Thursday, October 27, 2011

ပိန်းဥထမင်း



ပိန်းဥ


- ပိန်းဥကို အခွံခွါပီး လေးထောင့်တုံး သေးသေးလေးတွေ စိတ်ထားလိုက်တယ်။
 


- ပုစွန်ခြောက်ကို ရေ အနည်းငယ် စိမ်ထားလိုက်ပါတယ်။


- ထမင်းစားဇွန်း နဲ့ ဆီ ၄ ဇွန်း ထည့် အပူပေးပီး နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ ၅ မွှာ ကို အရင်ထည့်၊ 
ပီးတာနဲ့ ရေစိမ်ထားသော ပုစွန်ခြောက်ကို ထည့်ကြော်ပီးနောက် 
ပိန်းဥများကို ထည့်ကြော်ပါတယ်။
ဟင်းခတ်မှုန့် - ၂ ဇွန်း၊ ဆား - ၁ ဇွန်း၊ ပဲငံပြာရည် အကြည် - ၁ ဇွန်း ထည့်ကြော်တယ်။


အိမ်မှာ Jasmine rice - ဆန်ချိန်ခွက် - 5 ခွက်  ကို ရေဆေးပီး ထမင်းအိုးထဲ ထည့်ပီးတာနဲ့ ကြော်ထားသော ပိန်းဥ နှင့် ပုစွန်ခြောက်ကြော်များကို ထည့်ပီး မွှေတယ်။
ရေကို ပုံမှန် ချက်နေကြ အချိုးအစားအတိုင်းပဲ ထည့်ပီး ချက်ထားပါတယ်။


ထမင်းအိုး ကျက်ပါပြီ။ (ဇွန်း နဲ့ မမွှေတော့ပါဘူး) ထမင်းများလည်း နပ်ပါတယ်။ ပိန်းဥ အနံလေးလည်း သင်းနေတာပါပဲ။ 
သမီးက ပိန်းဥ ရေခဲမုန့် အနံလေးကျနေတာပါပဲတဲ့။
သမီးက ပိန်းဥ ice cream ကြိုက်တယ်လေ။


ပိန်းဥထမင်း နဲ့ တွဲစားဖို့ အိမ်မှာ ရှိသော အချဉ်


ဂျင်းနု တဗူးကို $ 2.19 (ဗီယက်နန် ဆိုင်က ၀ယ်လာတာပါ)။ သူ့က ဘာနဲ့မဆို တွဲစားစား စားလို့ကောင်းလွန်းလို့)
 



မုန်းညင်းချဉ် (ဗီယက်နမ် ဆိုင်က ၀ယ်လာတာပါ)
 


မုန်းညင်းချဉ်
 


ဆီပူနေအောင် တည်ပီး မီးခလုတ်ပိတ် ငရုတ်သီး အကျက်မှုန့်ထည့်ကြော်၊ ဆားလေး နည်းနည်းထည့်ပီး ကြော်ထားသော ငရုတ်သီး ဆီချက်
 



ဝက်ခေါက်ကြော် (သူလည်းဘဲ ဗီယက်နမ်ဆိုင်က ၀ယ်လာတာ)


ဆန်ချိန်ခွက်နဲ့ ဆန် - ၁ ခွက်း ပိန်းဥ - ၁ ခွက် နှုန်း နဲ့ အိမ်မှာ ချက်ပါတယ်။
ပုစွန်ခြောက်ကို ဆန် ၁ ခွက်း ပုစွန်ခြောက် ထမင်းစားဇွန်း ၁ ဇွန်း နဲ့ အိမ်မှာ ချက်ပါတယ်။


ကိုယ့်အတွက် ဆိုရင်တော့ ပိန်းဥထမင်းကို ဟင်းတောင်မှ မလိုပါဘူး။ ဒီအတိုင်းပဲ စားရင်တောင် စားလို့ ကောင်းနေပါပီ။
 


ပိန်းဥထမင်းကို မြေပဲဆန်ကြော်၊ ကြက်ဥပြုတ်၊ ငါးနီတူခြောက်ကြော် ကြွပ်ကြွပ်လေးနှင့်အတူ ကြက်တောင်ပံကြော် နဲ့ တွဲစားရင် အလိုက်ဖက်ဆုံးပါ။


