Thursday, November 10, 2011

ရှင်မကွဲဘုရား

ရှင်မကွဲဘုရား
ဇန်န၀ါရီ - ၇ ရက်နေ့ ၂၀၁၀။
ရှင်မကွဲဘုရားက ကိုယ်နဲ့ ကိုယ်အမျိုးသား ဟိုးလွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်အချိန်တွေတုန်းက သမီးရည်းစားဘ၀ကနေ မကြာမကြာ သွားရောက်လှူဒါန်း ၊ ဆုတောင်းခဲ့ကြတဲ့ ဘုရားပါ။ အခုတော့ အမျိုးသားက ရေခြားမြေခြားမှာမို့၊ သားသား နဲ့ သမီးလေးတို့နဲ့အတူ လာရောက်ပီး ဆုတောင်းနေကြတာ။ ရှင်မကွဲဘုရားက ရွှေတိဂုံ ဘုရား တောင်ဘက်မုဒ် ဓာတ်လှေကားကနေ တက်လာရင် လက်ဝဲဘက်အခြမ်း (ရွှေတိဂုံဘုရားရဲ့ အင်္ဂါဒေါင့်နားမှာပါ)။ ဟိုးအရင်တုန်းက ဘုရားကို သံဗန်းတွေနဲ့ ကာထားသေးတယ်။ ပီးတော့ ရှင်မကွဲဘုရား ဆိုပီး စာတန်းလေးလည်း ရေးထားသေးတယ်။ အခုနောက်ပိုင်းတော့ သံဗန်းလည်း မတွေ့သလို စာတန်းလည်း မရှိတော့ပါဘူး။ တခါမှ မေ၇ာက်ဖူးသေးတဲ့သူတွေက ရွှေတိဂုံဘုရား ဝေယျာဝစ ပြုလုပ်ပေးတဲ့ လူတွေကို မေးရင် ရှင်မကွဲဘုရားကို ညွှန်ပြပေးကြမှာပါ။ ကိုယ်တို့တုန်းက ဒီလိုပဲ ရှင်ကွဲ မကွဲဖို့၊ သေကွဲ မကွဲဖို့ ဘုရားအဆူဆူမှာ ဆုတောင်းရင်းနဲ့ ဒီလိုမျိုး ရှင်မကွဲဘုရားမှာ ဆုတောင်းရင် ဆုတောင်း ပြည့်တယ် ဆိုလို့ သမီးရည်းစားဘ၀မှာကတည်းက အမျိုးသား နဲ့ မကြာခဏ လာရောက်ပီး ဆုတောင်းခဲ့ကြတဲ့ ရှင်မကွဲဘုရားပါပဲ။

သမီးရည်းစားတွေ ရေစက်ပျက် ကွဲ ချင်ရင်တော့ ဗိုလ်တထောင်ဘုရား၊ သံလျှင် ရေလယ်ဘုရား၊ နဲ့ ကျိုက္ကဆံ ဘုရားလား၊ ကျိုက္ကလို့ ကျိုက္ကလဲ့ဘုရားလား မသိဘူး။ အဲဒီ ဘုရား သုံးဆူကို အတူ သွားရောက်ဖူးရင် သမီးရည်းစားတွေ ဘ၀ အဆက်ဆက် ရေစက်ပျက်ပီး ကွဲကွာသွားကြတယ်လို့ ပါးစပ်ရာဇ၀င်နဲ့ ကြားခဲ့ဖူးတယ်။

ကိုယ် နဲ့ ကိုယ့်အမျိုးသားတော့ အဲဒီ ဘုရား ၃ ခုစလုံး အတူ ဘယ်တုန်းကမှ မသွားဖူးဘူး။ ဒါတောင် ကိုယ်တို့က RC 1 ဗိုလ်တထောင် တက္ကသိုလ်မှာ ကျောင်းတက်တာ။ ဗိုလ်တထောင်ဘုရားနဲ့ နီးနီးလေးရယ်။ မသွားဖြစ်ခဲ့ဘူး။ အတူတူ။



