Monday, November 28, 2011

မေစီ


သမီး ပူဆာလွန်းလို့ ၀ယ်ပေးလိုက်တဲ့ အရုပ်ဗူးနဲ့ အမှတ်တရ ... အဲဒီ  $ 30 တန် အရုပ်က Target မှာပဲ ရောင်းတယ်။ တခြား မောလ်တွေမှာ မရှိဘူး။ ( Only Target ... )


ဒီ အရုပ်က Target မှာ လျှော့ဈေး ... $ 34 တန်ကို  $ 20  နဲ့ ရောင်းလို့ သားသားအတွက် ၀ယ်ပေးလိုက်တဲ့ Remote control toy car.



သားသား ကား အရုပ်ကို remote control နဲ့ မောင်းနေတာ။ အဲဒီ အရုပ် ၀ယ်ပေးထားတာ ကောင်းတယ်။ PS 3 Game ဆော့တဲ့ အချိန် နည်းသွားတာကို mommy သဘောကျတယ်။
 


အိမ်ရှေ့မှာ စိတ်ကြိုက်ကို ကားမောင်းတမ်း ကစားနေတဲ့ သားသား ....


စတိတ်က Macy shopping mall ... ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ၂ ဆိုင် ရှိတယ်။ ဒီဘက်က ဆိုင်က အမျိုးသမီးဝတ်၊ ကလေးဝတ်၊ ဖိနပ်နဲ့ မီးဖိုချောင်သုံး ပစည်းတွေ ... 


ဟိုဘက်ခြမ်းက Men နဲ့ Funiture တွေ ... တမင် ဆိုင်ကို ခွဲထားတာ တမျိုးပဲ။
 


ဆိုင် အ၀င်ဝမှာ နားကပ်၊ ဆွဲကြိုး ၅၀ % နီးပါး ဈေးလျှော့ထားပေမယ့် အေရှားဘက်က ဈေးနှုန်းနဲ့ ယှဉ်လိုက်ရင် များနေသေးတယ်။ Quality ခြင်း ယှဉ်ရင် .... ထူးမခြားနားပါပဲ။ 
 


ဆက်လျှောက်သွားရင် .... မိတ်ကပ်တန်း နဲ့ ရေမွှေးပုလင်းတွေ ရောင်းတဲ့ အတန်းကို ရောက်သွားတယ်။
 


နာမည်ကြီး ရေမွှေးပုလင်း၊ ချစ်စရာလေး။ ရေမွှေးပုလင်းကို ပြောတာပါ။ ဒီဘက်က ဘီဘာ = ဘာဘီ ကိုပြောတာမဟုတ်ပါဘူး။
 


Chanel မှ Chanel ဖြစ်နေတဲ့ မမတို့အတွက် ....
 


ရေမွှေးပုလင်း တစ်ပုလင်း ၀ယ်ရင် deodorant တဗူးနဲ့ ရေချိုး ဆပ်ပြာဂျယ် တဗူး အလကားပေးတယ်။ $ 100 ကို Tax အပါ $ 70 နဲ့ ဈေးလျှော့ရောင်းထားတယ်။ 
 

ဒီပုလင်း၊ ဒီတံဆိပ်၊ က ကိုယ့် အကို အကြိုက်ဆုံး ရေမွှေးပုလင်းပါပဲ။


ညီမဖြစ်သူ ကိုယ် အလုပ် လုပ်မှ ၀ယ်ပေးဖို့အတွက် ကြိုပီး ဈေးကြည့်ထားတာ။ မဆိုးဘူးပဲ။ $ 60 ကြီးများတောင် ဈေးလျှော့ထားတာ။ အဲဒီ ၃ ပုလင်းဆိုရင် တနှစ်လောက် က အသုံးခံတယ်။ တလမှ ရေမွှေးပုလင်း စရိတ် - $ 7 ဖိုးလောက်ပဲ သုံးဖြစ်မှာ ဆိုတော့ တော်တော်ကြီးကို သုံးပျော်ပါတယ်။

ယောကျာ်းလေး ရေမွှေးဆိုပေမယ့် အဲဒီ ရေမွှေး အနံကို အရမ်းသဘောကျတယ်။ ရေချိုးပီး သွေးခုန်နှုန်း လက်ကောက်ဝတ် နဲ့ လည်ပင်း ကို ဆွတ်ဖျန်းလိုက်ရင် တနေကုန် ခံသလို အကျီမှာ ဆွတ်လိုက်ရင် အ၀တ်လျှော်ပီးတာတောင် အကျီမှာ အဲဒီ ရေမွှေး အနံက မွှေးပီး ကျန်နေတုန်းပဲ။


အနံကတော့ ပြင်းတယ်။ ဒါပေမယ့် အဲဒီ ရေမွှေး ဆွတ်ထားရင် လူက တော်တော်ကို သန့်သွားတာ။ :P



ဈေးချထားတဲ့ ရေမွှေး ဈေးနှုန်းတွေ ...



