Thursday, October 20, 2011

ကြက်ဥချဉ်စပ်ဟင်းရည်


ကြက်သားပြားကြော်


US ကြက်သား လျှော့ဈေးနှုန်း


အရေခွံမပါ ကြက်သား အသားတုံးကို ပါးပါးလွှာလွှာလေး လှီးထားလိုက်ပီး ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံပင် တို့နဲ့ အရင် နှယ်ပေးထားလိုက်ပီး ....
 


ကြက်ဥ


ကြက်ဥအနှစ်၊ အကြော်မှုန့်၊ ပဲငံပြာရည် အကြည်တို့နဲ့ ထပ်နှယ်ပေးထားလိုက်ပါတယ်။
 


မီးမြေးမြေးနဲ့ 
 


ဆီနှစ်ပီး ရွှေအိုရောင် သန်းတဲ့ အထိ ကြော်ထားသော
 


ကြက်သားပြားကြော်


ကြက်ဥ အနှစ် နှင့် အကြော်မှုန့် ကပ်ကြော်ထားတာမို့ စားလို့ ပိုကောင်းပါတယ်။


အစာပလာစာ အစုံအလင်နဲ့ နှယ်ပီး ကြော်ထားတာမို့ အရသာလည်း ရှိတယ်။


ကြော်ပီး ပီးချင်း ပူပူလေးကို Sweet Chilli Sauce နဲ့ တို့စားပါတယ်။


ကြက်ဥ ချဉ်စပ် ဟင်းရည် ....

ဟင်းချိုသောက် ပန်းကန်လုံး ၂ လုံးစာ ရေကို မီးဖိုပေါ်မှာ ပွက်ပွက်ဆူနေအောင် တည်ပီး
ခရမ်းချဉ်သီး အနေတော် ၂ လုံးကို ရှစ်စိတ်စီ ခြမ်း ထားတာ ထည့်တယ်။
အဖုံး ခဏ အုပ်ပေးထားလိုက်ပီး
တအောင့်ကြာ ခရမ်းချဉ်သီးများ နွမ်းသွားပီ ဆိုတာနဲ့ ဇွန်းနဲ့ ချေပေးထားလိုက်ပီး
ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထည့်၊ 
ကြက်သားမှုန့်ထည့်၊
ပါးပါးလှီးထားသော နံနံပင် ရိုး (သို့မဟုတ်) တရုတ်နံနံပင် ရိုး  ထည့်၊
ပန်းကန်တလုံးနဲ့ ကြက်ဥ ၂ လုံး ခေါက်ထားတာ ထည့် ... မွှေ
ဟင်းရည်အိုး အရသာ ခပ်ကျကျလေးဖြစ်အောင် တအောင့်လောက် မီးဖိုပေါ် တည်ပေးထားလိုက်ပီး 
ပွက်ပွက်ဆူတော့မှ နံနံပင် အရွက်လေးတွေကို ပါးပါးလှီးထားတာ ထည့်ပေးလိုက်ပါတယ်။


(ငံပြာရည်တော့ မထည့်တော့ဘူးပေါ့ ... ကြက်သားမှုန့် ခနှော တံဆိပ် ဟင်းခတ်မှုန့် နဲ့ပဲ ချဉ်စပ်လေး ချက်ထားသော ကြက်ဥ ဟင်းရည်)


0 comments :