 


လေးညင်းပွင့်၊ သစ်ကြားပိုးခေါက်
 


ကြက်ဥ - ၂ လုံး၊ သကြား - ၂ ခွက်၊ ဆား - လက်ဘက်ရည် ၁ ဇွန်းကို အရင်မွှေလိုက်တယ်။
ပီးတာနဲ့ အုန်းနို့ရည် နဲ့ အုန်းသီးခြစ်ကို ထည့်မွှေတယ်။
မီးဖိုပေါ်မှာ မီးမြေးမြေးနဲ့ ထောပတ် ၂အောင်စ ကို အရည်ဖျော်ပီး ထောပတ်ဆီ ခပ်ထားလိုက်တယ်။ 
(ထောပတ်က ၄အောင်စ (သို့) ရေချိန်ခွက်နဲ့ ချိန်ရင် 1/2 ခွက်လောက် ထည့်ပီး မုန့်ဖုတ်လို့ရတယ်)
အိုးထဲမှာကျန်တဲ့ ထောပတ်ဆီ နည်းနည်းလေးနဲ့ သစ်ကြားပိုးခေါက်၊ လေးညင်းပွင့်ကို ဆီသတ်၊ 
မြေပဲဆန်ကို ထည့်၊ 
မီးဖိုမီးပိတ်ပီး ....
မွှေပီးသော ကြက်ဥ၊ သကြား၊ ဆားကို ထည့်၊
ပေါင်းထားသော ကောက်ညှင်းများကို ထည့်ပီး သမအောင် မွှေထားလိုက်တယ်။ 



မွှေပီးနောက် ...
 

oven foil ထဲမှာ ထောပတ်ဆီကို အရင်ထည့်ပီး
 

ကောက်ညင်းများကို ထည့် ... မျက်နှာပြင် ညီညီလေး ဖိပေးထားလိုက်ပါတယ်။



မုန့်မျက်နှာပြင်ပေါ်မှာ ထောပတ်ဆီများများ ထပ်ဖြန်းလိုက်ပါတယ်။


oven ထဲ ထည့် ...



အောက်မီး အရင်စပေးလိုက်တယ်။ အောက်မီး ... 350 °F - 15 minutes
 


အပေါ်မီး ။ Broil - 15 minutes
 

မုန့်ဖုတ်ပီး ခဏ အအေးခံထားလိုက်တယ်။
 

ရေခဲသေတာထဲ ထည့် ... အအေးခံလည်း ရတာပဲ။
 


ကောက်ညှင်းကျတော့ အေးအေးကြီးဆို စားလို့ မကောင်းဘူး။
 


ထောပတ်ဆီကို မုန့် မျက်နှာပြင်ပေါ် များများသုပ်ထားရင် ပိုပီးတော့ စားကောင်းတယ်။
 


ကောက်ညှင်း ဆနွင်းမကင်း 
 


လေးထောင့်တုံးလေး
 


လေးထောင့် oven foil နဲ့ မုန့်ဖုတ်ရင် ပိုကောင်းတယ်။ အခုက အ၀ိုင်း oven foil နဲ့ မုန့်လှီးထားတာ။
 


ကောက်ညှင်းထဲ မြေပဲ အနည်းငယ် ရောဖုတ်ထားတဲ့ ကောက်ညှင်း ဆနွင်းမကင်း အတွင်းသားပိုင်း
 

ကိုယ့် အနေနဲ့ အချိုလည်း အတော်ပါပဲ။
 


သိပ်လည်း မအီဘူး။ အခုရက်ပိုင်း မနက်စာ ... တနေ့ ... တနေ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွစ်ကီးဖြစ်နေလို့ အပြောင်းအလဲလေး အနေနဲ့ မြန်မာမုန့်လေးတွေ လုပ်စားဖြစ်ပါတယ်။ 
 


ရေနွေးကြမ်း ခါးခါး၊ ကော်ဖီခါးခါး ပူပူနွေးနွေး နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ် ....

