Friday, October 28, 2011

Pepper water





ဒီအထုပ်ထဲက စမုံစပါး (cumin seeds) - လက်ဘက်ရည်ဇွန်း ၁ ဇွန်း ယူပါတယ်။
 


(မုန်ညင်းစေ့) mustard seed - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
 


ပျဉ်တော်သိမ်ရွက် (curry leave) - 7 ရွက် ... အိမ်မှာတော့ သူ့အနံလေးကို ကြိုက်လို့ ၁၀ရွက်ကျော်တယ်။
 


ခရမ်းချဉ်သီး - ၁လုံး (ရှစ်စိတ်ခြမ်းထားလိုက်တယ်)
နံနံပင် - အနည်းငယ်
ကြက်သွန်ဖြူ - ၅ မွှာ
ငရုတ်သီးခြောက်တောင့် - ၅တောင့်
ငရုတ်ကောင်းမှုန့် - လက်ဘက်ရည်ဇွန်း ၁ ဇွန်း ( အစပ်ကြိုက်ရင် ၂ ဇွန်းလောက် ထည့်ချက်တယ်)
မုန်ညင်းစေ့ - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
စမုန်စပါး - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဆား - လက်ဘက်ရည်ဇွန်း ၁ ဇွန်းကျော်
ပျဉ်တော်သိမ်ရွက် - ၇ ရွက်ကျော်
မန်းကျည်းသီး - သံပုရာသီး အလုံးသေးလောက်


(ဓာတ်ပုံထဲက ဇွန်းက လက်ဘက်ရည်ဇွန်းတ၀က်သာသာလောက်ပါ။ အိမ်မှာ ... အဲဒီလို ဇွန်းမျိုး နဲ့ ၂ ဇွန်း ထည့်ချက်ထားပါတယ်။)



ငရုတ်သီးအခြောက်တောင့်


ချက်မယ့်အိုးထဲမှာ -
ထမင်းစားဇွန်း နဲ့ ဆီ - ၂ ဇွန်းထည့်၊ ဆီ ပူလာတာနဲ့-
စမုန်စပါး နဲ့ မုန်ညင်းစေ့ကိုထည့်မွှေ -
တဆက်တည်း နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးအခြောက်တောင့်၊ ငရုတ်ကောင်းမှုန့်၊ ပျဉ်တော်သိမ်ရွက်ကိုထည့်မွှေ - 
ကြက်သွန်ဖြူကြော် နီးပါးလောက် ရပီဆိုတာနဲ့ 
ခရမ်းချဉ်သီး ရှစ်စိတ်ခြမ်း ထည့်မွှေပါတယ်။
ရေကို ဟင်းရည်သောက် ပန်းကန်လုံးနဲ့ ၂ လုံးစာလောက် ထည့်တယ်။
ဆား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း အရင်ထည့်ထားလိုက်တယ်။


တဖက်မှာ ဟင်းရည်သောက် ပန်းကန် ၂ လုံးစာကို ပွက်ပွက်ဆူနေအောင် တည်ပီး မန်းကျည်းသီး (အစေ့မပါ) သံပုရာသီး အသေး အရွယ်တော်လောက်ကို ၅ မိနစ်၊ ၁၀ မိနစ်လောက် တည်ပေးထားပီး


မန်းကျည်းမှည့်ရည် ရတာနဲ့ တဖက်က အိုးထဲ ပေါင်းထည့်ပေးလိုက်ပါတယ်။


အရသာ မြည်းပီး ချဉ်၊ စပ် ခံတွင်းရှင်း အရသာ အနေအထား ရတာနဲ့ နံနံပင် အုပ်တယ်။


(အိမ်မှာ အရည်ကြည်ကြည်လေး သောက်ချင်တဲ့ အခါ ရေကို ပိုထည့်ပေးပီး သောက်ခါနီး အိုးမလုပ်စေပဲ - အပေါ်ယံ အရည်ကြည်ကိုပဲ ခပ်ထည့်ပီး သောက်တယ်။ အဖတ်များကို မထည့်တော့ပါဘူး)

ထမင်းနဲ့ နှယ်စားရင်တော့ အကုန်ထည့်ပါတယ်။





အမဲသားကတော့ ခပ်ရိုးရိုး ကြော်ထားတဲ့ အမဲကြော်ပါ။


အသားကောင်းတဲ့ အမဲသား အမျိုးအစားကို အနေတော် အသားတုံး တုံးပေးပီး ဆား၊ ဆနွင်းမှုန့်  နဲ့ နှယ်ပါတယ်။ (ဒီတခါ ဟင်းခတ်မှုန့် မထည့်ပါဘူး)။ ဒီနေ့ ကြက်သားမှုန့် မသုံးပါ။


ပီးတာနဲ့ မဆာလာ အထုပ်ထဲက လက်တဆုပ်စာလောက် မဆာလာ အစုံကို ထည့်နှယ်၊


ဒိန်ချဉ် ၂ ခွက်စာလောက် ထည့်နယ်ပီး ၁ နာရီ လောက် နှပ်ထားလိုက်တယ်။


ဆီကို အနည်းငယ်လောက်ပဲ ထည့်ပီး အမဲသားကို ကြက်သွန်ဖြူ၊ ဂျင်း ဓါးပြားရိုက်တို့နဲ့ အတူ မီးမြေးမြေး နဲ့ ကြော်ပေးထားလိုက်တယ်။


အမဲသားကြော်


တနပ်စာ အနည်းငယ်လောက်ပဲ ထောင်းထားသော ငရုတ်သီးဆားထောင်း


မြေပဲ၊ ငရုတ်သီးစိမ်း၊ ဆား နှင့် ဆီ အနည်းငယ်

5 comments :

QuuTe said...