သားလေး ချစ်တဲ့ ဒယ်ဒီ နဲ့ အမြန်ဆုံး တူတူ နေရဖို့ ဆုတောင်းနေတာ။ အတူတူ နေရတဲ့ အခါမှာလည်း ကျန်းကျန်းမာမာ၊ စိတ်ရော၊ ကိုယ်ရော ချမ်းချမ်းသာသာ၊ ဘေးရန်ကင်းရှင်းစွာဖြင့် သေတပန် သက်တဆုံး မိသားစု စုစုစည်းစည်း နဲ့ အေးအတူ ပူအမျှ နေထိုင်သွားနိုင်ပါစေလို့ စိတ်နှလုံး သန့်သန့် နဲ့ ဆုတောင်းနေသော သားသားလေး နဲ့ မာမီ (Thet).
မာမီတို့ မိသားစုတွေ ရှင်ကွဲ မကွဲဖို့၊ မခွဲမခွါပဲ အတူတူ အေးအတူ ပူအမျှ နေထိုင်သွားနိုင်ဖို့ သမီးလေး နဲ့ သားလေးက ဆုတောင်း ဆုမွန်ခြွေ နေတာ။
သားသား ဦးချပါတော့မယ်။
ဦးချလိုက်ပါပီ။
ဦး သုံးကြိမ်ချ ရှိခိုးဆုတောင်းနေသော သားသား - ကောင်းစေ နှင့် သမီးလေး - ရတနာ ။ ချစ်လွှန်းလို့ မာမီ သား နဲ့ သမီးလေးကို ........
အသက်ရှည်ခြင်း၊ အနာရောဂါ ကင်းရှင်းခြင်း၊ ရန်သူမျိုး ငါးပါး ကင်းဝေးခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ အလုံးစုံသော ဆုကျေးဇူးများသည် သမီးနဲ့သားလေး ဆုတောင်း ပြည့်ဝကြပါစေ။
11.11.11 .... 
၁ ခြောက်လုံး စုံတဲ့ ဒီနေ့မှာ ဖြည့်စွက်ပီး ဆုတောင်းချင်ပါတယ်။
ကိုယ် မွေးဖွားရာ မွေးရပ်မြေမှာ မိသားစု စုံစုံလင်လင်နဲ့ ကျန်းမာခြင်း၊ ပြည့်စုံခြင်း၊ ဘေးရန်များ ကင်းဝေးပီး ၊ မွေးဖေဖေ ကို ပြုစု ကျေးဇူးဆပ်နိုင်ခြင်း၊ စီးပွားရေး အလုပ်အကိုင်များလည်း အစစ အဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်းပါတယ်။

8 comments :

Thandar Lwin said...

ကျမ တို့ လဲ ချစ်သူဘ၀ မှာတုန်းက ဆုတောင်းခဲ့ဘူးတယ် ။ ခုလဲ သမီးလေးနဲ့ ခွဲနေရတာ ။ သမီး ကိုသွားပြီးဆုတောင်းခိုင်းဦးမှ။

Thet Nandar Family said...

Thandar Lwin ...

Thandar Lwin တို့ မိသားစု အားလုံး တစ်စုတစ်စည်းတည်း တူတူနေထိုင်နိုင်ပီး ကျန်းမာ၊ ပျော်ရွှင်ကြပါစေ ...

zmozmo said...

အဲဒါ လက်ညိုးတော်ရေကျတဲ့ ဘုရားဘေးမှာလားအန်တီသက်...

Thet Nandar Family said...

Zmozmo ....

ဟုတ်တယ် ဇင်မျိုးရေ ...

အဲဒီ လက်ညိုးတော်ရေကျတဲ့ ဘုရားနဲ့ ဘယ်ဘက်ခြမ်း တစ်ဆူ၊ နှစ်ဆူကျော်နားမှာ ရှိတယ်။

ခရစ္စတလ် said...

သားသားမီးမီးတို့က ချစ်စရာ

Thet Nandar Family said...

ခရစ္စတလ် ....

ကျေးဇူး .... ခရစ္စတလ် ....:)

ချော(အစိမ်းရောင်လွင်ပြင်) said...

မသက်နန္ဒာ ဆုတောင်းအားလုံးအမြန်ဆုံးပြည့်ဝပါစေလို့ ကူညီဆုတောင်းပေးပါတယ်နော်..
ကလေးလေးတွေ သိပ်ချစ်ဖို့ကောင်းတာဘဲ
သမီးလေးက လူကြီးလေး ကျနေတာဘဲ
မြန်မာဝတ်စုံနဲ့ ချစ်စရာလေး..

Thet Nandar Family said...

ချော (အစိမ်းရောင်လွင်ပြင်) ...

ကျေးဇူးတင်ပါတယ် မချောရေ .....:)