အရင်ပိုစ့် ...

>>>> ဌက်ပျော်သီး ဆနွင်းမကင်း
>>>> ရွှေပုစွန်မှ ကောက်ညှင်း ဆနွင်းမကင်း





6 comments :

မဒမ်ကိုး said...

လုပ်စားကြည့်မယ် အမရေး)

Thet Nandar Family said...

မဒမ်ကိုး ....

Enjoy .....:)

san htun said...

မြင်တာနဲ့  တင် စားကောင်းမှာ အသေအချာပဲ...

Thet Nandar Family said...

San Htun :

Have a nice Thanksgiving Day to you ALL !!!!

Anonymous said...

ကောက်ညှင်းဆနွင်းမကင်း က အရမ်းကြိုက်တယ်အမရေ..အမြဲဝယ်စားတာ အဲ့ဒါနဲ့ ငှက်ပျောသီးဆနွင်းမကင်း (ရွှေပုစွန်)ကလေ..ခုဝေးနေတာနဲ့ အတော်ပဲ..ကိုယ့်ဘာသာလုပ်စားလို့ရပြီ..ကျေးဇူးပဲအစ်မ..
Hninn

Thet Nandar Family said...

Hninn ...

နှင်းရေ ... ဘယ်နိုင်ငံကလဲး မသိဘူးနော် ....

ရွှေပုစွန်နဲ့ ဝေးနေတယ်ဆိုတော့ ပြည်ပ မှာနဲ့တူပါတယ် ....

ကိုယ် တခု ပြောပြပေးချင်တာကလေ ....

ကိုယ့်တို့ဆီက ၀ယ်နေကျ Asian grocery ဆိုင်မှာ ကောက်ညင်းဆန် အတွက်ဆိုရင် .. Sweet rice ပဲ ၀ယ်လို့ ရပါတယ်။

google မှာ ကြည့်တာ .... ကောက်ညင်းဆန် ကို .... glutinous rice/ sticky rice/ sweet rice လို့ ဖော်ပြပါတယ်။

အဲဒီမှာ ထပ်ပြောပြ ပေးချင်တာက ... sweet rice က မြန်မာမှာ ချက်စားနေကျ ကောက်ညင်းဆန်လိုမျိုး မမာ ပါဘူး။ ကောက်ညင်းဆန် သေးသေးလေးနဲ့ ရှည်ရှည်လေးပါ ....

ကိုယ်တောင် စစ ချင်း .... အဲဒီ sweet rice ကို မြန်မာက ကောက်ညင်းဆန်လိုမျိုး မာမယ်ထင်လို့ ရေစိမ်ပီး ဆီထမင်း ချက်ကြည့်ပါသေးတယ်။ ပျော့ပြဲသွားတာပါပဲ ...

သူ့က မမာ ဘူး ... ရှမ်းဆန် လိုမျိုး စီး စီးလေးလို့ ပြောရမလားပဲ ...

အဲဒီ sweet rice - ကောက်ညင်းဆန်လို ဆန်လုံး ရှည်ရှည်လေးကို ... အိမ်မှာ ... jasmine rice ချက်တဲ့ ရေချိန်ခွက် ၁း၁ နှုန်း တူတူပဲ ချက်ပါတယ်။

ရေမစိမ်ပဲ ချက်လို့ ရပါတယ်။ စားကြည့်ရင် ကောက်ညင်း အရသာမျိုးပါပဲ ....

ကိုယ့် က သူ့ကို ပိုကြိုက်တယ်။ သူ့က ကောက်ညင်း အရသာ လည်း ရှိသလို ... အစာလည်း ကြေလွယ်တယ်။ 1 လည်း မချုပ်တာကြောင့် ပိုကြိုက်နှစ်သက်တာပါ ....

Glutinous rice ဆိုရင် တညလောက် ရေစိမ်ပေးမှ ချက်လို့ ရပါမယ် ....

Enjoy your cooking !!!