ထူးဆန်းလယ် ထူးဆန်းလယ်
မကြားဖူးဖူး မစားဖူးဖူး
မမြင်ဖူးဖူး မချက်ဖူးဖူး
မစားချင်ဖူး မပြောဖူး
စားချင်လွန်းလို့ သရေကျ၏
နောက်နေ့ချက်မည်...ကြံမှ
ပျဉ်းတော်သိမ်ကမရှိ
အမေ့ဆီ လှမ်းမှာမည်
ကတို့ခဈေးကြီးသည်
အမေလည်းအသက်ကြီးပီ
သွားရလာရလွယ်တာမဟုတ်
တော်ပီ ......
$ 200 ပို့ပေးပါ အမေ
ပျဉ်တော်သိမ်ချင်လို့...... :P :P (ကိုယ့်ကွန်မန်းကိုသဘောကျပီ ပြန်သွားပြီ)

Thet Nandar Family said...

ː̗̀☀̤̣̈̇G☺☺Ď Mörning☀̤̣̈̇ː̖́

Quu Te ...

အဲဒီ ဟင်းရည်ကလေ ရန်ကုန်က ကုလားထမင်းဆိုင်တွေမှာ အလကား ချပေးတယ်။

ဆူးလေဘုရားလမ်းက ရွှေမြို့တော် ဆိုင်မှာ ထိုင်လိုက်ပီ ဆိုတာနဲ့ အဲဒီ ဟင်းရည်ကြည်ကြည်လေးကို လက်ဖက်ရည်သောက်တဲ့ စတီးခွက်လေးနဲ့ အလကားကို ချပေးတာ။

ခံတွင်းရှင်းပီး နောက်ပိုင်း စားတဲ့ အစားအသောက်တွေ ခံတွင်းလိုက်အောင်လို့လည်း ပါမယ်။

မြန်မာလိုကတော့ မနုတ်သနီဟင်းရည်၊

အမ အဖေအိမ်မှာ နေတုန်း ဟင်းစချက်ခါစ က ...

(1996) ပတ်ဝန်းကျင် ... အမေ ရိပ်သာဝင်နေတုန်း ... မီးဖိုချောင် ခေတ ယာယီ ၀င်ချက်တုန်းက ...

" ဦးကြီးပုရဲ့ ချက်နည်း ၅၀၀"

✽̶═✽̶═✽̶═✽̶═
┊┊┊┊┊┊┊┊
┊┊┊┊┊┊┊♥。
┊┊┊┊┊┊☆。
┊┊┊┊┊★。
┊┊┊┊♡。
┊┊┊♥。
┊┊☆。
┊★。
♡。

မှာ အဲဒီ ဟင်းရည်ကို ပဲစင်းငုံ နဲ့ ချက်တယ်။

ချက်နည်းပြုတ်နည်း စာအုပ်ထဲမှာ အမ စ ပီး ဖတ်ဖူးတာ ဦးကြီးပု ပဲ။

တော်တော်လေးလည်း လွယ်သလို ဟင်းပေါင်း အမျိုး ၅၀၀ မို့ တော်တော်လေးလည်း လက်စွမ်းပြလို့ ကောင်းတယ်။

မချက်ခင်လည်း အရင် စိတ်ကူးပီး လက်ဆ အချိုးအစားနဲ့ မှန်းချက်ကြည့်ရင်း ....

ဒီလို ချက်လိုက်ရင် ဘယ်သူကတော့ ကြိုက်မှာပဲ .. ဆိုပီး ချက်တာမို့ ချက်လိုက်တိုင်း အဆင်ပြေတာများတယ်။

အခု ဒီမှာ စအေးနေပီ ဆိုတော့
body က အပူ အငုပ်တွေ ထွက်ပီး

ခံတွင်းရှင်းအောင်လို့ ချက်လိုက်တာပါ။

ငရုတ်ကောင်းကြောင့် ပူထွက်သွားပီး ...

မန်းကျည်းမှည့်ရည်ကြောင့် ခံတွင်းရှင်းသွားသလို ..

ပျဉ်တော်သိမ်ရွက် အနံကြောင့် ပိုပီး စားချင်သောက်ချင်စိတ်ဖြစ်သွားတာ ...

ပျဉ်တော်သိမ်ရွက်က ဒီက india ဆိုင်မှာ 0.75 $ ပဲ ပေးရပါတယ်။ တထုပ်ကိုလေ။ တထုပ်မှာ ၅ခု ခြောက်ခုလောက်တော့ ပါတယ်။

°·♥·♡τнänκчöü♥·♡·°

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာချက်ချက် အရသာရှိအောင်လည်း ချက်တတ်သလို လှလှလေးဖြစ်အောင် ပြင်တတ်ဆင်တတ်တယ်.. တကယ်ချီးကျူးမိပါတယ်။။။
သွားရည်ကျရတာလည်း အခါခါရယ်..

Baby taster said...

သက်ရေ....
ပို့စ်အသစ်လည်း မတက်ပါလားလို့ သတိထားမိမှ
နှင်းမုန်တိုင်း ကျတယ်လို့ကြည့်ရတာ သတိရသွားတယ်
အဆင်ပြေရဲ့လား။ Connecticut မှာ နေတာမှလား
သတင်းထဲမှာ မီးပျက်တယ်လို့ သိရတယ်။
သက်တို့ အိမ်ရောပျက်လား။ ဒါမှမဟုတ် အလုပ်စလုပ်ပြီမို့ မအားတာလား။ အစစ အရာရာ အဆင်ပြေပါစေ။

QuTe said...

pepper water နောက်ပိုင်း ငါ့အမ ပျောက်သွားတယ် သတိရလို့ ကွန်မန်းပေးသွားပါတယ်