Wednesday, October 5, 2011

မလေး ဒန်ပေါက်


မလေး - ကြက်အသဲအမြစ် ဒန်ပေါက်
 


ဒီ တံဆိပ် နဲ့ ချက်ထားတာပါ။
 

  
ဒီ ချက်နည်း အညွန်း အတိုင်းပဲ ချက်ထားတယ်။





၁။ ကြက်ပေါင် ၂ တုံး ၊ ကြက်အသဲအမြစ် ၄ တွဲ နီးပါးလောက်ကို နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း တို့ နှင့် အတူ မလေး ဒန်ပေါက် မဆာလာ ၂ ဇွန်း ထည့်နှယ် ပီး ( ၁ ) နာရီလောက် နှပ်ထားလိုက်ပါတယ်။


(၂) ဟင်းချက်အိုးထဲမှာ ရေကို ခွက် တ၀က်လောက် ထည့်ပီး နှပ်ထားတဲ့ ကြက်သားတွေကို မီးမြေးမြေး နဲ့ ပဲ ရေခန်းတဲ့ အထိ ပြုတ်လိုက်တယ်။


(၃) ကြော်မယ့်အိုးထဲမှာ Ghee ၃ ဇွန်းလောက် ထည့်ပီး ပြုတ်ထားသော ကြက်သားများကို မီးပြင်းပြင်းနဲ့ ပဲ ကြော်ထားလိုက်တယ်။



Ghee ပုလင်း အသေးကို ဒီမှာ ၄ ကျပ်နီးပါး


(၄) ဒယ်အိုးထဲမှာ Ghee ၅ ဇွန်းလောက် ထည့်ပီး ပါးပါးလှီးထားသော ကြက်သွန်နီများကို အရင်ကြော်ပီးမှ ပျဉ်တော်သိမ်ရွက် (Curry leave) ကို ထည့်ကြော်၊ ငရုတ်သီးတောင့်ကို ထည့်၊ မလေး မဆာလာ ( ၁ ) ဇွန်း လောက် ထပ်ထည့် ပီးမှ စိမ်ထားသော မန်းကျည်းမှည့်ရည်များ ခွက်တခွက်စာ လောင်းထည့်။  မိနစ် အနည်းငယ်လောက် မွှေပေး ထားလိုက်တယ်။



Ghee ဖြင့် ကြော်ထားသော ကြက်သွန်ကြော် နှင့် ပျဉ်တော်သိမ်ရွက် (curry leave) ကြော်
 

  
Ghee ထောပတ် အနှစ် နှင့် မန်းကျည်းမှည့် အနှစ် ။ မဆာလာ ဟင်း အနှစ်

(၅) ဟင်းအနှစ် ရတာနဲ့ ကြော်ထားသော ကြက်သားများကို ထည့်တယ်။ ရေ ၁ခွက်လောက် ထည့်ပီး မိနစ် အနည်းငယ်လောက် ချက်ထားလိုက်တယ်။

သခွားသီး သေးသေးကို ထက်ခြမ်း ( D ) ပုံစံ လှီးထားတာပါ ချက်နည်း အညွန်းမှာ ထည့်တယ်။  
(အိမ်မှာတော့ သခွါးသီး မထည့်တော့ပါဘူး။ အချဉ်ကျမှ သခွါးသီး ထည့်တော့မယ်)


(၆) ရေနွေး ပွက်ပွက်ဆူ ထဲမှာ ဆန်ချိန်ခွက် နဲ့ Jasmine rice ( ဒန်ပေါက်ဆန် - basmati rice မ၀ယ်ရသေး) ဆန် ၃ ခွက် ရေဆေးပီးထည့်၊ ဆား ၂ ဇွန်း၊ ဖာလာစေ့ ၄ စေ့၊ ထည့်ပီး ၁၂ မိနစ် ကျော်လောက် အပေါ်က ဓာတ်ပုံ အနေအထားလောက် ချက်ထားလိုက်ပါတယ်။


ဇကာ နှင့် ထမင်းရည် စစ်ထားလိုက်ပါတယ်။
 


oven foil ထဲမှာ ပထမ တလွှာ ထမင်းများကို ဖြန့် လိုက်ပါတယ်။


ဒုတိယ တလွှာ ကြက်သား ဟင်း နှင့် ဟင်း အနှစ်များကို ဖြန့်လိုက်ပါတယ်။


တတိယ တလွှာ ထမင်းများကို ထပ် ဖုံး လိုက်ပီး
 


oven foil roll ဖြင့် လုံနေအောင် ပိတ်


oven ထဲ ထည့်


မနှပ် တနှပ် ထမင်း နှင့် ကြက်သားဟင်းများကို oven ဖြင့် အပေါ်မီး အောက်မီး 350 ºF အပူပေးထားပီး


