Monday, October 3, 2011

Target Shopping Mall



skeleton အတိုင်း ပုံစံပေးနေတာ။ :P



ကလေး နှစ်ယောက်က အဲဒီ အိတ် ခေါင်းအုံး ထိုင်ခုံ ကို ထိုင် လို့ ကောင်းလို့ သဘောကျနေတာ။


သူ့က position အလိုက် ... အလိုက်သင့် ယိမ်း ထိုင်နေတော့ ကလေး အလေး ချိန်နဲ့ ဆို အတော်ပါပဲ။


ဒယ်ဒီလည်း စမ်း ထိုင် ကြည့်လိုက်ရော .... ဆောရီး ပါတဲ့။ ထိုင်လို့ မကောင်းလို့ မ၀ယ်တော့ပါဘူးတဲ့။


ကလေး ၂ယောက်စလုံးအတွက် အနွေးထည် ၀ယ်။


ဝိညာဏ်ပုံစံ မာရှယ်လို ကို ကလေးများက အလွန်ကြိုက်


မုန့်တွေက တော့ အစုံပဲ။





ကြည့်ရုံ ကြည့်တာပါ။ ဘာ ဒီဇိုင်းတွေ ထူးထူး ဆန်း ဆန်း ရှိလဲးလို့။




ရန်ကုန်မှာ တုန်းက အိမ်မှာ ကလေး ဆိုဖာ ကုလားထိုင်လေး ၀ယ်ပေးထားသေးတယ်။ တစ်လုံးမှ ၅၀၀၀ကျပ်။ ခြေထောက်တင်တဲ့ ဆိုဖာက တစ်သောင်းကျော်တယ်။ အခု ဒီ ကုလားထိုင်လေးက ၈၀ နီးပါး။ အရည်အသွေးတော့ ကောင်းပါတယ်။ ချစ်စရာလေး။




ဒယ်ဒီ သဘောကျတဲ့ ဂိမ်းကစားတဲ့ ကုလားထိုင်ခုံ၊ ခေါင်း နောက်မှီမှာ စပီကာပါ ပါတယ်။ ဘယ်တော့ စိတ်ကူးရပီး လာဝယ်မလဲး မသိဘူး။


PS3 Game ကစားရင် ဒီ ထိုင်ခုံ နဲ့ ဆို အတော်ပဲတဲ့။ 
 


သမီးက သူ့ရဲ့ အနာဂတ် အိမ်မှာ ပန်းရောင် မီးဖိုချောင် ပစည်းတွေချည်းပဲ ၀ယ်ထားမယ်တဲ့။ 
 


သတိထားမိသလောက် ဒီဆိုင်မှာပဲ ပန်းရောင် မီးဖိုချောင် ပစည်းတွေ တွေ့မိတယ်။ တခြား ဆိုင်တွေမှာ အဖြူ၊ အမဲ ပဲ တွေ့မိတယ်။
 


ကိုယ့်ဆီမှာ ဆံပင် ဖြောင့်စက်ပဲ ရှိတယ်။ အခုက ဆံပင်ကို ကောက်ကောက်ကွေးကွေး လုပ်ချင်တာ မဟုတ်ဘူး။ ဆံပင်ကို ပြန်ကုပ်ပီး မျက်နှာ ပခုံးနားတ၀ိုက်မှာ ဆံပင်တွေ ၀ဲ နေချင်တာ။


ဟို စမ်း ၊ ဒီ စမ်း ... စမ်းကြည့်ပီး ၀ယ်လာ သလားဆို မ၀ယ်လာသေးဘူး။ နောက်တစ်ခေါက်မှ ... ၀ယ်လာပီးမှ ကိုယ် လိုချင်တဲ့ ပုံစံ မထွက်လာမှာစိုးလို့။ 








အရင်ပိုစ့် ....


Toy from Target

Marshell Shopping Mall မှ ပိုက်ဆံအိတ်များ
Marshell Shopping Mall

Wall Mart မှ အရုပ်များ 
Wall Mart မှ ဘာဘီ အရုပ်များ
Wall Mart မှာ Halloween decorations

Sear Shopping Mall မှ အကျီများ
Sear Shopping Mall မှ စားသောက်ဆိုင်
Sear Shopping Mall

Stop and Shop မှ Halloween decorations 
Stop and Shop မှ self check out machine  
Stop and Shop မှ Recycle machine
Stop and Shop မှ Red Box machine
Stop and Shop မှ Coinstar machine 






0 comments :