ဒါက နမူနာ ..... ကြိုက်သလောက်ဆွတ်၊ ပုလင်းလိုက်ကို ချထားပေးတာ။
မောလ်ထဲမှာ ရောင်းတာဆိုတော့ ကောင်တာ တိုင်းမှာ အရောင်းစာရေးက အမြဲမရှိဘူးလေ။ စိတ်တိုင်းကျကို စမ်းသပ်နေကြတာ။ :P


Japan Tourist မ လေး လေ။ 


ကိုယ့်ကို ဓာတ်ပုံ အမှတ်တရ ရိုက်ပေးမယ့်လူ မရှိလို့ Esclator ဘေးက မှန် ကို ကြည့်ပီး ကိုယ့် ကိုယ်ကို အမှတ်တရ ဓာတ်ပုံ ပြန်ရိုက်ထားတာ။


Esclator ဘေးက ဘောင်တွေမှာ christmas decoration ဆင်ထားတဲ့ ဒီဇိုင်း။


Esclator အဆင်းမှာ မြင်ရတဲ့ cafe ....  Rain Forest ပုံစံ ဒီဇိုင်းဆင်ထားတဲ့cafe


11.26.2011 (Sat)


black friday ပီး နောက်တစ်ရက် .... ဈေးတွေကတော့ ချထားတာပါပဲ။ တိုးကျိတ် ၀ယ်နေတာမျိုးတော့ မဟုတ်ဘူး။ ပုံမှန်ပဲ။

အွန်လိုင်းကနေ ဈေးချထားတဲ့ ပစည်းတွေကို ကြည့်လို့ရသေးတယ်။

http://www.macys.com

ဒီနေ့က Cyber Monday မို့ ဒီနေ့လည်း လျှော့ဈေး ....

Cyber Monday >>>

Cyber Monday is a marketing term for the Monday immediately following Black Friday, the Friday following Thanksgiving Day in the United States, created by companies to persuade people to shop online. The term made its debut on November 28, 2005 in a Shop.org press release entitled "'Cyber Monday' Quickly Becoming One of the Biggest Online Shopping Days of the Year".[1]

source : wiki


သားသားက သူ့မွေးနေ့ မတိုင်ခင် နည်းနည်းလောက် နှာစေးပီး အဖျားလေး နည်းနည်းရှိလိုက်တော့ Thanksgiving Day ည ကြာသပတေးည ... မှာ ကိုယ်တို့တွေ ဈေးသွားမ၀ယ်ဖြစ်ဘူး။ လူလည်း များတယ်ပြောတယ်။

FB က comment တွေမှာ Taxas ဘက်မှာ ဂိမ်းခွေ $ 10 တန်ကို ၀င်တိုးပီး ရွှေးတာ မိန်းမတယောက် လူပိတဲ့ ဗီဒီယို ...



ဘုရား ... ဘုရား .... ရွှေမြန်မာက လူတွေ အမြင်တမျိုးနဲ့ ကြည့်ရင် သနားစရာကောင်းမလား၊ ရီစရာ ကောင်းမလား မသိဘူးနော်။

ရွှေမြန်မာမှာ အဲဒီလို ဂိမ်းစီဒီကို ကော်ပီတခွေမှ ၅၀၀ ကျပ်ပါ။ နေရာတကာမှာ ၀ယ်လို့ရပါတယ်။ အမေရိကားမှာ ကော်ပီရိုက် လော နဲ့ ( တမင် မြန်မာလို့ ရိုက်ထားတာပါ။ တခါတလေ အဲဒီ စကားလုံးနဲ့ google search လုပ်လိုက်ရင် ဒီဘလော့ကို ရောက်လာမှာစိုးလို့ .... )
ဒီမှာ ကော်ပီ စီဒီ တချပ်ကို မိရင် ဒေါ်လာ ၂သောင်းတောင် ဒဏ်ကြေးတောင်းတယ်။ ထောင်ဒဏ်လည်း ပါသေးတယ်။ မယုံရင် ဂူဂယ်မှာ ရှာကြည့်ပါ။
မြန်မာမှာတော့ အဲလို စီဒီမျိုး နေရာတကာမှာ ၀ယ်ပီး ဂိမ်းဆော့လို့ရတယ်။

