Thursday, November 10, 2011

မီးပျက်တုန်းက




ခရစ်စမတ်ရောက်တော့မယ် ဆိုတော့ အိမ် သန့်ရှင်းရေးလုပ်ပီး အိမ်ကို အလှဆင်တယ်။ 


ကလေးများ စိတ်ကြိုက် စတစ်ကာလေးတွေ ကပ်ပေးထားတယ်။
 




စင်အောက်ဆုံးမှာ သူငယ်ချင်း လက်ဆောင်ပေးလိုက်တဲ့ ကျောက်ပြင် သေးသေးလေးနဲ့ နံသာဖြူ၊ ထင်းရူးဆီတုံး
 





ခရစ်စမတ် လက်ဆောင်ကြီးကြီး ထည့်ပေးဖို့ ခြေအိတ်ကြီးကြီး ချိတ်ထားတယ်။ 
အဲဒီနေ့ကျမှ ကွတ်ကီး ကြီးကြီး နဲ့ နို့ခွက်ကြီးကြီး ချထားပေးမယ်။
 



မီးပျက်တုန်းက အိမ်မှာ နေရင် အေးလို့ နေ့လည် ၃နာရီကျော်ရင် အပြင်ကို နေ့တိုင်းနီးပါးလောက် ထွက်ဖြစ်တယ်။ ဈေးသွားဝယ်နေတာ။
 





နိုဝင်ဘာ ၁ ရက်နေ့ကနေ စလို့ ခရစ်စမတ် decor တွေ စရောင်းနေပါပြီ။ ဒီဘက်က $1.97 အနီရောင် အလှဆင် ကြိုး ရန်ကုန်က စီးတီးမတ်မှာ ရတယ်။ ခရစ်စမတ် လက်ဆောင်ခြင်းတောင်းတွေမှာ ချည်ပီးတော့လည်း အလှဆင်တယ်။ ခရစ်စမတ် သစ်ပင်ပေါ်မှာလည်း အလှဆင်တယ်။ 


အဲဒီ အနီရောင်ကြိုးကို ခရမ်းရောင်၊ အပြာရောင်၊ ငွေရောင်တွေလည်း ထပ်ရှိသေးတယ်။ ဒီ ခရစ်စမတ် သစ်ပင်မှာ အဲဒီလို ဒီဇိုင်း ကြိုးကို ဆင်ထားတာ ခရမ်းရောင်၊ စီးတီးမတ်ကနေ ၀ယ်ထားတာ။




ဒီလို ဖဲပြားတွေလည်း စီးတီးမတ်မှာ ၀ယ်လို့ ရတယ်။ ကိုယ် ဒီ ဒီဇိုင်းတွေ တွေ့တော့ မနှစ်က စီးတီးမတ်မှာ ၀ယ်ခဲ့ဖူးတာလေးတွေ သွားပြန် သတိရမိသေးတယ်။
 


ဒီ ခရစ်စမတ်သစ်ပင်မှာ ဆင်ထားတာ အဲဒီဖဲပြား အနီမျိုးပဲ။
 




















ဒါက အိမ်နီးချင်း လင်ဒါပေးတာ ...
 




ကိုယ်တို့က ချက်ပီးပဲ စားတတ်တယ်။ ဒီအတိုင်း အစိမ်း မစားတတ်ဘူး။ ဟူး ... အားတော့ နာတယ်။ အားနာ ပါးနာနဲ့ ယူတော့ ထားလိုက်တယ်။ ဒါပေမယ့် မစားဖြစ်ဘူး။
 


ဖယောင်းတိုင်မီးနဲ့ ပုံရိပ်ဖော်တမ်း ကစားနေကြသော မောင်နှမ နှစ်ယောက်
 




ဒါက Big Y က ၀ယ်စားသော ၁၇ ကျပ်တန် ပီဇာ
 


ဇင်ယော်ဌက်တွေ
 


ဈေးဝယ်ပီး အိမ်အပြန်

0 comments :