Friday, October 14, 2011

သရက်သီးစိမ်း ငပိသုပ်


သရက်သီးစိမ်း ငပိသုပ်
 


ဒါက ၄လုံး ၅ဒေါ်လာ နဲ့ သရက်သီးမှည့်



ခြစ်ထားသော သရက်သီးစိမ်း


သရက်သီးစိမ်း အမျှင်များ


သရက်သီးစိမ်း၊ ငပိဖုတ် နှင့် အတူ သကြား၊ ဆား၊ ငရုတ်သီးအကျက်မှုန့် တို့နဲ့ သုပ်ထားသော သရက်သီးစိမ်း ငပိသုပ်


သရက်သီးစိမ်းကို စိတ်ပီး ဆား၊ ငရုတ်သီး အစိမ်းမှုန့်၊ နွယ်ချို (US က India ဆိုင်မှာ ၀ယ်လို့ ရသည်) တို့နဲ့ တို့စားတာကို သဘောကျပါတယ်။ ဒါပေမယ့် အဲလိုမျိုး သရက်သီးစိတ်ကို စားပီးရင် သွားအရမ်းကြိမ်းတယ်။

သွားအရမ်းကြိမ်းတဲ့ အချိန် လက်သည်းနဲ့ နံရံကို ခြစ်တဲ့ အသံကြားရင် ပိုတောင်မှ ဆိုးပါသေးတယ်။ ဒါကြောင့်မို့လို့ သရက်သီးကို အမျှင်လေးတွေ ခြစ်ထားလိုက်ပီး ငပိဖုတ်ရယ်၊ သကြား၊ ဆား၊ ငရုတ်သီးအကျက်မှုန့် နဲ့ ချို၊ ချဉ်၊ ငံ၊ စပ် သုပ်စားတော့ စားလို့ ကောင်းတယ်။

သကြားပါတော့ စားလိုက်တဲ့အခါ ချဉ်တဲ့ အရသာကို မမှုပဲ ငပိဖုတ် အနံလေးကြောင့် နောက်တဇွန်း ဆက်စားပီးရင်း စားချင်တဲ့ သရက်သီးစိမ်း ငပိသုပ်။


ဝက်သားကို ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် နဲ့ နှယ်ပီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ နဲ့ ဆီသတ်ပီး ၃ရေလောက် ကျစ်နေအောင် ချက်ထားသော ၀က်သားနှပ်။

တခါတလေ ၀က်သားကို တခြား အစာပလာတွေ မပါပဲ ခပ်ရိုးရိုးပဲ အသားကျစ်နေအောင် ချက်စားတာကို သဘောကျတယ်။ ခရမ်းချဉ်သီးတို့ မန်းကျည်းမှည့်တို့လို အချဉ်မျိုးတွေ မထည့်ပဲ ၀က်သားအရသာ တမျိုးတည်းကိုပဲ နူးမြေ့နေအောင် ချက်ထားတဲ့ အရသာမျိုး။



အမဲသား ကို ဆနွင်းမှုန့်၊ ဆား (စားပွဲတင်ဆား)၊ အသားမှုန့် (ကြက်သားမှုန့် ခနှောတံဆိပ်) ထည့်ပီး အသားထဲကို အမှုန့်များ နံစပ်သွားအောင် နှယ်ထားလိုက်တယ်။


အချိန်ရ ရင် ခဏလောက် နှပ်ထားလိုက်တယ်။

ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ၊ ဂျင်း ၊ စပါးလင် နဲ့ ပြုတ်ထားလိုက်ပါတယ်။ ဆီမထည့်ပါဘူး။


အမဲသား အသားစိမ်း အရောင် ပြောင်းပီး အနှံလေးတွေလည်း မွေးတက်လာမှ အမဲသား အချိုရည်တွေ ထွက်မသွားအောင် ရေကို ဟင်းရည်သောက် ပန်းကန်လုံး ၂ လုံးစာလောက် ထည့်ပီး မီးမြေးမြေးနဲ့ ရေခန်းပြုတ်ပါတယ်။
 
အသားလည်း ကျက်သွားပီ ဆိုရင် အမဲသားပြုတ်တွေကို ခဏလောက် ဆယ်ထားပီး အအေးခံထားလိုက်တယ်။


ပီးရင် အမဲသားမျှင်များကို နွှင်ပေးလိုက်တယ်။ အသားများ အားလုံး နွှင်ပီးတဲ့အခါမှာ ကြက်သွန်ဖြူဥ ကြီးကြီးလေး ၅မွှာလောက်ကို သေးသေးလေး စိတ်လိုက်တယ်။ ကြက်သွန်နီကို ပါးပါးလေး လှီးပေးထားတယ်။
 
ဆီကို ထည့်။ non stick pan နဲ့ ကြော်တာ ပိုကောင်းပါတယ်။ ဆီပူလာပီဆိုရင် မီးဖို မီးခလုတ်ကို အလယ်ကွိုင်နဲ့ ပါးပါးလှီးထားသော ကြက်သွန်နီ ကို ထည့်။ ဆနွင်းမှုန့် (လက်ဘက်ရည် ဇွန်းတ၀က်) လောက် ထည့်ပီး ကြက်သွန်နီများကို ဆီပူထဲမှာ မွှေပီး ကြက်သွန်နီကြော် အ၀ါရောင် သန်းလာတဲ့ အထိ ကြော်ထားလိုက်တယ်။ ပီးရင် ဆယ်ထားလိုက်ပီး ....