FB သူငယ်ချင်း .... Maryland က James က online ကနေ ၀ယ်တာ အဆင်ပြေတယ် ။ $ 50 ဖိုး ၀ယ်ရင် အိမ်ကို အလကား ပို့ပေးတယ်။ Free Delivery ... တပတ်လောက်တော့ ကြာတယ်။ Local only ...

ကိုယ့်ဆီမှာ FB account နောက်တခု ရှိတယ်။ အဲဒီ account မှာ ဈေးဝယ်တာတို့၊ computer ပဲ ဖြစ်ဖြစ်၊ အကုန် လုံး page တွေ Like လုပ်ထားပီး US သီးသန့်ထားထားတာ။ ဒီဘက် US က update feed တွေ ချက်ချင်း သိနိုင်အောင်လို့။



Funiture သွားကြည့်မယ်။ ပိုက်ဆံအိတ်တွေလည်း တွေ့တယ်။ ၀ယ်မိမှာ စိုးလို့ ဂရုတစိုက် ကြည့်မနေတော့ဘူး။


မွန်စတာ ဦးထုပ် ဆောင်းထားသော ကောင်းစေ ....




ကုလားထိုင်စွပ် သဘောလိုမျိုး နှိပ်ပေးတဲ့ ကုလားထိုင် အစွပ်။ $ 160 ကို $ 100 ( Tax အပါ တခါတည်း ပေါင်းတွက်ပလိုက်တာ) ၆၀ လောက် ဈေးချထားတာ မဆိုးဘူး ဆိုးပီး စမ်းကြည့်တယ်။ ခလုတ်က နည်းတယ်။


Massage ကုလားထိုင် အစွပ်


ပန်းကန်လေးတွေ လှလို့ .....


ဒီ အိပ်ရာခင်းကို သဘောကျလို့။



Funiture တွေ ကြည့်နေတာ ကိုယ့်တို့ပဲ ရှိတယ်။ ၀န်ထမ်းလည်း မရှိဘူး။ စိတ်ကြိုက်ကို ရွှေးနေကြတာ။ 


credit card နဲ့ ငွေချေရင် တစ်လကို $ 60 ကျော်လောက် ပေးရုံပဲ။ တစ်နှစ်စာ .... အတိုးပေါင်းကတော့ ၁၀၀ နီးပါး .....


သမီးကြိုက်တဲ့ တီဗီကြည့်ရင် ထိုင်တဲ့ ခုံ ....


လက်တန်းက ခလုတ်ကို နှိပ်ပီး ထိုင်ခုံ position ပြောင်းလို့ရသလို အအေးဗူး၊ အအေးခွက်လည်း ထားလို့ရသေးတယ်။


မောင်နှမ ၂ယောက် သဘောကျနေကြတာလေ။


ခလုတ် ၊ အလယ်က အပေါက်ထဲမှာ ခွက်တို့ အအေးဗူးတို့ ထည့်လို့ရသေးတယ်။


အိမ်မှာ Home Theater Room သီးသန့်ထားတဲ့ ရန်ကုန်က အိမ်တအိမ်ကို သွားပီး သတိရမိသေးတယ်။ ဒီ ကုလားထိုင်ကို မြင်ရင် တော်တော်သဘောကျသွားမယ်။

ကိုယ့်ရဲ့ လက်ရှိ အနေနဲ့ကတော့ ဒီကုလားထိုင် တလုံးက ဆက်တီ တစုံစာ နီးပါးလောက်ကို ရှိတော့ ၁ ခုံ နဲ့ ၀မ်းဆက်ဆိုရင် ၀မ်းဆက်ကိုပဲ ဦးစားပေးလိုက်ပါ့မယ်။



leather က အပေအရေခံတယ်။ အရောင်တွေလည်း ရွှေးလို့ရသေးတယ်။


ဈေးနှုန်း


ဒီရက်ပိုင်း သားသားနဲ့ သမီး ဖျားချင်သလိုလို ဖြစ်နေလို့ ပြုစုနေရတာရယ်၊ သားသားမွေးနေ့ရယ်၊ အွန်လိုင်း ဈေးဝယ်တာရယ်၊ အပြင်ထွက်ပီး ဈေးဝယ်နေတာရယ် ကြောင့် မအားတာနဲ့ ဘလော့လည်း update မလုပ်ဖြစ်ဘူး။