ဒီနေ့ အိမ်မှာ အဲဒါတွေ မရှိလို့ ရှိတဲ့ အစာ အချဉ်၊ အစပ်များနဲ့ တွဲစားပီး ရေနွေးကြမ်းသောက်ပါတယ်။ 
ပိန်းဥ ထမင်းကို ရန်ကုန်၊ တရုတ်တန်း၊ လသာလမ်းဘေးကလမ်း  လမ်း ၂၀ (ထင်တာပဲ) မဟာဗနုလလမ်းနဲ့ ကမ်းနားလမ်းကြားက ဘလောက်၊ လမ်းထိပ်နားက ဆိုင်မှာ ဂဏာန်းကော်ကြော်နှင့်အတူ ပိန်းဥထမင်းကို ရောင်းပါတယ်။ 


သမီး ငယ်ငယ်က တရုတ်တန်းရောက်တိုင်း ၀ယ်စားပါတယ်။ ကန်တုံ - တရုတ် - လက်ရှည် အစားအသောက်ပါ။ ကိုယ့် အပေါင်းအသင်း တွေက လသာ - ၂ မှာ တရုတ်လက်ရှည်တွေ များတော့ သူတို့ အရမ်းကြိုက်တဲ့ ပိန်းဥထမင်းပါ။ အရင်တုန်းက အဲဒီ ပိန်းဥ ထမင်းကို လက်ရှည် - တရုတ် အခေါ်အဝေါ် ကိုယ် သိတယ်။ အခု ပြောပြမယ် ဆိုတော့ ပါးစပ်ဖျားလေးတင် မေ့နေတယ်။


အော်စွန်းလို့ ပထမ ထင်နေတာ။ အော်စွန်းတော့ မဟုတ်ဘူး။ အော်စွန်းက ကော်ဖီကြမ်း (နို့မပါ)တာကို ခေါ်တာ။ 


အရင်တုန်းက တရုတ်တန်းသွားရင် တရုတ်တန်း ရွှေပုစွန်ကနေ လသာလမ်း အထိ ဒေါင့်လျှောက် ဆိုင်စုံနီးပါးလောက်ကို ၀ယ်တဲ့ဟာ ၀ယ်၊ ဆိုင်မှာ ထိုင်စားတာ စားနဲ့ပေါ့။


သားသားမွေးလာတော့ ကလေး ၂ယောက်နဲ့မို့ ၁၇ လမ်းဈေးမှာ ပုစွန် နဲ့ ကြက်သား၊ ချဉ်ဖတ်၊ ဈေးဝယ်ပီးရင် ၁၈ လမ်းမှာ ဆာတေးဝယ်၊ လမ်းမတော်လမ်း ရွှေနန်းတော် ရွှေဆိုင်ရှေ့နားက ဆိုင်မှာ ဂဏာန်းကော်ကြော်ဝယ်၊ တခါတလေ ဖက်တီးမ ၀က်သားကောက်ညင်းထုပ် ၀ယ်။ 
ဝက်သားကောက်ညင်းထုပ်က  လမ်း ၂၀ ဘုံကျောင်းနားက ဆိုင်ကို ပိုကြိုက်တယ်။
အဲဒီဆိုင်က ၀က်သားကောက်ညင်းထုပ်နဲ့ ရှိုမိုင်း (၀က်သားပေါင်း)ကို သတိရလိုက်တာ။


၁၉လမ်းထဲက ပူတင်းပေါင်း (နို့ဆီခွက်)နဲ့ ပေါင်းတာ။ 


၁၇လမ်းထိပ်က သင်းမောင်းပိုးကြော် ....



လောလောဆယ်တော့ ဒီ ပိန်းဥ များများနဲ့ ချက်ထားတဲ့ ပိန်းဥထမင်းကြော်ကိုပဲ ငရုတ်သီးကြော် နဲ့ နယ်စားလိုက်ပါအုံးမယ်။


စပ်သွားရင် ရေနွေးကြမ်း အဆင့်သင့်။
 


ပိန်းဥထမင်းက လူကြိုက်နည်းမလား မသိဘူး။ ကိုယ်တော့ ငယ်ငယ်ကတည်းက စားနေတာမို့ အရမ်းကြိုက်၊ တရုတ် - လက်ရှည်တွေ အရမ်းကြိုက်တဲ့ အစားအစာလေ။ အိမ်က ကလေးတွေက ပုစွန်ခြောက်ပါတော့ ပိုကြိုက်သလို ပိန်းဥက ကလေး ၂ ယောက်စလုံး ကြိုက်တယ်။

ပိန်းဥထမင်း ချက်နည်း ပေးသော.....

