Friday, October 28, 2011

ပထမဆုံးနှင်း


ဒီနေ့ မနက် ( အောက်တိုဘာ ၂၈ ၂၀၁၁ ) သမီးကျောင်းသွားတော့ ညက ရွာထားတဲ့ စနိုးမိုးတွေကြောင့် မြက်ဖျားနှင်း (မြက်ဖျားသီး) မြက်ဖျားချောင်း (ရေခဲချောင်း :P ) ဖြစ်နေတာမို့ မြက်ပေါ်တက်နင်းပီး လမ်းလျှောက်လိုက်ရင် ချွတ် ချွတ် နဲ့ ကျိုးကျသံတောင် ကြားရပါတယ်။ 


မြက်တွေ ရေခဲနေတာ



မြက်ဖျားသီး


ကျောင်းကားလာပါပြီ



သစ်ရွက်ကြွေပေါ်က နှင်း (ရေခဲတုံးဖြစ်သွားပီ)


ဝါရံတာကြမ်းပြင်တောင် အေးလို့ ဖိနပ်စီးထားရပါတယ်။


သစ်ရွက်တွေလည်း ၀ါ နေရာကနေ နီနေပီ၊


စကန့်မလပ်ကို ကြွေနေတော့ သစ်ပင်လည်း ကတုံးဖြစ်တော့မယ်။



တနင်္ဂနွေနေ့ကျရင် နှင်းမိုး မုန်တိုင်းကြောင့် ညာဘက်က သစ်ပင် သစ်ကိုင်းခြောက်ကြီး ice tree ပုံ ထွက်လာမလားမသိဘူး။ ရေခဲအမြင့်က ၉.၅ လက်မဆိုတော့ ၁ ပေ သာသာလောက်ပဲ။


ဒီသစ်ပင်တွေ စနိုးကပ်နေရင် ကြည့်လို့ တော်တော်လှမယ်။





မနက် ၁၀ နာရီလောက် နေရောင်ခြည်ကြောင့် မြက်ဖျားသီးနေတဲ့ နှင်းတွေလည်း အရည်ပျော်သွားပါပီ။ ညာဘက်နားမှာ ကြောင် အမဲတကောင် ဘိနပ် မပါ ဘဲ လမ်းသလားနေတယ်။




နေ့လည်ကျတော့လည်း အေးတာပဲ။
နေရောင်ခြည်အောက်မှာ ဆို အေးအေးလေး နဲ့ နွေးနွေးလေး။ နေလို့ကောင်းတယ်။

  
Winter က ဒီဇင်ဘာ ၂၂ ၂၀၁၁ မှ စမှာပါ။ ဒီနှစ် နှင်းကျတာ စောလို့ တဲ့။
FB မှာ ပြောနေကြတာတော့ Halloween မှာ နှင်းလူသား သရဲလာခြောက်မှာလားပဲ။
စတိတ်က water park လည်း တနင်္လာ Halloween မှာ ရေဆော့လို့ ကောင်းပါ့မလား။ 
မုန်တိုင်း အရှိန်နဲ့ အေးနေမှာပဲ။

  
နေရောင်ခြည်အောက်မှာ ကင်မရာ ဟမ်းဖုန်းတလုံး နဲ့ အလုပ်ရှုပ်နေသော ကောင်းစေ ...
 



သူ က ကိုယ့်ကို ရိုက်


ကိုယ်က သူကို ပြန်ရိုက်


အပြန်အလှန် ဓာတ်ပုံရိုက်နေကြတာ။



CT မှာတော့ မနက်ဖြန် ညနေကနေ စပီး Sunday မနက် ၈ နာရီ အထိ နှင်းမိုး မုန်တိုင်းရွာမယ်လို့ weather alert ပေးပါတယ်။

နှင်းထုက 9.5 လက်မလောက်ရှိတယ်။

source : http://www.accuweather.com/us/ct/weatogue/06089/forecast-details.asp?fday=2

2 comments :

QuuTe said...

ဟဲဟဲ တကွက် မကျော်နဲ့လေ မမ ရဲ့
သူက ကိုယ့်ကို ရိုက်
ကိုယ်က သူ့ကို ပြန်ရိုက် ....အဲဒီ့မှာ မှားနေတယ် ကျန်လုပ်ပေးးးးးးးးးး ဟီးဟီး :P ..ဒါမှမဟုတ် ...မမနန္ဒာ .........သားသားကောင်းစေရဲ့ ကင်မရာ အယူအဆရိုက်ချက်တွေ ကိုများ မယှဉ်နိုင်လို့လား :P

Thet Nandar Family said...

Quu Te ....

ဟုတ်ပါ့ ...
သားသား ကောင်းစေရဲ့ ကင်မရာ ရိုက်ချက်ကို လိုက်မမှီလို့ ....
ကိုယ်က သူ့ကို ပြန်ရိုက်တဲ့ ပုံ မထည့်တော့တာပါ။
ဟီး ဟီး