အင်တာနက် သုံးတဲ့ အချိန်ကျတော့လည်း FB ကို ခဏလောက် ၀င်လိုက်တာ။ FB မှာ ဟိုဘက် ဒီဘက် Fight နေကြတဲ့ Feed တွေကို လိုက်ဖတ်နေရင်းနဲ့ ... ဒီဘက် Blog ကို မရောက်ဖြစ်ဘူး။

ဟူး .... အရင်တုန်းက အဲလို Feed မျိုးတွေ မမြင်ဘူးဖူး။ သတိမထားမိတာလည်း ပါမယ်နဲ့တူတယ်။ ဂိမ်းကစားတဲ့ ဘက်မှာ အာရုံရောက်နေတာလည်း ပါမယ်။
ပီးခဲ့တဲ့ အပတ်လောက်ကမှ အဲလို Feed တွေကို သတိထားမိလို့ ဖတ်ကြည့်တာ ... ဟူး ....

FB က စိတ်ထွက်ပေါက်။ ပေါက်ကွဲစရာ နေရာတစ်ခုမှန်း အခုမှ သိတယ်။ တကယ် ... အဟုတ်ပြောတာ ... ယုံ ... ( မယုံမှာစိုးလို့ )

ကိုယ်က FB ကို ဂိမ်းကစားတာ .... FB ကို ၂၀၁၀ မှာ စသုံးကတည်းက ဒီနေ့ ထက်ထိ ဂိမ်းပဲ တစိုက်မတ်မတ် ... အားကြိုးမာန်တက် .... အားရ ပါးရ ...တကယ့်ပိုက်ဆံ နဲ့ ဆော့နေတာ။ (ဟီး ... ဟီး)


သမီးလေး ... သားသားက အောက်ထပ်ကို ငုံကြည့်နေတာ။


ဒီပိုစ့်က ကိုယ့်တို့ စတိတ်က မောလ်နဲ့လျှော့ထားတဲ့  ဈေးနှုန်းတွေ ... ဈေးဝယ်တဲ့ လူတွေ များ မများရယ် ....


အမှတ်တရ တင်လိုက်တဲ့ ပိုစ့်ပါ .... အချိန်နဲ့အမျှ ပြောင်းလဲနေတော့ နောက်နှစ် ... ဒီလို အချိန် ပြန်ကြည့်ရင် ကိုယ်အနေနဲ့ အမှတ်တရပါပဲ။


ဒါ မောလ်က esclator ။ အမှတ်တရ ပြချင်လို့
ဓာတ်ပုံ ရိုက်လာတာ။


ဟိုတလောက အင်တာနက်မှာ အဲဒီ ဓာတ်ပုံ တွေ့တော့ Esclator စီးနေတုန်း သတိထားကြည့်မိတာ။




ဈေးဝယ်လို့ မပီးသေးပါဘူး။ :)

အရင်ပိုစ့် .....

Target ...

Target Shopping Mall

Toys from Target

Foods


Sear .....

2 comments :

Candy said...

တီတီရေ.. သတိရနေတာ.. ပိုစ့်တွေ မတက်လာလို့..
တီတီက တော်တော်ချောတယ်နော်.. နောက်ပြီးငယ်ငယ်လေးလိုပဲ.. တီတီလို့တောင် မခေါ်ချင်တော့ဘူး မမ... ဟိဟိ.. :P

ဓာတ်ပုံတွေ အားရပါးရကြည့်သွားတယ်နော်.. :D

Thet Nandar Family said...

Candy ....

တီတီ လို့ပဲ ခေါ်နော် ... ဟိ ဟိ :P

တူ .. တူမ သူငယ်ချင်းတွေက အန်တီသက်လို့ ခေါ်တဲ့အခါ တက်ချင်စိတ်ပေါက်သွားသလို .....

အန်တီလေး ဆိုပီး ခေါ်လိုက်ရင်လည်း ခြေထောက် ခဲများ ဆွဲထားလို့လား ဆိုပီး ပြန်မေးယူရတယ်။

ဟီး ... ဟီး ... စတာ :P