Thursday, November 10, 2011

Angel ချစ်တဲ့ Snow # 02




october snowstorm ကျပီး နောက်တနေ့ မနက် စောစောကြီးကို ထပီး သမီးက စနိုးတွေနဲ့ ဆော့ပါတော့တယ်။
 


North pole ကို ရောက်သွားသလိုပါပဲ။ ဘယ်နေရာ ကြည့်ကြည့် နှင်းဖွေးဖွေး ...
 



အိမ်ရာဝင်းထဲက ၀န်ထမ်းတွေ ဟိုးအနောက်နားက ကားအနီလေးနဲ့ ညလုံးပေါက် ညမအိပ်ပဲ အိမ်ရာဝင်းထဲက ကားလမ်းမတွေကို စနိုးရှင်းထားတာပါ။
 






အရွက်မရှိတဲ့ သစ်ကိုင်းပေါ်မှာ စနိုးတွေ တင်နေပုံ
 






ကားတွေလည်း စနိုးတွေထဲမြုပ်
 


စနိုးသောင်ပြင်ကြီးလို ဖြစ် ...
 





ထင်း၇ှုးပင်လည်း စနိုးတွေ ကျပ်ခဲဖုံးနေ ...
 





ကောင်းကင်ပြာ နှင့် နှင်းဖွေးဖွေး သစ်ပင် + အိမ်
 



အိမ် လျှောက်လမ်းပါ အိမ်ရာဝင်းထဲက ၀န်ထမ်းက စနိုးရှင်းပေးပါတယ်။
 


ဝါရန်တာမှာ ကလေးများ တင်ထားတဲ့ အရုပ်တွေလည်း စနိုးဖုံး၊ 
Halloween cup တောင် စနိုးလွှမ်းသွားပါတယ်။
 


ကလေး ၂ယောက်က အလွန်ပျော်ပေါ့။
နေရောင်ခြည် နေ့လည်နေရောင်ခြည် အောက်မှာဆိုတော့ နွေးနွေးလေး မချမ်းဘူး။ 
သူတို့ ၂ယောက်က ဆော့လို့ ကောင်းပါ့။ 
စနိုးရေကူးကန် အလား စနိုးထဲမှာကို ပျော်ပျော်ကြီး ပစ်ပစ်လဲချပီး ဆော့နေကြတာ။
 




စနိုးတိုက်ပွဲ
 


သားအဖ ၂ယောက် နဲ့ အိန်ဂျယ် တစ်ယောက် စနိုး အပြန်အလှန်ပစ်နေကျတာ။ 
သားသားကလည်း မခေဘူး။ စနိုးကို အလုံးကြီးကြီးကို လုံးပီး ပစ်တာ ...
 


စစ်ကူ မာမီ မရောက်လာခင် စပ်ကြား အိန်ဂျယ် တစ်ယောက်လဲပေါ့။ 
အိုကေ ... မာမီ လာပီ။ 
လာထား ... ဟိုးဘက်က သားအဖ ၂ယောက် ....

2 comments :

The Queen said...

Love it.. The kids might be really happy.

Thet Nandar Family said...

The Queen ....

The first time touched the snow in october 30 2011, she love to play in the snow.

Who is gonna go trick or treating in 12 inches of snow.