ကြက်သွန်ဖြူ ထည့်၊   ကြက်သွန်ဖြူကို ကြော်ပီးတဲ့အခါမှာ အမဲသားမျှင်လေးများကို ထည့်ပီး မွှေ။

အမဲသားမျှင်များ အနက်ရောင် ပြောင်းပီး ကြော်တာ ရလောက်ပီ ဆိုရင် စားပွဲတင်ဆား လက်ဘက်ရည်ဇွန်းနဲ့ တ၀က်လောက် ထည့်။
 
ဟင်းချက်ရင် အသားတွေကို မြည်းတဲ့အခါ အပေါ့၊ အငန် အနေတော်နဲ့ အရသာရှိဖို့ အတွက် အသား အစိမ်းမှာကတည်းက ဟင်းခတ်မှုန့် ( ဥပမာ - ဆား နဲ့ အခြားသော အမှုန့်များ ) ကို နှံစပ်အောင် နှယ်ပေးပီး ခဏနှပ်ထားတာ အကောင်းဆုံးပါ။ ရေခဲသေတ္တာထဲမှာ တည သိပ်ပီး နှပ်ထားလည်း ရပါတယ်။ အိမ်မှာတော့ ဒိန်ချဉ် နဲ့ နှပ်တဲ့အခါမှသာ ရေခဲသေတ္တာထဲမှာ တည သိပ်ပီး နှပ်တာပါ။ များသောအားဖြင့်ကတော့ ဆားနှယ်ပီးသား အသားများကို မိနစ်အနည်းငယ်လောက်ပဲ နှပ်ထားတာများတယ်။
 
စားတဲ့အခါ အရင်ဆုံး လျှာပေါ်မှာ စွဲသွားစေဖို့က ဟင်းတွေ ကျက်ခါနီးမှာ ဆား (သို့မဟုတ်) အချိုမှုန့် ကို နှမ်းဖြူး သလို ဖြူး ပေးစေတာ အကောင်းဆုံးပါ။ ဒါမှ ဟင်းကို မြည်းလိုက်တဲ့အခါ လျှာပေါ်တင်လိုက်တာနဲ့ အရသာ ရှိသွားပီး အသားတွေကို ၀ါးလိုက်တဲ့ အခါမှာလည်း အရသာ ရှိတဲ့ အသားဟင်းကို ရမှာပါ။
 
မဆလာ ကို ဟင်းကျက်ခါနီးမှ အုပ်မယ် ဆိုရင် မဆလာကို ဆီပူ တစ်ဇွန်း နဲ့ ဇွန်းထဲမှာ အရည်ဖျော်ပီးမှ ထည့်ချက်တာ ပိုကောင်းပါတယ်။ အိမ်မှာတော့ မဆလာ အုပ်ပီး ချက်တဲ့ ဆိတ်သားကြော်တို့ အမဲသားကြော်တို့ ဆို အသားတွေ ကျက်ခါနီးပီ ဆိုရင် ချက်နေတဲ့ ဆီပူ နဲ့ မဆလာမှုန့်ကို ဇွန်းထဲမှာ ထည့်မွေပီးမှပဲ မဆလာအုပ်တာပါ။ မဆလာ အမှုန့်ကို ဟင်းတွေ ထဲ ဖြူး ပီး ထည့်ချက်လည်း ရတာပါပဲ။


သီးစုံ ကုလားပဲဟင်း နှင့် အမဲသား မွှကြော်



ငါးခြောက် နည်းနည်း

ကုလားပဲကို အရင်ပြုတ်ထားလိုက်ပါတယ်။ 
ပီးမှ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊  ကုလားပဲပြုပ်၊ အားလူး၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ ပျဉ်တော်သိမ်ရွက် တို့ကို ငရုတ်သီး အစိမ်းမှုန့် နှင့် မီးအပူပေးပီး ဒယ်အိုးထဲမှာ လုံးချက်လိုက်တယ်။

 
ခုဏက ပြုတ်ထားသော ကုလားပဲ ပြုတ်ရည်များ ထည့်တယ်။ ရေထည့်၊ ငါးခြောက်ထည့်ပါတယ်။ 


 ငံပြာရည် ကိုပဲ လိုသလောက် ထပ်ဖြည့်တယ်။
ဆား မထည့်ပါဘူး။ 



ကုလားပဲ နှင့် အတူ ဟင်းသီးဟင်းရွက်က ရလာတဲ့ အချို ၊ ငါးခြောက်ရဲ့ လေးလေးပင်ပင် အချိုအရသာ၊ ကို သောက်ချင်တာမို့ ငံပြာရည် လို ငံတဲ့ အချိုပဲ ထည့်ချက်ထားလိုက်တာပါ။ 


ခရမ်းသီး နှင့် ပဲတောင့်ရှည်များ နူးလာခါနီးမှာ နူးလွယ်တဲ့ ရုံပတေသီးစိတ်များကို ထည့်ပီး အဖုံး အုပ်ထားလိုက်ပါတယ်။

ရုံပတေသီး နူးစ ပူလာပီ ဆိုတာနဲ့ မန်းကျည်းမှည့်ရည်လေး နည်းနည်းလောက် ထည့်တယ်။ 


အရင်ပိုစ့် ....






