Sunday, November 13, 2011

အမဲသားဒန်ပေါက်



Basmati ဆန်ကို ရေဆေးပီး၊


ရေနွေး ပွက်ပွက်ဆူထဲ ဆား နှင့် ဖာလာစေ့ကို ထည့်ပီးမှ ဆန်ကို ထည့်ပါတယ်။
10 မိနစ်လောက်ဆိုရင် ဆန်စေ့ပျောက်ပီး မနူး မနပ် ထမင်း အနေအထားကို ရပါပီ။ 
မနူးမနပ် ထမင်းကို ဇကာထဲ ထည့်ပီး ထမင်းရည် စစ်ထားတာ။ 
ထမင်းစေ့လေးတွေ ထမင်းစေ့ သေးသေးလေးနဲ့ ကော့ပျံနေတာပါပဲ။


အမဲသားကို ဒီတခါ Deep တံဆိပ် ဒန်ပေါက် မဆာလာ အနှစ် နဲ့ ချက်ထားပါတယ်။



အမဲသားကို ဒန်ပေါက် မဆာလာ အနှစ် နှင့် အတူ ဆားလေး နည်းနည်းထည့် နှယ်ထားပီး ဒိန်ချဉ်နဲ့ နှယ်၊ တနာရီလောက် နှပ်ထားပီးမှ 
ဂီးလ် Ghee ထောပတ်ကို အပူပေးပီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသတ်၊ ပီးမှ နှပ်ထားသော အမဲသားကိုထည့်ချက်ထားသော အမဲသားဟင်း။


ဒန်ပေါက် မဆာလာ အနှစ်ပုလင်း ဈေးနှုန်း


သီဟိုဠ်စေ့၊ စပျစ်သီးခြောက်


ပထမတလွှာ - oven foil ထဲမှာ မနူးမနပ် ထမင်းကို တထပ် အရင်ဖြန့်၊


ဒုတိယတလွှာ - သီဟိုဠ်စေ့၊ စပျစ်သီးခြောက်၊ အမဲသားဟင်း နှင့် ဟင်းအနှစ်များကို ထပ်ဖြန့်၊



အစားအသောက် အရောင်ဆိုးဆေးမှုန့် (အ၀ါရောင်) လက်ဖက်ရည်ဇွန်းနဲ့ လေးပုံ ပုံ ၁ ပုံ၊
နွားနို့ လက်ဖက်ရည်ဇွန်း ၅ဇွန်းလောက် နဲ့ ဖျော်ထားပါတယ်။


တတိယတလွှာ - ထမင်းများကို အပေါ်ဆုံးမှာ အပြည့် ထပ်ဖြန့်လိုက်ပီး အ၀ါရောင် ဆိုးဆေးကို ဇွန်းနဲ့ ခပ်ပီး နေရာ ဖြန့်ပီး ဆိုးပေးလိုက်ပါတယ်။


Aluminum foil နဲ့ အုပ်ပီး၊


oven မှာ 350º F နဲ့ မိနစ် ၃၀ လောက် အပူပေးပီးနောက်


ရပါပြီ။ အမဲသားဒန်ပေါက် အရောင်လှလှလေး ....


ဒန်ပေါက် ထမင်း နှင့် ဒန်ပေါက် အမဲသား ဟင်းအနှစ်များ နှယ်ပီးနောက် ....



ဒီတခါ ချက်တာ ဒန်ပေါက် အရောင် ပိုလှသွားတယ်။ :)



စားပါအုံး ကော့ပျံနေတဲ့ အမဲသား ဒန်ပေါက် လှလှလေး ...:)


Basmati rice u ဆန့်စေ့ ရှည်ရှည်လေး၊ လှတယ်။ ဒန်ပေါက် ဆန်ကို ဖာလာစေ့၊ ဆား နှင့်  မနူးမနပ် ချက်ပီးမှ oven မှာ Ghee ထောပတ် အနံသင်းသင်းလေး ... အမဲသား + ဟင်းအနှစ်နဲ့ ပြန်ပေါင်းပီး ပြန်နှပ် ချက်ထားတာမို့ အရသာ ရှိပါတယ်။



အအီပြေ ချဉ်ပေါင်ဟင်းရည် မရှိလို့ ကိုကာကိုလာ ဆိုဒါ နဲ့ တွဲစားဖို့ ...


ငပိကြော် (အစပ်)


သရက်သီးသနပ်


ဒါက အိမ်ရှေ့ အိမ်က ကြောင်ပါ။ 
ရှဉ့်ပေါက်စလေးကို ကစားနေတာလား။ 
စားဖို့ အရင် ကစားနေတာလား မသိပေမယ့် ... 
ရှဉ့်ပေါက်စလေးကို ဖမ်းလာတယ်။ မစားသေးပဲ ကစားဖို့ ရှဉ့်ကို လွတ်ပေးလိုက်တုံးမှာ ရှဉ့်ပေါက်စလေးက နီးရာ သစ်ပင်ပေါ်ကို တက်ပြေးပီး လွတ်သွားပါတော့တယ်။


အရင်ပိုစ့် ....


0 comments :