မြန်မာသတင်းရပ်ဝန်းမှ ပိန်းဥထမင်း ( Nyonya Yan Rice ) 

အား ကျေးဇူးတင်ပါတယ်။

မြန်မာသတင်းရပ်ဝန်းမှ ပိန်းဥထမင်းမှာ ပဲငံပြာရည် အကြည် ထည့်မချက်ထားပါဘူး။

(ကိုယ်ကြိုက်လို့ ကိုယ်ထည့်ချက်ထားတာပါ) 

As you like .....




ဝက်သား သုံးထပ်သားကို ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ သကြား နဲ့ နယ်ပီး ဆီလေး နည်းနည်းလေးပဲထည့်၊ ကြက်သွန်ဖြူ များများ၊ ဂျင်း ဓါးပြားရိုက်နဲ့ လုံးချက်ပီး ရေလေး နည်းနည်းလောက်ပဲ ထည့်ပီး Pressure cooker နဲ့ ၁၂ မိနစ်လောက် မီးမြေးမြေး နဲ့ ပေါင်းထားသော ၀က်သုံးထပ်သားပေါင်း။




ကို နမ်းကြာဦး (colorado - Denver) မှာ စနိုးတွေ 26 အောက်တိုဘာ 2011 မှာ စကျနေပါပီ။

  ကိုယ်တို့ CT မှာ ဒီနေ့ အောက်တိုဘာ 27 2011 ညနေမှ စနိုး မိုး (Light snow) စ ရွာပါတယ်။ 

အမေရိကားမှာ ပထမဦးဆုံး Light Snow ကြုံရတဲ့ နေ့ အမှတ်တရ .....

ကိုယ့် ဘလော့ side bar က weather widget မှာ  weather (LIVE) ရှိပါတယ်။ 

အဲဒါကို နှိပ်လိုက်ရင် weather live ကို မြင်ရပါတယ်။


အရင်ပိုစ့် ....










8 comments :

alice said...

It's aww (Yam) pon (rice) (yam rice).

Thet Nandar Family said...

Alice ...

Yes, I remember the name.
" Aww pon "
Great - thanks for your comment.
谢谢 !

QuuTe said...

စားချင်စရာပဲနော် တခါမှတော့မစားဖူးဖူး ကျူတီ က အညာကလေ အိမ်က ရှေးဟောင်းလူကြီးတွေက ဒီလို ထမင်းမျိုးတခါမှ ချက်မကျွေးဖူး အချက်အပြုတ်တော်တဲ့ မားမားရှိတော့ အိန်ဂျယ် နဲ့ အိန်ဂျယ်မောင်လေး တို့ ကံကောင်းတာပေါ့ :)

san htun said...

ပိန်းဥထမင်း လာစားတယ် အမရေ..ညီမလည်း ဂျင်းနု သိပ်ကြိုက်တာ..ဘူဖေးသွားစားတိုင်း ဂျင်းနု နှစ်ပန်းကန် တီးတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ပိန်းဥထမင်းကို တစ်ခါမှ မစားဖူးသေးဘူး
ပုံကြည့်ရတာ စိတ်ဝင်စားစရာလေး
ထမင်းလေးကလည်း ကော့ပျံနေတာဘဲ..
ပုဇွန်ခြောက်ကလည်း နှိုက်စားချင်စရာဆိုတော့ ကောင်းမှကောင်း

Thet Nandar Family said...