အိပ်ခန်းရှေ့ အပင်က အရွက်တွေ စိမ်းနေရာကနေ ....


ဝါ ...


နီလာကျပီး ....


မိုးရွာ၊ လေတိုက်တော့ မြေမှာ ကြွေကျသွားကြပြီ။




 

4 comments :

Anonymous said...

သရက်သီးစိမ်းသုတ် ကြည့်ရင်း
လျှာရည်လည်လာပြီ..။
အပင်ကိုကြည့်ပြီး ဘာကိုလွမ်းမှန်းမသိ
လွမ်းသလိုလို..
ဟီးးဟီး


ပေါက်

ချော(အစိမ်းရောင်လွင်ပြင်) said...

သရက်သီးစိမ်းကတော့ မြင်တာနဲ့ တံတွေမြိုမိပါတယ်။
အယ် ဒီမှာတော့ သရက်သီးစိမ်းမရှိတော့ဘူး မှည့်ကုန်ပြီ။
မေပယ်ရွက်လေးတွေက ချစ်ဖို့ကောင်းတယ်နော်
ပုံစံလေးလည်း လှသလို အရောင်လေးက စိမ်းဝါနီ ဆိုပြီး အချိန်ခါလိုက် ပြောင်းတတ်တာမို့ထင်တယ်
လူတိုင်းက သဘောကျကြတယ်နော်

Thet Nandar Family said...

ပေါက် ....

အပင်ရဲ့ မြန်ဆန်လွန်းလှတဲ့ ပြောင်းလဲမှု့ကို
ကြည့်ပီး ဘာလိုကြီးမှန်းကို မသိ
ခံစားရတယ်။

Happy Weekend!

.───)\PEACE
.──(,,")─────)\LOVE
──╫╫─────(,,")─────)\HOPE
[▒▒▒▒▒▒]──╫╫─────(,,")───── .)\ HARMONY
[▒▒█▒▒▒][▓▓▓▓▓▓]──╫╫─────(,,")
[▒▒█▄▒▒][▓█▀█▓▓][░░░░░░].▄▄██▄▄
[▒▒▒▒▒▒][▓█▄█▓▓][░█░█░░][█─▄███]
[▒▒▒▒▒▒][▓▓▓▓▓▓][░▀▄▀░░][█─▄███]
[▒▒▒▒▒▒][▓▓▓▓▓▓][░░░░░░][█▄▄███]♥PAUK♥

Thet Nandar Family said...

ချော (အစိမ်းရောင်လွင်ပြင်) ....

...........((.Ʒ .Ѽ.Ƹ....
.......Ѽ.Ʒ .Ƹ)☆)ѼƸ)...
...Ѽ.Ʒ .Ƹ))ѼƸ)Ѽ(Ʒ.Ƹ)Ѽ...
..ѼƸ))ѼƸ)☆(Ʒ. Ƹ)Ʒ .Ƹ))Ƹ).
.Ƹ))ѼƸ)Ѽ(Ʒ☆Ƹ)ѼƷ .Ƹ))ѼƸ..
(ƷѼƸ) ...░ ../ ./ / ./(Ʒ☆Ƹ))ѼƸ..
...... . . ...░ ././...Ƹ)...
...Ƹ)... . .|░ . | ..... Ƹ)...
....... Ƹ)..|░ ..| . . . . . .
. ...... .. /░ .. ..... (Ʒ. .Ѽ....Ѽ...
သရက်သီး အစိမ်း၊ အမှည့် တမျိုးချင်းစီ စရောက်ကတည်းက ၆ လအတွင်း ရောင်းနေတာ တွေ့တယ်။
ရာသီပေါ်အသီးရယ်လို့ မဟုတ်ဘူးလို့ ထင်တာပဲ။
စိမ်း၊ ၀ါ၊ နီ ဆိုတော့ traffic light အရောင်ကြီးနဲ့ တူတယ်နော်။

──────▄▌__ ▀▀▀▀▀▀▀▀▀▀ ▀▀▀▀▀▀▀▀▀▀ ▀▀▀▀▀▀▀▀▌
───▄▄██▌__ █ ▌ALWAYS REMEMBER
▄▄▄▌▐██▌__ ▌
███████▌__ █▄▄▄▄▄▄▄▄▄ ▄▄▄▄▄▄▄▄▄▄ ▄▄▄▄▄▄▄▄▌
▀(@)▀▀▀▀▀▀ ▀▀▀(@)(@)▀ ▀▀▀▀▀------- ▀▀ (@)