Sunday, October 23, 2011

Roast Leg of Lamb






ပျားရည် - ကော်ဖီခွက် တ၀က်
Rosemary အမှုန့် - လက်ဘက်ရည်ဇွန်း ၂ ဇွန်း
Black pepper - လက်ဘက်ရည်ဇွန်း ၂ ဇွန်း


ခြစ်ထားသော သံပုရာခွံ - လက်လက်ရည်ဇွန်း ၂ ဇွန်း


Mustard - လက်ဘက်ရည်ဇွန်း ၂ ဇွန်း


ကြက်သွန်ဖြူ - ၃ မွှာ
ဆား - လက်ဘက်ရည်ဇွန်း ၂ ဇွန်း


အားလုံးကို နှံစပ်နေအောင် နယ်ပေးထားလိုက်ပီး


သိုးသား နှယ်ထားသော  ကြွေဇလုံကို ပလပ်စတစ်ဖြင့် လုံအောင် ပိတ်ပီး ရေခဲသေတာထဲ တညသိပ်ထားလိုက်တယ်။


မနက်ကျမှ သိုးသားကို aluminum foil နဲ့ လုံနေအောင် သေချာ ထုပ်ပီး oven ထဲ ထည့်လိုက်တယ်။


( * ) oven မှာ 450 ºF - 30 minute bake လုပ်တယ်။



( * ) အပူ နည်းနည်းလျှော့ပီး .... 400 ºF - တစ်နာရီ


( * ) သိုးသား အတွင်းပိုင်းပါ ကျက်နေဖို့အတွက် နောက်ထပ် အပူနည်းနည်းလျှော့ပီး .... 
250 ºF - တစ်နာရီ (နာရီဝက်လောက်ဆိုရင်လည်း ရသေးတယ်)


ရှဥ့် နှစ်ကောင် မျက်နှာချင်းဆိုင် ကွေးကွေးလေး အိပ်နေပုံအလား ....


သားသားရဲ့ ထမင်းပန်းကန်



တစေက ပျော်လွန်းလို့ ပန်းကိုင်ပီး ကနေတာ
 


သိုးသားကို oven နဲ့ ချက်လိုက်တော့ သိုးအသားထဲက ထွက်လာတဲ့ အရည်နဲ့ ပျားရည် အပါ မီးအပူထဲမှာ ချက်ထားတာမို့ သိုးသားလည်း နူးသလို အရသာဆော့စ်လည်း ချိုတယ်။
 


သမီး ထမင်းပန်းကန်
 




အရင်ပိုစ့် .....







SaungOoHlaing , ChanPyayt - Thu Nge Chin Tway by momo aung

Credit Link : http://soundcloud.com/momo-aung/saungoohlaing-chanpyayt-thu




2 comments :

ချော(အစိမ်းရောင်လွင်ပြင်) said...

မသက်နန္ဒ တအားစိတ်ရှည်တာဘဲ
ကလေးတွေပန်းကန်နဲ့ ထမင်းဘူးတွေကြည့်တာနဲ့ သဘောပေါက်တယ်
တစ်ချို့အမေတွေများ ထမင်းဘူးဖြစ်ရင်ပြီးရော ထည့်ပေးကြတာ
အစ်မက တော်တော်လေးကို စိတ်ရှည်လက်ရှည်နဲ့ ပြင်ဆင်ပေးတာတွေ့ရတယ်။။
ကလေးတွေလည်း ကံကောင်းလိုက်တာ။

Thet Nandar Family said...

ချော (အစိမ်းရောင်လွင်ပြင်) ...

ကိုယ့်သွေးသားနဲ့ တည်ဆောက်ထားတဲ့ ရတနာလေးတွေမို့ အသည်းတုန်အောင်ကို အရမ်းချစ်ရတဲ့ ရတနာလေးတွေပါ။ :)

တချို့အမေတွေက ထမင်းဘူးဖြစ်အောင် စီးပွားရေးလုပ်နေရလို့ပါ။

မိဘတိုင်းက သားသမီးတွေကို အကောင်းဆုံးတွေ ပေးချင်တတ်ကြတာပါ။

US မှာက ထမင်းဘူး သီးသန့် ယူစရာမလိုဘူး။
ကျောင်းတွေမှာ ၀ယ်စားလို့ရပါတယ်။
သမီးက အိမ်ထမင်း ၄ ရက်၊ ကျောင်းက Lunch တစ်ရက်နှုန်းနဲ့ စားသောက်တတ်တယ်။ :)

အမြဲတန်း comment လေးတွေ ချန်ထားခဲ့ပေးတာကျေးဇူးပါ ချောရယ် ....

အမ ... ကလေး ၂ယောက်ကို ဂရုစိုက်ရတာရော။ အိမ်အလုပ်တွေပါ လုပ်နေရတာရောမို့ အွန်လိုင်းတက်ရင် စာပဲ ဖတ်နိုင်တယ်။
ကွန်မန့်က မရေးဖြစ်ဘူး။
ဖတ်စရာက များပီး။ အချိန်က နည်းနေလို့။
ချော ရဲ့ အိမ်ကို အသစ်တင်တိုင်း အမြဲရောက်ပါတယ်။

ပျော်ရွှင်ပါစေ ချော .....