Quu Te , San Htun, ချော (အစိမ်းရောင်လွင်ပြင်)

ပိန်းဥ အရသာကို ကြိုက်ရင် ပိန်းဥထမင်းကို ကြိုက်မယ်လို့ ထင်တယ်။

ထမင်းနဲ့ ပုစွန်ခြောက် ပေါင်းချက်တာတော့ လူတိုင်း ကြိုက်မှာပါ။

အဲဒီမှာမှ ပိန်းဥပါ ထည့်ပေါင်း ချက်ထားတော့ ပိုစားလို့ကောင်းတယ်။

ဆိုင်မှာတော့ ပိန်းဥကို သေးသေးလေး တုံးပီး ထမင်းများများ ပိန်းဥ နည်းနည်းပဲ ထည့်ပေးတယ်။
မအီဘူး။ တော်တော်စားကောင်းတယ်။

Angel ငယ်ငယ်တုန်းကတော့ မားမားလို့ ခေါ်တယ်။
အခုတော့ မခေါ်တော့ပါဘူး။

အမက ဖေဖေ နဲ့တူတော့ မြန်မာရုပ်ထွက်တယ်။
အင်း ... တိုင်းရင်းသား နဲ့ ဆင်တာပေါ့နော်။

စကားပြောရင်လည်း လျှာဖျားနဲ့ အာမထိ လျှာမထိ ပြောတတ်တော့ ပိုဆိုးပေါ့။

ဟား ... ဟား :D

ဗြိတ် သူငယ်ချင်းမ နဲ့ အတွဲများတော့ ဗြိတ်လိုကလည်း ၀ဲ ပီး ပြောတတ်သေးတယ်။

သား နဲ့ သမီးက မာမီလို့ပဲ ခေါ်တယ်။

သူတို့ ၂ယောက် ကြိုက်တာတွေပဲ ချက်နေရတာပါ။
၂ယောက်စလုံးက စားတယ်။
တချိန်လုံးစား non stop အစား နဲ့ ပါးစပ် မပြတ် စားတယ်။

ဒါပေမယ့် စားရင် နည်းနည်းလေးပဲ။
နည်းနည်း နဲ့ အမျိုးစုံကို တချိန်လုံး စားနေကြတာ။

အိမ်မှာ ရေခဲသေတာ နဲ့ မုန့်ထည့်ထားတဲ့ ဘီဒိုက ၁၅ မိနစ် တခါ အဖွင့်အပိတ်ရှိတယ်။ အိပ်ချိန်က လွဲလို့ :P

Quu Te, San Htun, မမချော ... အိမ်လာလည်တာ ကျေးဇူးနော် .... :)

░╦░╔╗╗╗╦═╗░░╔╗╔╦╗╦╔░╔═╗╔╗░ ░╗╗╗╔╔╗╔╗
░║░║║║║╠╣░░░╚╗║║║║║░╠╣░╚╗░ ░╠╣║║║╗╚╗
░╩╝╚╝╚╝╩═╝░░╚╝╝╝╝╩╚═╚═╝╚╝░ ░╝╝╚╝╚╝╚╝
♥▬MY●▬ღ░B░E░A░U░T░I░F░U░L░ ღ▬●▬FRIENDS!

မီးမီးငယ် said...

တခါမှမစားဖူးဘူး။
ချက်စားအုံးမယ်။
တကယ်တော်တယ်ဟင်းချက်ကောင်းတယ်။
ကျမ မနေ့ ကနယူးဂျာစီမှာ၊
ဟိုမှာအရမ်းအေးတာဘဲ၊
နှင်းတွေကျလို့ ...။

Thet Nandar Family said...

မီးမီးငယ် ....

မမီးမီး ... ကျွန်မတို့ဆီမှာ
မနက်ဖြန် အောက်တိုဘာ 29 ညနေ ကနေ
Sunday အောက်တိုဘာ 30 မတိုင်ခင် အထိ
စနိုး နဲ့ မိုး မုန်တိုင်း ရှိတယ်။

အေးလိုက်မယ့် ဖြစ်ခြင်း။
အိမ်ထဲမှာ Heater နဲ့ ဆိုတော့ သိပ်တော့ မသိသာပါဘူး။

ဒယ်ဒီက မာမီ ဒါ အစပဲ ရှိသေးတယ်။
winter က ဒီဇင်ဘာ ၂၂ မှ စမှာတဲ့။

FB က CT Fun page မှာတော့
ဒီနှစ် Halloween ကို စန်တာကလော့ ဒီဇိုင်းဖြစ်မယ်။
စနိုးမန် လာတာ စောတယ် ဆိုပီး ပြောနေကြသေးတယ်။

CT weather alert web site : http://www.accuweather.com/us/ct/weatogue/06089/forecast-details.asp?fday=2