နာရီဝက်လောက် ဆိုရင် ပူပူနွေးနွေး မလေး ဒန်ပေါက် ကို ရရှိပါပီ။


ပူစီနံ၊ သခွါးသီး၊ ကြက်သွန်နီ၊ သံပုရာသီး၊ ဆား


သူ့ အရသာက ဂီးထောပတ် အနံ အရသာ ဒန်ပေါက်ကို မန်းကျည်းသီး ဟင်းအနှစ် က အအီ ထိန်းပေးသွားပီး ငရုတ်သီးတောင့်များ ပါသောကြောင့် မအီအောင် အစပ်လေး နည်းနည်း နဲ့ ထိန်းပေးသွားတာမို့ မလေး ဒန်ပေါက် အရသာလည်း စားလို့ ကောင်းပါတယ်။

 
ဒန်ပေါက် ထဲ ချက်နည်း အညွှန်း ဖတ်ကြည့်ရင်း မန်းကျည်းမှည့်ရည် ထည့်ချက်တယ် ဆိုလို့ စပျစ်သီးခြောက်များ၊ သီဟိုစေ့များ ၊ မုန်လာဥနီများ မထည့်လိုက်မိဘူး။


သီဟိုစေ့ လောက် ထည့်ချက် လည်း စားကောင်းပါတယ်။



ကရဝေးရွက်ကို ထည့်မချက်ပဲ curry leave ကို ထည့်ချက်တာလည်း တမျိုး အရသာပဲ။

ဆန်ကို ဖာလာစေ့ နဲ့ မနှပ်တနပ် ချက်ထားမှ ထမင်းရဲ့ အရသာမှာ ဒန်ပေါက် အရသာဝင်နေမှာပါ။
 

ဒန်ပေါက် မအီအောင် ၊ ခံတွင်းလိုက်အောင် ချက်သော အစပ်ကို ငရုတ်ကောင်းစေ့ နှင့် မဟုတ်ပဲ ငရုတ်သီးစိမ်းတောင့် နဲ့ ချက်တော့လည်း စားကောင်းပါတယ်။


 
ငရုတ်ကောင်းက ည အိပ်ခါနီး စားရင် ရင်ပူတယ်။


ငရုတ်သီးစိမ်းက ဒီလောက် ပမာဏ ဆိုရင် ဘာမှ မဖြစ်ပါဘူး။

မှတ်ချက် အနေနဲ့ မလေး ဒန်ပေါက်ကို ကိုယ့်ဘာသာ ကိုယ် ချက်ပီး အရမ်း စားကောင်းပါကြောင်း ပြောကြားလိုပါတယ်ရှင်။ :D



 ကြက်အသဲအမြစ် မလေး ဒန်ပေါက်

  
ကြက်အသဲအမြစ် မလေး ဒန်ပေါက်၊ လက်ဆောင်ရသော ငါးခြောက်ထောင်းကြော်၊ အချဉ်


သရက်သီးသနပ်


အရင်ပိုစ့် ....


ကြက်သား ဒန်ပေါက်
ပုစွန် ဒန်ပေါက်
နယူးယောက်မှ ၀ယ်စားသော ဒန်ပေါက်

3 comments :

san htun said...

မလေးဒံပေါက် လာတီးသွားတယ်...

AH said...

အရမ်းစားလို့ ကောင်းမယ့် ဒန်ပေါက်လေးပါလား အစ်မရေ... အားပေးသွားပါတယ်။

Thet Nandar Family said...

San Htun ...

AH ...

Thank You နော်။

$$$$$$_______________________________$$$$$
__$$$$$$$$*_____________________,,$...$$$$$$$*
___$$$$$$$$$$,,_______________,,$$$$$$$$$$*
____$$$$$$$$$$$$___ ________$$$$$$$$$$$$
____$$$$$$$$$$$$$,_’.____.’_,,$$$$$$$$$$$$$
____$$$$$$$$$$$$$$,, ‘.__,’_$$$$$$$$$$$$$$$
____$$$$$$$$$$$$$$$$.@:.$$$$$$$$$$$$$$$$
______***$$$$$$$$$$$@@$$$$$$$$$$$****
__________,,,__*$$$$$$@.$$$$$$,,,,,,
_____,,$$$$$$$$$$$$$* @ *$$$$$$$$$$$$,,,
____*$$$$$$$$$$$$$*_@@_*$$$$$$$$$$$$$
___,,*$$$$$$$$$$$$$__.@.__*$$$$$$$$$$$$$,,
_,,*___*$$$$$$$$$$$___*___*$$$$$$$$$$*__ *’,,
*____,,*$$$$$$$$$$_________$$$$$$$$$$*,,____*
______,;$*$,$$**’____________**’$$***,,
____,;’*___’_.*__________________*___ ‘*,,
,,,,.;*____________—____________ _ ____ ‘**,,,,